Friday, 30 March 2012

ဒီလိုလေးခြစ်လိုက်ပါ

Photobucket









 Design Ko Pho Htaung
Credit By-(ဒီနေရာမှ)  ယူလာပါသည်။














 ခွပ်ဒေါင်းဘေးမှာ အမှန်ခြစ် ပြည်သူ့အောင်ပွဲသစ်..
Animation Design စစ်ကိုင်း NLD
ခေတ်ပြောင်းဖို့ ခွပ်ဒေါင်းကို မဲပေးပါ..
 Credit By-( ဒီနေရာမှ ) ယူလာပါသည်။

Sunday, 25 March 2012

26.3.2012 (တနင်္လာနေ့) မှ 1.4.2012 (တနင်္ဂနွေနေ့) ထိ


တနင်္ဂနွေသားသမီးများ၏ကံကြမ္မာ

နိုင်ငံခြားခရီး၊ ရပ်ဝေးခရီးသွားရတတ်သည်။ နိုင်ငံရပ်ခြားမှလက်ဆောင် ပစ္စည်းရောက်လာတတ်သည်။ ဆရာသမား၊ အကြီးအကဲ မ,စ ကိန်းရှိသည်။
အလုပ်အတွင်းစိတ်တိုင်းမကျဖြစ်ေ
နမည်။ ထွက်လိုပြောင်းလိုစိတ်ဖြစ်နေမည်။ စက်ပစ္စည်းအသစ်ဝင်တတ်သည်။ ငွေရှာ၍လွယ်ကူသောအချိန်ဖြစ်နေသည်။
မိခင်၊ ဖခင်တဦးဦးကိုမျက်စိရောဂါ ကုသပေးရလိမ့်မည်။ မိမိကိုယ်တိုင်လည်းမျက်စိနှင့်ပတ်သက်သောရောဂါဖြစ်ခြင်း၊ မျက်မှန်တပ်ရခြင်းဖြစ်တတ်သည်။
အချစ်ရေးတွင်စိတ်ချမ်းသာမှုနှင့်ပြည့်စုံနေပါမည်။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှ ဘုရားသခင်အား လိမ္မော်သီး (၉)လုံးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၃၊ ၀၊ ၅၊ ၅ )


တနင်္လာသားသမီးများ၏ကံကြမ္မာ

အပြောင်းအရွှေ့ဖြစ်မည်။ ကောင်းသောပြောင်းခြင်းဖြစ်မည်။ ရေအတွက်စိတ်ညစ်စရာကြုံတွေ့ရခြင်း၊ ရေပိုက်များပြင်စရာဖြစ်လာခြင်းဖြစ်တတ်သည်။
ပညာရေးအတွက် (သို့) မိန်းကလေးတယောက်အတွက် သောကရောက်ရတတ်သည်။ ခရီးမထွက်ချင်ဘဲထွက်ရတတ်သည်။ ထူးခြားသောဓါတ်ပုံတပုံ
ဝင်လာတတ်သည်ကောင်းသည်။ စီးပွားရေးကောင်းနေမည်။ အိမ်ထောင်ရှိက အိမ်ထောင်ဖက်ကျန်းမာရေးညံ့နေမည်။ အချစ်ရေးတွင် အဆင်ပြေနေမည်။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှ ဘုရားသခင်အား ရှောက်သီး (၁)လုံးကပ်လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း ( ၆၊ ၄၊ ၅၊ ၉ )

အင်္ဂါသားသမီးများ၏ကံကြမ္မာ

စိတ်ချမ်းသာစရာများ ဆက်တိုက်တွေ့ရမည်။ လာဘ်လာဘလည်း အလွန်ရွှင်နေမည်။ မိမိထက်အသက်ကြီးသူ၊ ဂုဏ်ကြီးသူတဦးဦးကကူညီလိမ့်မည်
သူတပါးအတွက်အာမခံခြင်းပြုလုပ်ရတတ်သည်။ သူတပါးကိုငွေထောက်ပံ့ရသောကြောင့်ငွေကုန်များနေတတ်သည်။ ဆွေမျိုးတဦးကျန်းမာရေးညံ့သော
သတင်းကြားရတတ်သည်။ မိမိကိုယ်တိုင် ခြေထောက်တဖက်နာနေလိမ့်မည်။ အချစ်ရေးတွင် အဆင်မပြေမှု့များဖြစ်နေမည်။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှ ဘုရားသခင်အား သံပုရာသီး (၃)လုံးကပ်လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း ( ၈၊ ၁၊ ၅၊ ၇ )

ဗုဒ္ဓဟူးသားသမီးများ၏ကံကြမ္မာ

ငွေဝင်မည်၊ ဆက်တိုက်ဝင်မည်။ စက်ပစ္စည်းဝင်ခြင်း၊ ဆိုင်ခန်းဝင်ခြင်းဖြစ်မည်။ မိမိကိုးကွယ်မှုဆိုင်ရာပစ္စည်းများ အထူးသဖြင့်ဘုရားပုံတော်များရောက်လာတတ်သည်။
သူတပါးကမိမိအား မတရားစွပ်စွဲပြောဆိုခြင်းခံရမည်။ လုပ်ငန်းတွင်ရန်ပေါ်တတ်သည်။ သည်းခံပါ။ အစားမှားပြီးဆေးရုံဆေးခန်းသွားရတတ်သည်။ ယခုရက်ပိုင်းတွင် သူတပါးကိစ္စများ
အတွက်အလုပ်များနေမည်။ ဘာစားစား အရသာမရှိသလိုဖြစ်နေမည်။ အချစ်ရေးတွင် အဆင်မပြေသေးပါ။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှ ဘုရားသခင်အား ကြံပန်းခိုင်ကပ်လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း ( ၈၊ ၄၊ ၀၊ ၆ )



ကြာသပတေးသားသမီးများ၏ကံကြမ္မာ

လုပ်ငန်းသစ်လုပ်ရန်အကြောင်းဖြစ်လာမည်။ ရဲရဲသာလုပ်ပါ။ အောင်မြင်မည့်အချိန်ဖြစ်နေမည်။ မကြာခင်ခရီးတခုသွားရမည်။ ထိုခရီးသည်ကောင်းသောခရီးဖြစ်သည်
ရင်းနှီးသောမိတ်ဆွေထဲမှလူလိမ်ခြင်းခံရတတ်သည်။ ရွှေထည်ပစ္စည်းဝင်တတ်သည်။ ငွေအတွက်သောကရောက်နေမည်။ ငယ်ရွယ်သူဖြစ်က ရုတ်တရက်အိမ်ထောင်
ကျတတ်သည်။ အိမ်ထောင်ရှင်ဖြစ်ပါက အိမ်ထောင်ရေးပြိုကွဲတတ်သည်။ နားလည်ပြီး ပွင့်ပွင့်လင်းလင်းရှိပါစေ။ လက်တဖက်ဒဏ်ရာရတတ်သည်။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှ ဘုရားသခင်အား ပန်းသီး (၅)လုံးကပ်လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း ( ၈၊ ၈၊ ၅၊ ၉ )

Tuesday, 20 March 2012

"တုံးအတဲ့မိန်းမ နဲ့ ထက်မြက်တဲ့မိန်းမ" နှင့် "တုံးအတဲ့ယောက်ျားနဲ့ ထက်မြက်တဲ့ယောက်ျား"

တုံးအတဲ့မိန်းမက ယောက်ျားနဲ့အတိုက်အခံပြုတယ်။
ထက်မြက်တဲ့မိန်းမက ယောက်ျားကို အားပေးကူညီတယ်။

တုံးအတဲ့မိန်းမက ယောက်ျားရဲ့ချွတ်ယွင်းချက်ကိုပဲ ထိုးဆွပြီး အမြဲစိတ်တိုတယ်။
ထက်မြက်တဲ့မိန်းမက ယောက်ျားရဲ့အားသာချက်ကိုပဲကြည့်ပြီး အမြဲပျော်ရွှင်တယ်။

တုံးအတဲ့မိန်းမက နေရာ၊ အခြေအနေမခွဲဘဲ ယောက်ျားနဲ့ငြင်းခုန်ရန်ဖြစ်တယ်၊ ယောက်ျားကို လူပုံအလယ်မှာ မျက်နှာသာမဲ့စေတယ်။
ထက်မြက်တဲ့မိန်းမက လူတွေကြားမှာ ယောက်ျားကိုမျက်နှာသာပေးတယ်။ ဆုံးမစရာ၊ ပြောစရာရှိရင် နှစ်ကိုယ်ကြားမှာပဲပြောတယ်။

တုံးအတဲ့မိန်းမက ယောက်ျားကို သိမ်ငယ်အောင်လုပ်တယ်။ ယောက်ျားကိုသိမ်ငယ်စေတာဟာ ကိုယ့်ကိုသိမ်ငယ်စေတယ်ဆိုတာကို သူမေ့နေလို့ဖြစ်တယ်။
ထက်မြက်တဲ့မိန်းမက ယောက်ျားကို တန်ဖိုးထားလေးစားတယ်။ ယောက်ျားကို လေးစားတာဟာ ကိုယ့်ကိုပိုပေါ်လွင်စေကြောင်း သူနားလည်လို့ဖြစ်တယ်။

တုံးအတဲ့မိန်းမက အတိတ်ဟောင်းကို ခဏခဏထုတ်ပြီး ယောက်ျားကို တဗျစ်တောက်တောက်ပြောတယ်။
ထက်မြက်တဲ့မိန်းမက ယောက်ျားနဲ့အတူ လှပတဲ့အနာဂတ်ရောက်ဖို့ ဦးတည်တယ်။

တုံးအတဲ့မိန်းမက ယောက်ျားရဲ့အမှားကို မလွတ်တမ်းဆုပ်ကိုင်ပြီး ယောက်ျားအကြောင်းအကုန်သိသူလို့ ကိုယ့်ကိုယ်ကိုထင်တယ်။
ထက်မြက်တဲ့မိန်းမက ယောက်ျားရဲ့အမှားကိုခွင့်လွှတ်ပြီး ယောက်ျားဆိုတာ ဘယ်တော့မှ မကြီးပြင်းတတ်တဲ့ကလေးလို့ဆိုတယ်။

တုံးအတဲ့မိန်းမက "နင် ထွက်သွား!" လို့ အော်ဟစ်တယ်။
ထက်မြက်တဲ့မိန်းမက "ငါ့အနားက မခွာနဲ့"လို့ဆိုတယ်။

တုံးအတဲ့မိန်းမက ယောက်ျားကို မြားတစ်စင်းလို တင်းတင်းဆွဲတယ်။ တင်းတင်းဆွဲလေ ဝေးဝေးကိုရောက်လေပါပဲ။
ထက်မြက်တဲ့မိန်းမက ယောက်ျားကို လေတံခွန်လို လွှတ်တယ်။ လက်ထဲက ကြိုးကို စိတ်အေးလက်အေးကိုင်တယ်။

တုံးအတဲ့မိန်းမက ကိုယ်တော်၊ ကိုယ်တတ်ကြောင်းကို ပိုအရေးစိုက်တယ်။
ထက်မြက်တဲ့မိန်းမက ထောက်ပံ့၊ မှီခိုအားထားဖို့ကို ပိုနားလည်တယ်။

တုံးအတဲ့မိန်းမက ယောက်ျားအနား တဖဝါးမှမခွာ ထိန်းကျောင်းတယ်။
ထက်မြက်တဲ့မိန်းမက ယောက်ျားအနား ခွာလိုက်၊ ကပ်လိုက်လုပ်တယ်။

တုံးအတဲ့မိန်းမက ချက်ပြုတ်လျှော်ဖွပ်တာကို သိပေမယ့် ကိုယ့်ကိုယ်ကို မပြုပြင်၊ မဖီးလိမ်းချင်ဘူး။
ထက်မြက်တဲ့မိန်းမက ချက်ပြုတ်လျှော်ဖွပ်တာကို သိသလို ကိုယ့်ကိုယ်ကိုလဲ ဖီးလိမ်းပြုပြင်ဖို့ မမေ့ဘူး။

တုံးအတဲ့မိန်းမက ယောက်ျားကို ဖိအားနဲ့ စိတ်ဖိစီးမှုတွေပေးတယ်။
ထက်မြက်တဲ့မိန်းမက ယောက်ျားကို စိတ်အားထက်သန်မှုနဲ့ လှုပ်ရှားမှုကိုပေးတယ်။

တုံးအတဲ့မိန်းမက သူ့မျက်ရည်ကြားမှာ ယောက်ျားကိုကျရှုံးစေတယ်။
ထက်မြက်တဲ့မိန်းမက သူ့အရယ်အပြုံးကြားမှာ ယောက်ျားကိုအောင်မြင်စေတယ်။


Friday, 16 March 2012

Don't worry..... be happy

တစ်ခါက လူတစ်ဦးသည် တောထဲတွင် လှည့်လည်နေရင်း ဆာလောင်နေသော ခြင်္သေ့တစ်ကောင်နှင့်တိုးသည်။ ခြင်္သေ့မှာ ဟိန်းဟောက်ပြီး သူ့ကို ခုန်အုပ်လေသည်။ ထိုလူမှာရှိသမျှ ခွန်အားဖြင့် အသက်ဘေးမှ လွတ်မြောက်အောင် ပြေးလေတော့သည်။ ပြေးရင်းလွှားရင်း ချောက်ကမ်းပါးတစ်ခုသို့ ရောက်လာခဲ့သည်။

သူသည် ချောက်ကမ်းပါးထိပ်တွင်ရပ်ပြီး “ခြင်္သေ့ဖမ်းမိပြီး အရှင်လတ်လတ် အစားခံရမဲ့အတူ ချောက်ထဲခုန်ချလိုက်တာ ပိုကောင်းမယ်။ မတော်တဆ အသက်ရှင်နိုင်သေးတယ်”ထိုသို့တွေးမိပြီး ချောက်ထဲသို့ ခုန်ချလိုက်လေသည်။ ကံကောင်း ထောက်မစွာ ချောက်ကမ်းပါးဘေးတွင် ပေါက်နေသော သစ်ပင်တစ်ပင်ပေါ်တွင် ခံနေခဲ့သည်။ ထိုသစ်ပင်ပေါ်တွင် ချိုမြိန်သောအသီးများဖြင့် ပြည့်နှက်နေခဲ့သည်။

ထိုအချိန်တွင် ချောက်အောက်မှ ဟိန်းဟောက်သံ ကြားသောကြောင့် ကြည့်လိုက်ရာ သူကျအလာကို စောင့်နေသော ကျားတစ်ကောင်ကို တွေ့လိုက်ပြန်သည်။

“ခြင်္သေ့နဲ့ကျား ကြမ်းတမ်းတဲ့ အကောင်တွေဖြစ်တယ်။ အပေါ်ပဲတက်တက် အောက်ပဲဆင်းဆင်း အစားခံရမယ့်အတူ အပင်ပေါ်မှာ ခဏနားနေလိုက်တာ ကောင်းမယ်” ဟုတွေးလိုက်မိသည်။ နားရန်ဆုံးဖြတ်လိုက်စဉ် အသံတစ်သံကို ကြားလိုက်မိပြန်သည်။ အသံလာရာသို့ ကြည့်လိုက်ရာ ကြွက်ဖြူကြွက်မဲနှစ်ကောင်မှာ သူရှိနေသော သစ်ကိုင်းအား ကိုက်ဖြတ်နေသည်ကို တွေ့လိုက်မိသည်။ သူ တုန်လှုပ်သွားမိပြီး “ ကျားကိုက်ပြီး သေမယ့်အတူတူ သစ်ကိုင်းကျိုးကျပြီး သေတာကကောင်းဦးမယ်”ဟု တွေးလိုက်မိပြန်သည်။ ထို့နောက် သစ်ကိုင်းပေါ်တွင် နားနေပြီး ဆာလောင်လာသောကြောင့် သစ်သီးများကို ခူးစားလေတော့သည်။ ဗိုက်ပြည့်သောအခါ “သေရမဲ့ အတူတူ မသေခင် တစ်ရေး အိပ်လိုက်ဦးမယ်” ဟုတွေးပြီး သစ်ကိုင်းကိုမှီပြီး အိပ်နေခဲ့သည်။

သူနိုးလာသောအချိန်တွင် သစ်ကိုင်းကို ကိုက်ဖြတ်နေသော ကြွက်နှစ်ကောင်ကို မတွေ့တော့။ ထိုအတူ ခြင်္သေ့နှင့် ကျားကိုလည်း မတွေ့တော့ပေ။ အကြောင်းမှာ သူအိပ်ပျော်နေသော အချိန်တွင် ဆာလောင်သော ခြင်္သေ့က အစာကိုမစောင့်နိုင်သဖြင့် ချောက်ထဲသို့ လိုက်ခုန်ချခဲ့သည်။ ချောက်အောက်ရှိ ကျားနှင့်တိုးပြီး အချင်းချင်း ကိုက်ဖြတ်ကာ အသီးသီးဒဏ်ရာရပြီး ထွက်ပြေး ကုန်ကြသောကြောင့်ဖြစ်သည်။ ခြင်္သေ့နှင့်ကျား ဟိန်းသံကြားသောကြောင့် ကြွက်နှစ်ကောင်မှာလည်းလန့်ပြီး ထွက်ပြေးခဲ့ကြသည်။ ထိုအခါမှ သူသည်သစ်ပင်ပေါ်မှဆင်းပြီး သတိနှင့် ကမ်းပါးထိပ်သို့ တက်ရောက်ခဲ့သဖြင့် အသက်ဘေးမှ လွှတ်မြောက်ခဲ့ရသည်။

ကျွန်တော်တို့ မွေးဖွားကြီးပြင်းလာသည့် အချိန်မှာစ၍ ပင်ပန်းဆင်းရဲခြင်းသည် ဆာလောင်နေသော ခြင်္သေ့တစ်ကောင်ကဲ့သို့ ကျွန်တော်တို့အား လိုက်နေခဲ့သည်။ သေဆုံးခြင်းသည် ရက်စက်သော ကျားတစ်ကောင်ကဲ့သို့ ချောက်အောက်တွင် ကျွန်တော်တို့အား စောင့်နေခဲ့သည်။ နေ့နှင့်ည ပြောင်းလဲနေသော အချိန်များသည် ကြွက်ဖြူနှင့် ကြွက်မဲကဲ့သို့ ကျွန်တော်တို့ ခဏသာ ရပ်တည်နေသော (ဘ၀)သစ်ပင်ကို ကိုက်ဖြတ်နေကြသည်။ တစ်နေ့နေ့တွင် ကျွန်တော်တို့သည် ခြင်္သေ့နှင့်ကျား၏ အစားကို ခံရမည်ဖြစ်သည်။ ထိုသို့ အစားမခံရခင် သစ်ပင်ပေါ်ရှိ ချိုမြိန်သော အသီးများကို စားသုံးရင်း အပင်ပေါ်မှနေ၍ လှပသော ရှုခင်းများကို ခံစားနေမည်ဆိုလျှင် စိတ်သည်ရိုးရှင်းပြီး စိုးရိမ်ပူပန်မှုများ ကင်းရှင်းနေလိမ့်မည်။

Friday, 9 March 2012

နှစ်ဦးနှစ်ဖက် ဆွေးနွေးရန် (အခြေခံအချက်များ)

သူငယ်ချင်းတယောက်ဆီက လက်ရေးနဲ့ရေးထားတာတွေ့မိပြီး ကြိုက်လို့ ကူးထားတာပါ။ သူ့ကိုလည်း ဦးလေးတယောက်က ရေးပေးထားတာလို့ ပြောပါတယ်။

၁) နှစ်ဖက်ပွင့်လင်းတဲ့ စိတ်အခြေခံထားရမယ်။ (OPEN MINDED)

၂) ပျော့ပျောင်းတဲ့သဘောထား နှစ်ဖက်ထားရှိရမယ်။ (DIPLOMACY)

၃) တူညီတဲ့အချက်မှ စတင်ချဉ်းကပ်ခြင်း။ (FOCUS ON SAME OBJECT)

၎) ထိပ်တိုက်ရင်ဆိုင်မှုကို ရှောင်ရှားခြင်း။

၅) ပြီးဆုံးအောင် အဖြေရှာမည်ဟူသော မဆုတ်မနစ်သော စိတ်ဓာတ်ရှိခြင်း။ (STRONG DETERMINATION)

၆) ကြိုတင် ထင်မြင် စိုးရိမ်ထားမှုများ ကင်းစင်ခြင်း။ (PRECONCEIVE IDEA)

၇) ချေနှစ်ချေတွင် လက်စားမချေဘဲ သင်ပုန်းချေစိတ် နှစ်ဖက်ထားရှိခြင်း။ (PARDON)

၈) နှစ်ဦးနှစ်ဖက်တွင် ကြီးမားသော ကိုယ်စားပြုမှု၊ တာဝန်သိရှိထားခြင်း။ (REPRESENTATIVE)

၉) စွန့်လွှတ် အနစ်နာခံမှုအား ရှေ့တန်းတင်ခြင်း။ (SACRIFICE)

၁၀) ခေါင်းပူပူဖြင့် စောစီးစွာ ကောက်ချက်ချ ဆုတ်ခွာခြင်း။ (HOT HEADED CONCLUSION)

၁၁) အပြန်အလှန်ခြိမ်းခြောက်မှု ကင်းစင်ခြင်း။ (THREATEN)

မောင်ပါလ

ဆွေးနွေးခြင်းနဲ့ ငြင်းခုံခြင်း

ဆွေးနွေးကြရာမှာ လူနှစ်ယောက်ဖြစ်စေ၊ နှစ်ယောက်မက ဆွေးနွေးကြသည်ဖြစ်စေ၊
ဆွေးနွေးတဲ့အကြောင်းအရာအပေါ်မှာ အယူအဆ တူချင်မှ တူနိုင်ကြပါလိမ့်မယ်။
အသိပညာကို ဖလှယ်ခြင်းအားဖြင့်လည်းကောင်း၊ အယူအဆများစွာမှ အမှန်တရားတခုကို
ဝိုင်းဝန်းစုပေါင်းရှာဖွေခြင်း အားဖြင့်လည်းကောင်း၊ မတူသောအယူအဆများစွာမှ
အကောင်းဆုံးဟုယူဆရနိုင်မည့်အယူ
အဆကို ဆွေးနွေးသူများ သဘောတူညီညွတ်စွာ
ရွေးချယ်ခြင်းအားဖြင့်လည်းကောင်း၊ ဆွေးနွေးသူများမှ မဲခွဲစနစ်ဖြင့် အတည်ပြုဆုံးဖြတ်ခြင်း
အားဖြင့်လည်းကောင်း၊ စသည်အားဖြင့် ဆွေးနွေးလေ့ရှိကြပါတယ်။ ဘယ်အကြောင်းအရာပေါ်မှာ
ဆွေးနွေးကြသည်ဖြစ်စေ ဆွေးနွေးသူများဟာ အနိုင်ယူလိုစိတ်ကင်းရပါမယ်။ တဖက်ဆွေးနွေးသူများက
အထောက်အထားအပြည့်အစုံနဲ့ ဆွေးနွေးတင်ပြလာမှုကို လက်ခံနိုင်ရပါမယ်။ မိမိစွဲကိုင်ထားတဲ့ အယူအဆ
မှန်ကန်ကြောင်းကိုလည်း ကျိုးကြောင်းဆီလျော်စွာ ချက်ကျလက်ကျ ရှင်းပြနိုင်ရပါမယ်။
အကယ်၍ မိမိအယူအဆမှားယွင်းတိမ်းစောင်းနေရင်လည်း မှားယွင်းကြောင်းဝန်ခံရဲပြီး
မှန်ကန်တဲ့အယူအဆကို လက်ခံရဲရပါမယ်။ တဖက်ဆွေးနွေးသူများအပေါ် ရန်လိုမှုကင်းပြီး အတ္တစိတ်ရှင်းရပါမယ်။
ကျနော့်အနေနဲ့ အဲဒါကို ဆွေးနွေးခြင်းလို့ နားလည်ထားပါတယ်။

ငြင်းခုံခြင်းကတော့ အတ္တစိတ်ကို အခြေခံပါတယ်။ မှန်တယ် မှားတယ်ဆိုတာ သိလိုမှုထက် မှန်သည်ဖြစ်စေ၊
မှားသည်ဖြစ်စေ ငါနိုင်ကိုနိုင်ရမယ်ဆိုတဲ့ စိတ်မျိုးပါ။ တဖက်လူရဲ့ ပြောဆိုသမျှကို သေချာနားလည်အောင်
နားမထောင်၊ မစဉ်းစား၊ မသုံးသပ်တော့ဘူး။ မိမိစွဲကိုင်ထားတဲ့ အယူအဆ မှန်လား မှားလားဆိုတာကိုလည်း
ဃဃဏဏ မသိဘူး။ မိမိရဲ့အယူအဆသာ ဒီပွဲမှာ အနိုင်ရရမယ်ဆိုတဲ့ စိတ်မျိုးနဲ့ စကားပြောကြသူအချင်းချင်း
အမနာပ ပြောကြမယ်။ တိုက်ခိုက်ကြမယ်။ ဘယ်သူပြောတာကိုမှ နားမ၀င်တော့ဘူး။ ဒီလို အတ္တနဲ့ယှဉ်တဲ့
စကားပြောပွဲမျိုးကို ငြင်းခုံခြင်းလို့ ကျနော်နားလည်ထားပါတယ်။

ဆွေးနွေးဝိုင်းတခုထဲမှာလည်း အတ္တနဲ့ယှဉ်ပြီးပြောတတ်တဲ့၊ မိမိအယူအဆသာအမှန်လို့ တရားသေကိုင်စွဲထားတဲ့
ပြောရဆိုရလက်ပေါက်ကပ်တဲ့ လူတဦး (သို့) တဦးထက်ပိုပြီး ပါလာခဲ့ရင် ဆွေးနွေးခြင်းမှသည် ငြင်းခုံခြင်းသို့
ပြောင်းလဲသွားတတ်ပါတယ်။

ဒါက ကျနော်နားလည်ထားသလောက်ပါ။ မှားကောင်းမှားနိုင်ပါလိမ့်မယ်။ ယခုပုံစံဆန်ဆန်
ဆွေးနွေးခြင်းအကျယ်ကို သိလိုပါတယ်ဆိုရင် အက်ဒ၀ပ် ဒီဘိုးနိုး (Edward de Bono)
ရေးတာကို ဆရာမြတ်ငြိမ်းဘာသာပြန်ထားတဲ့ ဦ
းထုပ်ခြောက်လုံးတွေးခေါ်နည်း မှာ ဖတ်လို့ရနိုင်ပါတယ်။

လေးစားစွာဖြင့်...
မောင်ပါလ
 
 

Template by:
Free Blog Templates