ဆွေးနွေးတဲ့အကြောင်းအရာအပေါ်မှာ အယူအဆ တူချင်မှ တူနိုင်ကြပါလိမ့်မယ်။
အသိပညာကို ဖလှယ်ခြင်းအားဖြင့်လည်းကောင်း၊ အယူအဆများစွာမှ အမှန်တရားတခုကို
ဝိုင်းဝန်းစုပေါင်းရှာဖွေခြင်း အားဖြင့်လည်းကောင်း၊ မတူသောအယူအဆများစွာမှ
အကောင်းဆုံးဟုယူဆရနိုင်မည့်အယူ
ရွေးချယ်ခြင်းအားဖြင့်လည်းကောင်
အားဖြင့်လည်းကောင်း၊ စသည်အားဖြင့် ဆွေးနွေးလေ့ရှိကြပါတယ်။ ဘယ်အကြောင်းအရာပေါ်မှာ
ဆွေးနွေးကြသည်ဖြစ်စေ ဆွေးနွေးသူများဟာ အနိုင်ယူလိုစိတ်ကင်းရပါမယ်။ တဖက်ဆွေးနွေးသူများက
အထောက်အထားအပြည့်အစုံနဲ့ ဆွေးနွေးတင်ပြလာမှုကို လက်ခံနိုင်ရပါမယ်။ မိမိစွဲကိုင်ထားတဲ့ အယူအဆ
မှန်ကန်ကြောင်းကိုလည်း ကျိုးကြောင်းဆီလျော်စွာ ချက်ကျလက်ကျ ရှင်းပြနိုင်ရပါမယ်။
အကယ်၍ မိမိအယူအဆမှားယွင်းတိမ်းစောင်းေ
မှန်ကန်တဲ့အယူအဆကို လက်ခံရဲရပါမယ်။ တဖက်ဆွေးနွေးသူများအပေါ် ရန်လိုမှုကင်းပြီး အတ္တစိတ်ရှင်းရပါမယ်။
ကျနော့်အနေနဲ့ အဲဒါကို ဆွေးနွေးခြင်းလို့ နားလည်ထားပါတယ်။
ငြင်းခုံခြင်းကတော့ အတ္တစိတ်ကို အခြေခံပါတယ်။ မှန်တယ် မှားတယ်ဆိုတာ သိလိုမှုထက် မှန်သည်ဖြစ်စေ၊
မှားသည်ဖြစ်စေ ငါနိုင်ကိုနိုင်ရမယ်ဆိုတဲ့ စိတ်မျိုးပါ။ တဖက်လူရဲ့ ပြောဆိုသမျှကို သေချာနားလည်အောင်
နားမထောင်၊ မစဉ်းစား၊ မသုံးသပ်တော့ဘူး။ မိမိစွဲကိုင်ထားတဲ့ အယူအဆ မှန်လား မှားလားဆိုတာကိုလည်း
ဃဃဏဏ မသိဘူး။ မိမိရဲ့အယူအဆသာ ဒီပွဲမှာ အနိုင်ရရမယ်ဆိုတဲ့ စိတ်မျိုးနဲ့ စကားပြောကြသူအချင်းချင်း
အမနာပ ပြောကြမယ်။ တိုက်ခိုက်ကြမယ်။ ဘယ်သူပြောတာကိုမှ နားမ၀င်တော့ဘူး။ ဒီလို အတ္တနဲ့ယှဉ်တဲ့
စကားပြောပွဲမျိုးကို ငြင်းခုံခြင်းလို့ ကျနော်နားလည်ထားပါတယ်။
ဆွေးနွေးဝိုင်းတခုထဲမှာလည်း အတ္တနဲ့ယှဉ်ပြီးပြောတတ်တဲ့၊ မိမိအယူအဆသာအမှန်လို့ တရားသေကိုင်စွဲထားတဲ့
ပြောရဆိုရလက်ပေါက်ကပ်တဲ့ လူတဦး (သို့) တဦးထက်ပိုပြီး ပါလာခဲ့ရင် ဆွေးနွေးခြင်းမှသည် ငြင်းခုံခြင်းသို့
ပြောင်းလဲသွားတတ်ပါတယ်။
ဒါက ကျနော်နားလည်ထားသလောက်ပါ။ မှားကောင်းမှားနိုင်ပါလိမ့်မယ်။ ယခုပုံစံဆန်ဆန်
ဆွေးနွေးခြင်းအကျယ်ကို သိလိုပါတယ်ဆိုရင် အက်ဒ၀ပ် ဒီဘိုးနိုး (Edward de Bono)
ရေးတာကို ဆရာမြတ်ငြိမ်းဘာသာပြန်ထားတဲ့ ဦးထုပ်ခြောက်လုံးတွေးခေါ်နည်း မှာ ဖတ်လို့ရနိုင်ပါတယ်။
လေးစားစွာဖြင့်...
မောင်ပါလ
တန်ဖိုးရှိတဲ့ ပို့စ်လေးပါပဲ
ReplyDelete