Thursday, 31 May 2012

တစ်ယူသန်

သတိအနေအထားနဲ့ ဆက်ဆံနေရတဲ့ အခြေအနေတစ်ချို့ကို ငါမုန်းတယ် ၊
အဲ့ဒီ အခြေအနေထဲက မရုန်းထွက်နိုင်တဲ့ ငါ့ကိုငါလည်း စိတ်ပျက်တယ် ၊
အရင်က ပြောဖူးသလိုပဲ
ဘ၀မှာ တခါတခါ ရိုးသားခြင်းတွေက ဒဏ်ခတ်တယ် ၊

ဘာဆိုဘာမှ မတည်မြဲတဲ့ လောကထဲမှာ
သဘောထားပြည့်ဝတဲ့ မိန်းမအဖြစ် ဟန်ဆောင်ပန်ဆောင်
ရပ်တည်ဖူးချင်တယ် ၊
ကိုယ့်အတ္တက ကိုယ့်ကို လှောင်ပြုံးနဲ့ ကြည့်တော့
ကိုယ်ခံရခက်ပြန်တယ် ။

ကိုယ်ကျင့်တရား ၊ သိက္ခာ ၊ လူကျင့်ဝတ် တွေ ခဏဝေးဝေးမှာထား
ကိုယ့်ရုပ်ကို မှန်ထဲ တိရိစ္ဆာန်အဖြစ်မြင်လာ
ထွီ !!!
ရွံစရာကောင်းလိုက်တာကွာ
တော်ပါပြီ ...
ထပ်ပြီး ဒဏ်ခတ်ချင်လဲ ခတ်တော့
ရိုးသားမှုမရှိတဲ့သူတွေကြား
ရိုးသားမှုကိုဖက်တွယ်ပြီးပဲ သေတော့မယ်...။

PEP (1/6/2012)
Fri 10:30 AM
(ဒီနေရာမှ)

1 comment:

  1. တော်ပါပြီ ...
    ထပ်ပြီး ဒဏ်ခတ်ချင်လဲ ခတ်တော့
    ရိုးသားမှုမရှိတဲ့သူတွေကြား
    ရိုးသားမှုကိုဖက်တွယ်ပြီးပဲ သေတော့မယ်------

    ကောင်းလိုက်တာဟယ် ရင်ဘတ်ထဲတန်းဝင်သွားတယ်။

    ReplyDelete

လာရောက်ဖတ်ရှုကြတဲ့ စာဖတ်သူများ အားလုံးကိုကျေးဇူးတင်ပါတယ်....

Template by:
Free Blog Templates