Thursday, 24 November 2011
Tuesday, 22 November 2011
အချစ်နဲ့နားလည်မှု
သင့်ကို နားလည်မှုပေးနိုင်သူတစ်ယောက်က အချင်းချင်း စိတ်လက်ချမ်းသာစေတဲ့အချစ်ကို သယ်ဆောင်ပေးလာနိုင်သတဲ့။
သင့်ကို နားလည်မှုမပေးနိုင်သူတစ်ယောက်က နောက်ဆုံးမှာ သင့်ကိုဆင်ခြေတွေးတောစရာ တစ်ခုပေးပါသတဲ့။ အဲဒီတွေးတောစရာက "လူ့ဘဝမှာ "နားလည်မှုရှိတာ"ဟာ "ချစ်တာ"ထက် ပိုအရေးပါတယ်" ဆိုတာပဲဖြစ်တယ်။
"သင့်ကိုနားလည်တဲ့သူ ချစ်ပါစေ"ဆိုတဲ့ သီချင်းဟောင်းတစ်ပုဒ်မှာ သီချင်းစာသားတစ်ခုက..... "ချစ်ကြိုက်တယ်ဆိုတာ တစ်ဘက်သားရဲ့ နေထိုင်မှုထဲဝင်ရုံတင်မဟုတ်ဘူး.. အချင်းချင်းရဲ့ဘဝထဲ ပိုဝင်နိုင်ရမယ်"လို့ ဆိုထားပါတယ်။ "အချစ်"ရဲ့ အမြင့်ဆုံးအဆင့်က "နားလည်မှု"ဖြစ်တယ်။
"နားလည်တာလား! ချစ်တာလား!"ဆိုတာကို လူတွေက ရွေးချယ်မှုပုစ္ဆာအဖြင့် သဘောထားပြီး လူအများက "ချစ်တယ်"ဆိုတာကို ရွေးချယ်တတ်ကြတယ်။ နားလည်တာထက် ချစ်ရတာဟာ လူကို ပိုကြည်နူးစေတယ်လို့ သူတို့ထင်ကြလို့ဖြစ်တယ်။
တကယ်တမ်းတော့ ဒီလိုမဟုတ်ခဲ့ပါဘူး...

Monday, 21 November 2011
ခင်ပွန်းရဲ့ချစ်သူ
ခေါင်းစဉ်ကိုကြည့်တာနဲ့ အိမ်ထောင်ရေးဇာတ်၊ သုံးပွင့်ဆိုင်ဇာတ် ဖြစ်မယ်ဆိုတာ လူတိုင်းသိပါတယ်။ ဒီလိုပါပဲ... ဘယ်အရာမှ မတည်မြဲတဲ့ လောကကြီးမှာ စိတ်များ၊ သံယောဇဉ်တွေပွါးပြီး တစ်ဦးထက် ပိုချစ်မိ၊ ပိုတွယ်တာမိတတ်သူတွေ ရှိတတ်ကြတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ ဒီလို ကြုံတွေ့နေတာတွေ တွေ့ဖူး၊ မြင်ဖူး၊ ကြားဖူးကြသလို ကိုယ်တိုင် ခံစားနေရသူတွေလည်း ရှိကြမှာပါ။ လှည့်စားတတ်တဲ့ ကံကြမ္မာကြောင့် ဒီလိုအဖြစ်မျိုး ကိုယ်တိုင် မကြုံနိုင်ဘူးလို့လည်း တစ်ထစ်ချ ပြောလို့မရပါဘူး။ အချစ်မှာ နောက်တစ်ယောက်ပိုလာရင် ခံစားရသူတွေက နှစ်ယောက်ထက် မကပါဘူး။
ဖတ်မိတဲ့ “ခင်ပွန်းရဲ့ချစ်သူ” ကို ဘာသာပြန် မျှဝေလိုက်ပါတယ်။ ဖတ်ရလွယ်အောင် နာမည်တွေကို ပြောင်းလဲရေးသားထားတဲ့အတွက် တိုက်ဆိုင်မှုရှိရင် ခွင့်လွတ်ကြပါလို့....
“ခင်ပွန်းရဲ့ချစ်သူ”
လှည့်စားတတ်တဲ့ ကံကြမ္မာက သူ့ကို ကစားနည်းတစ်မျိုးနဲ့ ကျီစားခဲ့တယ်။ အခုအချိန်မှာ ခင်ပွန်းရဲ့ချစ်သူက သူ့ရှေ့ ခွဲစိပ်ကုတင်ပေါ် ရောက်နေခဲ့ပါပြီ။ ဒီမိန်းမကြောင့် ခင်ပွန်းက သူ့ကို ခွဲသွားခဲ့တယ်။ အခုမျက်စိရှေ့က ဒီမိန်းမကို သူအရမ်း မုန်းခဲ့မိတယ်......
စစစစစစစစစစစစစစစစစ စစစစစစစစစစစစစစစစစစစစစ
ဝတ်စုံဖြူဝတ် နတ်သမီးတွေမှာလည်း လူ့ဒုက္ခတွေ ခံစားရတဲ့ အချိန်ရှိပါတယ်။
၂ဝဝ၂ ခုနှစ် နိုဝင်ဘာလရဲ့ ဆောင်းညတစ်ည... မြောက်အရပ်မှာ ဒီဆောင်းရဲ့ ပထမဆုံးအကြိမ် နှင်းတွေ ကျနေခဲ့တယ်။ အသက် ၃ဝကျော် သားဖွားမီးယပ်ဆရာဝန် ယွန်းက ဒီညမှာ နိုက်ဂျူတီကျတယ်။ ရုတ်တရက် အရေးပေါ် လူနာတစ်ဦးကို ၁၁ဝ က ပို့လာတဲ့သတင်း သူရလိုက်တယ်။
လူနာက လှေကားပေါ်က ပြုတ်ကျပြီး ထိခိုက်ဒဏ်ရာရခဲ့တဲ့ ကိုယ်ဝန်သည်တစ်ဦးဖြစ်တယ်။ ဒဏ်ရာပြင်းထန်ပြီး ဗိုက်ထဲက ကလေးကိုပါ ထိခိုက်ခဲ့တယ်။ မိခင်ရော ကလေးပါ အသက်အန္တရာယ် စိုးရိမ်ရလို့ ချက်ချင်း ခွဲစိတ်မှုတွေ ပြုလုပ်ခဲ့တယ်။ ခွဲစိပ်ဖို့အတွက် အလျှင်အမြန် ပြင်ဆင်ပြီး အရေးပေါ်ခန်းထဲ ဒေါက်တာယွန်း ဝင်လိုက်တယ်။ အခန်းထဲအရောက် လူနာအမျိုးသမီးရဲ့ မျက်နှာကို မြင်လိုက်တာနဲ့ သူ့ရဲ့သွေးခုန်နှုန်းဟာ ငယ်ထိပ်အထိ ထိုးတက်ခဲ့တယ်။ မျက်စိရှေ့က အရာအားလုံးကို အိပ်မက်တွေလားလို့ ထင်မိတယ်။ ဒါပေမယ့် ဒါတွေဟာ အိပ်မက်မဟုတ်ဘူး....

Friday, 18 November 2011
ကျွန်မဖတ်ဖို့ (၁ဝ)
၁)
ချစ်ခြင်းမေတ္တာရှိမှ ဒီကမ္ဘာကြီး ပိုလုံးဝန်းမယ်။
ချစ်ခြင်းမေတ္တာရှိမှ ထူးဆန်းအံ့သြမှုတွေကို ဖန်တီးနိုင်မယ်။
တခြားလူရဲ့ ကောင်းကွက်ကိုမြင်မှ ကိုယ့်ရဲ့ကောင်းကွက်ကို မြှင့်တင်နိုင်မယ်။
တခြားလူကို အကောင်းပြောမှ သူနဲ့ကိုယ့်ကြားက ဆက်ဆံရေးတွေ ပိုကောင်းနိုင်မယ်။
ချစ်ခြင်းမေတ္တာက အရာအားလုံးရဲ့ မောင်းနှင်အားဖြစ်တယ်။
၂)
ဘာဖြစ်လို့ စိတ်တို ဒေါသထွက်ရသလဲ? ကားကြပ်လို့? တန်းစီလက်မှတ် ဝယ်ရလို့? သူငယ်ချင်းတွေနဲ့ ငြင်းခုန်လို့? အရောင်းစာရေးမ အချိုးမပြေလို့?
စိတ်တိုဒေါသ မထွက်ခင် ဘယ်အရာတွေကမှ တကယ့်စိတ်တိုဒေါသ ထွက်သင့်တဲ့ အရာလဲဆိုတာ စဉ်းစားကြည့်ပါ။ ဥပမာ- လူမမယ်ကလေးတွေ ညှင်းပမ်းနိုက်စက်ခံရတာ၊ ပြည်သူလူထု ဆင်းရဲငတ်ပြတ်တာ၊ စစ်ပွဲနဲ့ မငြိမ်းချမ်းမှု.... စတာတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် အထက်က အရာတွေနဲ့ ကိုယ်ဒေါသထွက်ဖို့ မသင့်ပါဘူး။ ဒေါသထွက်သင့်တဲ့အရာပေါ် ကိုယ့်ဒေါသစိတ်တွေ မကျရောက်ခင် ဒီလိုအခြေအနေအတွက် ကိုယ်ဘာများ လုပ်ပေးနိုင်မလဲလို့ အရင်စဉ်းစားပါ။
၃)
နေ့စဉ်လူ့ဘဝကို သနားကြင်နာခြင်းတွေနဲ့ လှည့်ပတ်နေသင့်တယ်။
လူ့ဘဝ တစ်ခါပဲ ရနိုင်ပါတယ်။ တစ်ထောက်နားတာ ပိုရှည်တဲ့ ဘဝခရီးကို လျှောက်လှမ်းဖို့ပါ။
ကိုယ့်ဘဝ အနားယူချိန် မရှိဘူးလို့ မငြီးငြူပါနဲ့။
တစ်လမှာ တစ်ရက်လောက် စိတ်ရောကိုယ်ပါ အနားယူဖို့ ကိုယ့်ကိုအားလပ်ချိန်ပေးပါ။
၎)
တစ်ချို့က အလုပ်လုပ်ဖို့အတွက် အသက်ရှင်တယ်။
တစ်ချို့က စိတ်ကူးအိပ်မက်ကြောင့် အသက်ရှင်တယ်။
တစ်ချို့က ငါဘာလို့ အသက်ရှင်နေရလဲဆိုတဲ့ အဖြေကိုရှာရင်း အသက်ရှင်တယ်။
တစ်ချို့က သတ္တိနဲ့ အသိဥာဏ်ကိုမှီပြီး အသက်ရှင်တယ်။
၅)
လူ့ဘဝရဲ့ အကြီးမားဆုံး ဖိအားက စိတ်ဖိအားပဲဖြစ်တယ်။
ကိစ္စတစ်ခုကို ကိုယ်လုပ်နိုင်တယ်၊ လုပ်သင့်တယ်လို့ ကိုယ့်ကို ယုံကြည်တဲ့အချိန် တောင်တောင်မြောက်မြောက် စဉ်းစားမနေပါနဲ့။ ကိုယ့်စိတ်ကို ဖိအားမပေးဘဲ လုပ်လိုက်ရင် ဒါဟာ ကောင်းသောအစပျိုးခြင်း ဖြစ်လိမ့်မယ်။ နောက်ဆုံးမှာ ကိစ္စတွေက ကိုယ်ထင်သလောက် မခက်ခဲဘူးဆိုတာ သိရလိမ့်မယ်။

Thursday, 17 November 2011
ကျွန်မဖတ်ဖို့ (၈)
၁) ငါတို့ကြားမှာ ခြေလှမ်း ၁ဝဝဝ ကွာဝေးခဲ့ရင်
ငါ့ဖက်ကို နင်ခြေတစ်လှမ်း စလှမ်းပါ
ကျန်တဲ့ ၉၉၉လှမ်းနဲ့ နင့်ဖက်ကို ငါလှမ်းခဲ့ပါ့မယ်။
၂) မေတ္တာစစ်ကို ပေးမှ မေတ္တာစစ်ကို ပြန်ရမယ်။ ဒါပေမယ့် နာကျင်မှုတော့ ရှိမှာပဲ။
တစ်ယောက်နဲ့တစ်ယောက်ကြားမှာ အကွာအဝေးတစ်ခု ချန်ထားရင်
ကိုယ့်ကိုယ်ကို ကာကွယ်ရာရောက်ပေမယ့် အထီးကျန်မှုကိုတော့ ခံစားရမှာပဲ။
၃) တစ်ခါတလေမှာ တစ်ဖက်လူက ကိုယ့်ကိုယ် ဂရုမစိုက်၊ အလေးမထားတာ မဟုတ်ပါဘူး။
ကိုယ်ဖက်က လိုချင်တာတွေ များသွားလို့ပါ။
၎) Believe ဆိုတဲ့ စကားလုံးကြားမှာတောင် lie ဆိုတဲ့ စာလုံးကို ဝှက်ထားသေးတယ်။
၅) ၁ဝဝ% ပြည့်တဲ့ ကြင်ဖော်ဆိုတာ မရှိပါဘူး။
၅ဝ% ရှိတဲ့ လူနှစ်ဦးပေါင်းစပ်ထားတဲ့ ဘဝပဲ ရှိပါတယ်။၆) ကိုယ်နဲ့အတူ ငြင်းခုန်ရန်ဖြစ်ဖို့ ကျန်ရစ်ခဲ့သူသာလျှင် ကိုယ့်ကိုအမှန်တကယ် ချစ်တဲ့သူဖြစ်တယ်။
၇) ကိုယ်စိတ်ညစ်လို့ သူပျော်ရင် အဲဒါ ရန်သူတဲ့။
ကိုယ်ပျော်လို့ သူပျော်ရင် အဲဒါ သူငယ်ချင်းတဲ့။
ကိုယ်စိတ်ညစ်လို့ သူစိတ်ညစ်ရင် အဲဒီလူတွေကို ကိုယ့်ရင်ဘတ်ထဲမှာ ထာဝရ သိမ်းထားလိုက်ပါ။
၈) အေးစက်တယ်၊ ဥပေက္ခာပြုတယ်ဆိုတာ တစ်ခါတလေမှာတော့ ရက်စက်တယ်လို့ ထင်မထားရဘူး။ နှစ်ဦးနှစ်ဖက် မထိခိုက်ဖို့ ကာကွယ်တဲ့ပစ္စည်းလို့ မှတ်ယူထားရမယ်။
၁ဝ) တကယ့်သူငယ်ချင်းဆိုတာ ကိုယ့်အကြောင်း၊ ကိုယ့်အခြေအနေကို သိနားလည် ပြီးသည့်တိုင် ကိုယ့်ကို ဆက်လက်နှစ်သက် နေသူဖြစ်တယ်။
အင်တာနက်ပေါ်မှာ ရှာဖွေပြီး ကျွန်မဖတ်ဖို့ကို နိုင်းနိုင်းစနေ ဖတ်သည်။

၉) တကယ့်သူငယ်ချင်းဆိုတာ အတူရှိနေပြီး ပြောမကုန်တဲ့ စကားတွေနဲ့ ဖောင်ဖွဲ့နေသူကို ဆိုလိုတာမဟုတ်ဘူး။ တကယ့်သူငယ်ချင်းဆိုတာ အတူရှိနေပြီး စကားတွေမပြောလည်း တစ်ယောက်ကို တစ်ယောက် နားလည်နေသူကို ဆိုလိုပါတယ်။
၁ဝ) တကယ့်သူငယ်ချင်းဆိုတာ ကိုယ့်အကြောင်း၊ ကိုယ့်အခြေအနေကို သိနားလည် ပြီးသည့်တိုင် ကိုယ့်ကို ဆက်လက်နှစ်သက် နေသူဖြစ်တယ်။
အင်တာနက်ပေါ်မှာ ရှာဖွေပြီး ကျွန်မဖတ်ဖို့ကို နိုင်းနိုင်းစနေ ဖတ်သည်။
ကျွန်မဖတ်ဖို့ (၇)
၁) သာမန်လူတွေက မကျေနပ်ကြောင်း မညည်းညူတတ်သလို မနာလိုစိတ်လဲ မရှိဘူး။
၂) တွေးပဲတွေးပြီး မလုပ်တာက လူညံ့၊ လုပ်ပဲလုပ်ပြီး မတွေးတာက မျက်ကန်း၊ တွေးပြီးမှ လုပ်တာက လူတော်
၃) ကိုယ့်မှာရှိရင် သူ့မှာ မရှိတာကို သတိရပါ။ ကိုယ့်မှာမရှိရင် သူ့မှာ ရှိရင်ရပြီလို့ တွေးပါ။
၎) အရာရာကို ရင်ဆိုင်ပါ။ ကြာလာရင် ရင်ဆိုင်ရမှာကို မကြောက်တော့ဘူး။ အရာရာကို လက်ခံကြည့်ပါ။ ကြာလာရင် ကျင့်သားရသွားပါလိမ့်မယ်။
၅) ကိုယ်ရှင်သန်နေတာ တစ်ပါးသူကို အောင်နိုင်ဖို့၊ သာလွန်ဖို့ မဟုတ်ဘူး။ လူတွေအတွက် အကျိုးရှိဖို့ဖြစ်တယ်။
၆) လူတွေ ကိုယ့်ကို မှားကြောင်းပြောရင် မဖြေရှင်းပါနဲ့။ ကိုယ်ဘယ်နားမှားလဲ? ဘယ်လို ပြုပြင်ရမလဲ?ဆိုတာကို မေးပါ။
၇) သိတိုင်း နားမလည်နိုင်ဘူး။ နားလည်တိုင်း မလုပ်နိုင်ဘူး။ လက်တွေ့လုပ်နိုင်မှ အမှန်တကယ်ဖြစ်တယ်။
၈) စိတ်ဓာတ်ကို မာမာထားပါ။ အပြင်ပန်း သဏ္ဍာန်ကို ပျော့ပျော့ပျောင်းပျောင်းထားပါ။
၉) ပြဿနာတိုင်း ဖြေရှင်းလို့ရတယ်။ အခက်အခဲတိုင်း ကျော်လွှားလို့ရတယ်။
၁ဝ) သင်ယူခြင်းက တစ်ခဏအတွက် မဟုတ်ဘူး။ တစ်ဘဝအတွက်ဖြစ်တယ်။ ဒါကြောင့် သင်ယူခြင်းမှာ မငြီးငွေ့ပါနဲ့။"ကျွန်မဖတ်ဖို့" မရေးတာကြာသွားပါပြီ။ "ကျွန်မဖတ်ဖို့"လေး ရေးပါအုန်းလို့ ပြောလာတဲ့အတွက် အင်တာနက်ပေါ် ဖတ်ဖူးတာလေးတွေ စုစည်းပြီး ရေးလိုက်ပါတယ်။ သိပြီးသား၊ ဖတ်ဖူးပြီးသားတွေ ဖြစ်မှာပါ။ ဒါပေမယ့်လည်း ကျွန်မဖတ်ဖို့ ရေးလိုက်ပါတယ်။
နိုင်းနိုင်းစနေ

မှ-www.99sanay.com
Wednesday, 16 November 2011
ကျွန်မဖတ်ဖို့(၆)
၁) စိတ်တိုဒေါသထွက်တဲ့အခါ မျက်စိကို မှိတ်ထားလိုက်ပါ။ အဆုတ် အနက်ရှိုင်းဆုံးထိ အသက် ခပ်ပြင်းပြင်းတစ်ချက် ရှုသွင်းပါ။
၂) ပြဿနာ သို့မဟုတ် စိတ်ညစ်စရာတွေနဲ့ ကြုံရတာဟာ ဘဝအတွက် အတွေ့အကြုံ ပိုရှိစေတယ်လို့ မှတ်ယူပါ။
၃) ပြဿနာ ကြီးကြီးနဲ့ ကြုံတဲ့အခါ စိတ်ကို ပိုလျော့ချပေးပါ။
၎) အသက်မှာလည်း ဒိတ်လွန်နေ့စွဲ ရှိပါတယ်။ ဒိတ်မလွန်ခင် လုပ်ချင်တာကို လုပ်လိုက်ပါ။
၅) အချစ်မှာ လွတ်လပ်ခွင့် ကိုယ်စီရှိရတယ်။
၆) အချစ်ရဲ့ သတ္တိက ဘာလဲ?
ကိုယ့်ရင်ခွင် ပြတင်းကို ကိုယ်ဆွဲဖွင့်လိုက်တာပဲ ဖြစ်တယ်။
၇) အချစ်ခံချင်ရင် အချစ်ခံထိုက်တဲ့လူ တစ်ယောက်ဖြစ်အောင် အရင်လုပ်ပါ။
လူတွေကို ချစ်ချင်ရင် ချစ်တတ်တဲ့ အရည်အချင်းရှိအောင် အရင်လုပ်ပါ။
၈) အချစ်က တန်ဖိုးကြီးရှားပါးတဲ့ ချောကလက်နဲ့တူတယ်။
လတ်ဆတ်ချိန် မပုပ်မသိုးခင်မှာ ချိုမြိန်တဲ့ အရသာကို ခံစားပါ။
၉) အဆက်အသွယ် ပြတ်နေတာ ကြာပြီဖြစ်တဲ့ သူငယ်ချင်းကို ရုတ်တစ်ရက် သတိရလိုက်မိရင် ချက်ချင်း ဖုန်းဆက်လိုက်ပါ။ သူလည်း ကိုယ့်ကို သတိရနေတဲ့အချိန် ဖြစ်နေလိမ့်မယ်။
နိုင်းနိုင်းစနေ

ကျွန်မဖတ်ဖို့ (၅)
၁) တစ်ပါးသူဟာ ဘယ်လောက်ပဲဆိုးနေပါစေ၊ ကိုယ့်ကိုယ် နာကျင်အောင်လုပ်ခဲ့ပါစေ သူ့ကို ခွင့်လွတ်တတ်ရမယ်။ လက်လွတ်တတ်ရမယ်။ ဒါမှ တကယ့်ပျော်ရွှင်မှုကို ကိုယ်ကရနိုင်မှာဖြစ်တယ်။
၂) ပျော်ရွှင်ချိန်မှာ ဒီပျော်ရွှင်မှုဟာ ထာဝရမဟုတ်ဘူးဆိုတာ နားလည်ထားရသလို စိတ်ပျက် အားငယ်ချိန်မှာလည်း ဒီအားငယ်မှုတွေဟာ အမြဲတမ်းမဟုတ်ဘူးလို့ နားလည်ရမယ်။
၃) ဒီနေ့ရဲ့ တစ်ဇွတ်ထိုးက မနက်ဖြန်အတွက် နောင်တကို ဖြစ်စေတယ်။
၎) စကားတစ်ခွန်းတည်းနဲ့ လူတစ်ယောက်ရဲ့ဘဝကိုပျက်စီးစေနိုင်တယ်။ စကားအခွန်းတစ်ထောင်သုံးမှ လူတစ်ယောက်ကို ပြုစုပျိုးထောင်နိုင်တယ်။ ဒါကြောင့် သင့်ပါးစပ်ဖျားမှာ ကိုယ်ချင်းစာတရားကို ချိတ်ဆွဲထားပါ။
၅) ကိုယ့်ရဲ့ အသိဥာဏ်ပညာကြားမှာ စိတ်ကြီးဝင်တဲ့ ပေါင်းမြက်တွေ စိုက်ပျိုးမထားပါနဲ့။ ကိုယ့်ရဲ့ မဝင့်ဝါတဲ့စိတ်ကြောင့် အသိဥာဏ်တွေ မယုတ်လျော့သွားစေနဲ့။
၆) သူ့ကို မနာလိုဖြစ်တိုင်း ကိုယ့်အတွက် ဘာကောင်းကျိုးမှ မဖြစ်စေဘူး။ သူ့ကို မနာလိုဖြစ်တိုင်း သူ့အောင်မြင်မှုတွေ လျှော့သွားမှာ မဟုတ်ဘူး။
၇) အခွင့်အရေးကို ဖန်တီးသူဟာ ထက်မြက်သူ
အခွင့်အရေးကို စောင့်မျှော်သူဟာ တုံးအသူ
၈) သူတစ်ပါးရဲ့ အထင်အမြင်ကို အရင်နားထောင်ပါ။
ကိုယ့်အယူအဆကို ထုတ်ပြောဖို့ မလောပါနဲ့။
၉) ပုလင်းချင်းအတူတူ ဘာကြောင့် ကိုယ့်ပုလင်းထဲ အဆိပ်တွေထည့်ရမှာလဲ?
ခံစားတတ်တဲ့ စိတ်ချင်းအတူတူ ဘာကြောင့် ကိုယ့်စိတ်ထဲ မပျော်ရွှင်တာတွေ ထည့်ရမှာလဲ?
၁ဝ) ကိုယ့်ကိုယ်ကို ရိုးသားမှုရှိလာတဲ့အခါ လောကမှာ ဘယ်သူ့မှ ကိုယ့်ကိုလိမ်ညာလို့ မရနိုင်တော့ဘူး။
၁၁) သူတစ်ပါးကို ထိခိုက်နာကျင်မှုမျိုးနဲ့ ကိုယ့်အပြစ်၊ ကိုယ့်ဆိုးကျိုးကို ဖုံးကွယ်တတ်တဲ့လူလောက် ရှက်ဖို့ကောင်းတာ မရှိဘူး။
၁၂) လောကမှာ ဘယ်တော့မှ သွားပုပ်လေလွှင့် အပြောမခံရတဲ့လူ မရှိသလို အမြဲတမ်း အချီးကျူးခံနေရသူလည်း မရှိဘူး။ ကိုယ်စကားများရင် အပြစ်ပြောမယ်၊ ကိုယ်စကားနည်းရင်လည်း အပြစ်ပြောမယ်၊ ကိုယ်စကားလုံးဝ မပြောဘဲ ဆိတ်ဆိတ်နေရင်လည်း အပြစ်ပြောမယ်။ ဒါကြောင့် ဒီလောကမှာ မပြောမခံရတဲ့လူဆိုတာ မရှိဘူး။
၁၃) ဆိတ်ဆိတ်နေခြင်းဟာ မဟုတ်မမှန် သွားပုပ်လေလွှင့် သတင်းတွေအတွက် အကောင်းဆုံး အဖြေဖြစ်တယ်။
၁၄) လူတွေက ကိုယ့်ကိုကြောက်တယ် ဒါ ဂုဏ်ယူစရာမဟုတ်ဘူး။
လူတွေက ကိုယ့်ကိုနှိမ်တယ် ဒါ ရှက်စရာမဟုတ်ဘူး။
၁၅) တစ်ခြားသူက ကိုယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စေတာ မဟုတ်ဘူး။ ကိုယ့်က တစ်ခြားသူရဲ့ စကားကိုယူပြီး ကိုယ့်ကိုယ်ကို စိတ်အနှောင့်အယှက်ပေးနေတာ။နိုင်းနိုင်းစနေ

Tuesday, 15 November 2011
ကျွန်မဖတ်ဖို့ (၄)
ဖြစ်ချင်တာတွေ ဖြစ်မလာတဲ့အခါ၊ လုပ်ချင်တာတွေ လုပ်ခွင့်မရတဲ့အခါ၊ လုပ်နေသမျှ အရာမရောက်တဲ့အခါ စိတ်ပန်း လူပန်းဖြစ်ပြီး စိတ်ဓာတ်တွေကျလာရင် ဒီလိုဟာမျိုးလေးတွေကို ကျွန်မ ဖတ်ပြီး စိတ်ဓာတ်စစ်ဆင်ရေး လုပ်ဖြစ်တယ်။ ကျွန်မလို တစ်ခုခု ခံစားနေရသူများအတွက် မျှဝေလိုက်ပါတယ်။
(၁) လူအများက လောကကြီးကို ပြောင်းလဲချင်ကြတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကို ပြောင်းလဲဖို့တော့ မေ့နေကြတယ်။
(၂) ပျော်ပျော်နေတတ်သူက ကျဆုံးခြင်းမှာ အခွင့်အရေးကို မြင်တယ်။ ပျော်ပျော်မနေတတ်သူက အခွင့်အရေးတိုင်းကို ကျဆုံးခြင်းလို့ မြင်တယ်။
(၃) ကျရှုံးမှုအတွက် ဆင်ခြင်မရှာလေနဲ့။ အောင်မြင်မှုအတွက် ကျိုးသင့် ကြောင်းသင့်ကိုရှာပါ။
(၄) အောင်မြင်သူတွေ အောင်မြင်ရခြင်းက ယုံကြည်မှုကို လက်ကိုင်ထားလို့ပဲ။
(၅) မျှော်လင့်ချက်မဲ့တဲ့ လောကဆိုတာ မရှိဘူး။ မျှော်လင့်ချက်မဲ့နေတဲ့ လူပဲရှိတယ်။
(၆) အကန့်အသတ် (လစ်မစ်) ဆိုတာ ကိုယ့်စိတ်ထဲက စတင်တာပဲဖြစ်တယ်။

Monday, 14 November 2011
ကျွန်မ ဖတ်ဖို့ ( ၃ )
(၇) “တောင်းပန်ပါတယ်” လို့ ဘယ်အချိန်မှာပဲပြောပြော တစ်ဖက်လူရဲ့ မျက်လုံးကို ကြည့်ပြီးမှ ပြောပါ။
(၈) ဘယ်အချိန်မှာပဲဖြစ်ဖြစ် ဖုန်းဆက်ရင် ဖုန်းပြောတဲ့အခါ ပြုံးရီပါ။ တစ်ဖက်လူ ခံစားမိနိုင် ပါတယ်။
(၉) ဘယ်အချိန်မှာပဲဖြစ်ဖြစ် ကိုယ့်အမှားကို သတိထားမိတဲ့အခါ ချက်ချင်းပြင်ပါ။ မြန်မြန် ဆန်ဆန် ပြုလုပ်ပါ။

(၁၀) စိတ်ရော ကိုယ်ပါနစ်ပြီး ချစ်ပါ။ နာကျင်တာကို ခံရင် ခံရလိုက်မယ်။ ဒါပေမယ့် ဒီအချစ်ဟာ ဘ၀ကို ပြည့်စုံစေတဲ့ နည်းတစ်ခုပဲ။
Sunday, 13 November 2011
ကျွန်မဖတ်ဖို့ (၂)
(၁) လမ်းစကိုတွေ့ပြီဆိုရင် ဘယ်လောက်ဝေးတဲ့ ခရီးပဲဖြစ်ဖြစ် လျှောက်ရမှာ မကြောက်တော့ ဘူး။
(၂) သစ်ပင်၏ ဦးတည်ရာကို လေက အဆုံးအဖြတ်ပေး၏။
လူ၏ ဦးတည်ရာကို ကိုယ့်ကိုယ်တိုင်က အဆုံးအဖြတ်ပေး၏။
(၃) ၀င်လေထွက်လေ ရှိနေသမျှ မျှော်လင့်ချက် ရှိနေဦးမည်။
(၄) အောင်မြင်ဖို့ရာ မလွယ်ကူပါ။ ထိုအောင်မြင်မှုကို ထိန်းသိမ်းရာ ပိုမလွယ်ကူပါ။
(၅) အသီးအပွင့်များဖြင့် ဝေဆာနေသော သစ်ပင်ကို လူတွေက ခဲနှင့်ပစ်ချချင်ကြသည်။
(၆) ဘ၀မြင့်ခြင်း၏ နောက်တွင် ကျဆုံးခြင်းရှိသည်။ စိတ်ကူးယဉ်သက်သက်၏ နောက်တွင် ဆုတ်ယုတ်ခြင်း ရှိသည်။ ခေါင်းငုံ့တတ်မှသာ ခေါင်းကို မတိုက်မိနိုင်။
(၇) ကိုယ့်ကိုဝေဖန်ခြင်းဖြင့် အခြားလူ၏ ယုံကြည်မှုကို ရရှိနိုင်သည်။ ကိုယ့်ဂုဏ်ကိုယ် ဖော်ခြင်းက မရနိုင်။
(၈) ကိုယ့်ကို မချစ်မနှစ်သက်တဲ့ လူကို လေးစားပါ။
(၉) သူ့နောက်ကွယ်မှာ သူ့ကောင်းကြောင်းကိုပဲ ပြောပါ။ အဲဒီစကား သူ့ နားဆီ မရောက်ဘူး ဆိုတာ လုံးဝ စိတ်ချပါ။
(၁၀) တစ်စုံတစ်ယောက်က ကိုယ့်ကို တစ်ခြားလူ မကောင်းကြောင်း လာပြောတဲ့အခါ ပြုံးပဲနေပါ။
(၁၁) တကယ်လို့ ရုပ်ဆိုးနေတယ်ဆိုရင် ကိုယ့်ကိုတော်အောင် လုပ်ပါ။ မတော်ခဲ့ဘူးဆိုရင် အမြဲပြုံးနေပါ။ ရုပ်ကြောင့် လူကို မမုန်းနိုင်ပါဘူး။
(၁၂) စင်ပေါ်တက် သီချင်းဆိုသူတိုင်းကို လက်ခုပ်တီးပေးပါ။
(၁၃) အချို့ကိစ္စမှာ သိရက်နှင့် မေးသင့်သည်။ ဥပမာ.... လက်စွပ်လေးက သိပ်တန်ဖိုးရှိမှာပဲနော်။ အချို့ကိစ္စမှာ မေးချင်သော်လည်း မမေးသင့်ပေ။ ဥပမာ.. အသက်ဘယ်လောက်ရှိပြီလဲ။
(၁၄) စကားများတော့ အမှားများသည်။ လူများသောနေရာတွင် စကားကို နည်းနည်းပဲ ပြောပါ။
(၁၅) “မ”သိဘူး၊ “မ”လုပ်ဘူး၊ “မ”ရဘူး၊ “မ”တတ်ဘူး ဆိုတဲ့ “မ”နေရာမှာ “ကြိုးစားကြည့်မယ်” “သိပ်မသေချာဘူး” “အချိန်အနည်းငယ်ပေးပါ” “ဆုံးဖြတ်ပြီးမှ အကြောင်းပြန်လိုက်မယ်” လို့ ပြောင်းသုံးကြည့်ပါ။
ဟိုတစ ဒီတစ ကြိုက်နှစ်သက်သည်များကို ကောက်စု ဘာသာပြန် ခံစားသည်။

Saturday, 12 November 2011
ကျွန်မ ဖတ်ဖို့ (၁)
.
(၁၆) အရာရာကို အောင်နိုင်တယ်ဆိုတာ ကိုယ့်ကိုယ်ကို အောင်နိုင်တာနဲ့ နိုင်းရင် မဖြစ်စလောက်လေးပါ။
(၁၇) အရာရာကို ဆုံးရှုံးတယ်ဆိုတာ ကိုယ့်ကိုယ်ကို ဆုံးရှုံးတဲ့ အရှုံးနဲ့ နိုင်းရင် မဖြစ်စလောက်လေးပါ။
(၁၈) ဦးတည်ရာ မပျောက်ခဲ့ရင် ကိုယ့်ကိုယ်ကို မဆုံးရှုံးတော့ဘူး။
(၁၉) နေ့သစ်ကိုကြိုတဲ့ သီချင်းတွေ ဆိုခဲ့ဖူးရင် အမှောင်ကိုလဲ ပွေ့ဖက်ရဲရမယ်။
(၂၀) ပျံသန်းနိုင်တဲ့ အချိန်မှာ ပျံသန်းခြင်းကို လက်မလွှတ်ပါနဲ့။
အိပ်မက် မက်နိုင်တဲ့ အချိန်မှာ အိပ်မက်ကို လက်မလွှတ်ပါနဲ့။
အချစ်ကို ခံစားမိတဲ့ အချိန်မှာ အချစ်ကို လက်မလွှတ်ပါနဲ့။
ဘ၀ဆိုတာ တိုတောင်းလွန်းပါတယ်။ ဒီနေ့ လက်လွှတ်လိုက်ရင် မနက်ဖြန် ပြန်ရမယ်လို့ မပြောနိုင်ပါဘူး။
(၂၁) လောကမှာ အပင်ပန်းဆုံးအရာဟာ မရေမရာနဲ့ ဘ၀ကို ဖြတ်သန်းနေခြင်းပါပဲ။
(၂၂) လူ့ဘ၀ရဲ့ အကြီးမားဆုံး အမှားဟာ “အမှားကိုများ လုပ်လိုက်မိပြီလား” လို့ အမြဲ စိုးရိမ်ပူပန်နေတဲ့ စိတ်ပါပဲ။
(၂၃) လုပ်မယ်၊ မလုပ်ဘူးဆိုတဲ့ ရွေးခြယ်မှု နှစ်ခုမှာ မလုပ်ဘူးဆိုတာကို ရွေးချယ်လိုက်ရင် သင့်အတွက် အခွင့်အရေးဆိုတာ ဘယ်တော့မှ ရှိလာမှာ မဟုတ်ဘူး။
(၂၄) လုံးဝ ပြီးပြည့်စုံတဲ့ သူငယ်ချင်းမျိုးကို သင်လိုချင်ရင် ဒီတသက် သင် သူငယ်ချင်းရှိတော့မှာ မဟုတ်ဘူး။
(၂၅) အမုန်းနောင်တ နည်းနည်းနဲ့ အတိတ်ကို ထားခဲ့ပါ။
ဖြုန်းတီးမှု နည်းနည်းနဲ့ ပစ္စုပ္ပန်မှာ နေထိုင်ပါ။
အိပ်မက် များများနဲ့ အနာဂတ်ကို ကြိုဆိုပါ။
(၂၆) ကိုယ့်ကို လူတုံး၊ လူအလို့ သဘောထားပြီး မသိတာရှိရင် မေးပါ။ ဒါမှ သင်များများတတ်မယ်။ (ပညာရှာပမာ သူဖုန်းစား)
(၂၇) နေရောင်ရှိတဲ့ ဘက်ကိုပဲ မျက်နှာမှုရင် အရိပ်ဆိုတာ ရှိတော့မှာ မဟုတ်ဘူး။
(၂၈) အရှုံးနဲ့ ရင်ဆိုင်ရမှာကို ကြောက်ပြီး မလုပ်ခဲ့ရင် အောင်မြင်မှုဆိုတာ ဘယ်တော့မှ ရှိတော့မှာ မဟုတ်ဘူး။
(၂၉) သတ္တိရှိတယ်ဆိုတိုင်း ကြောက်ရွံ့ခြင်း မရှိတာ မဟုတ်ပါဘူး။ ကြောက်ရွံ့ခြင်းကို ရင်ဆိုင်ရဲမှ၊ ဖြေရှင်းရဲမှ သတ္တိရှိတာပါ။
(၃၀) လူတွေ မသိမိုက်မဲတာကို ဘုရားသခင်က ဘယ်တော့မှ အပြစ်မယူခဲ့ဘူး။လူတွေကသာ ဘုရားသခင်ကို မသင့်မြတ်ဘူးလို့ ပြောကြတာပါ။
(၃၁) အရာဝတ္ထု တခုတိုင်းကို ရှုထောင့်ပေါင်းစုံ ဘက်ပေါင်းစုံကနေ ခံစားပါ။

Friday, 11 November 2011
ကျွန်မ ဖတ်ဖို့
.
(၁) “ငါ မဆိုးဘူး” လို့ ကိုယ့်ကို တနေ့တခါ ပြောပေးပါ။
(၂) ဒေါသထွက်တယ် ဆိုတာ တခြားလူရဲ့ အမှားကို ယူပြီး ကိုယ့်ကို အပြစ်ပေးနေတာပဲ။
(၃) ဘ၀မှာ သူငယ်ချင်းဆိုတာ မရှိရင် ဘ၀မှာ နေရောင်ခြည်ဆိုတာ မရှိဘူး။
(၄) မနက်ဖြန်အတွက် မျှော်လင့်ချက်ဟာ ဒီနေ့ရဲ့ နာကျင် ၀မ်းနည်းမှုကို မေ့စေတယ်။
(၅) အိပ်မက်၊ စိတ်ကူးနဲ့ အတွေးတွေ မရှိတဲ့ ဘ၀ဟာ အကိုင်း၊ အခက်၊ အရွက်မရှိတဲ့ သစ်ခြောက်ပင်နဲ့ တူတယ်။
(၆) နေကပဲ အလင်းဖြာနိုင်တာ မဟုတ်ပါဘူး။ ငါတို့လဲ အလင်း ဖြာနိုင်ပါတယ်။
(၇) ချစ်ခြင်းမေတ္တာနဲ့ တကမ္ဘာလုံးကို ပိုင်ဆိုင် စေနိုင်သလို အမုန်းရန်ငြိုးနဲ့ တစ်ကမ္ဘာလုံးကို ဆုံးရှုံးစေနိုင်တယ်။
(၈) လူ့တန်ဖိုး ဆိုတာ ဖြားယောင်း မြူဆွယ်ခံရတဲ့ တခဏမှာ အဆုံးအဖြတ်ပေးလိမ့်မယ်။
(၉) ကြင်နာမှု မရှိတဲ့ စကားလုံးတိုင်းဟာ အရသာ ကင်းမဲ့လှတယ်။
(၁၀) တခါခါ အချစ်ရဲ့ အင်အားဟာ အရာရာကို မေ့စေနိုင်အောင် ကြီးမားတယ်။ တခါခါ မနာလို ၀န်တိုမှုဆိုတဲ့ သဲလေး တပွင့်တောင် ၀င်မဆန့်နိုင်အောင် သေးငယ်တယ်။
(၁၁) ဘယ်အချိန်မှာ စတင်ခဲ့တာပဲ ဖြစ်ဖြစ် အရေးကြီးတာက စတင်ပြီးနောက် မရပ်နားဖို့ပါပဲ။ ဘယ်အချိန်မှာ အဆုံးသတ်တာပဲဖြစ်ဖြစ် အရေးကြီးတာက အဆုံးသတ်ပြီးနောက် နောင်တ မရဖို့ပါပဲ။
(၁၂) ပျင်းရိခြင်းသည် လူရဲ့ အသိဥာဏ်ကို သံချေး တက်စေပါတယ်။
(၁၃) ပျော်ရွှင်ခြင်း ဆိုတာကို မျှဝေတတ်ရမယ်။ ဒါမှ ပျော်ရွှင်ခြင်းတွေ ဆင့်ပွားလိမ့်မယ်။
(၁၄) လိမ်လည်မှုတွေထဲမှာ ကိုယ့်ကိုယ်ကို လိမ်တာဟာ အဆိုးဆုံးပဲ။
(၁၅) လူတွေဟာ လက်ရှိပိုင်ဆိုင်တဲ့ အရာကို မေ့ပြီး မရသေးတဲ့ အရာကိုမှပိုတန်ဖိုး ထားတတ်တယ်။
ဦးနှောက် သံချေးမတက်အောင် ဟိုတစ ဒီတစ ဖတ်ဖူးတာတွေကို ဘာသာပြန် စုစည်းထားတာပါ။ ကျွန်မနဲ့ အတူ ဖတ်ချင်တယ်ဆိုရင် ထပ်တင်ပါ့မယ်။
နိုင်းနိုင်းစနေ

Monday, 7 November 2011
Wednesday, 2 November 2011
တော်လှန်ရေး စာဆိုကြီး
ဆင်းရဲတော့ ကရုဏာ
ချမ်းသာတော့ ပီတိ။
အဖိုးအို မသေသေးခင်က
ကိုယ့်သွေးတွေ ကောင်းစေသောဟု
ဟောခဲ့ပေ၏။
ညီညွတ်တော့ စိတ်ကြည်
မညီတော့ စိတ်မော။
အဖိုးအို မသေသေးခင်က
တောင်ဝှေးကို အဖော်ပြုပါလို့
သွေးစည်းမှုဟော။
လိမ်မာတော့ အားမာန်
မိုက်ပြန်တော့ သနား။
အဖိုးအို မသေသေးခင်က
Subscribe to:
Posts (Atom)