Tuesday, 20 March 2012

"တုံးအတဲ့မိန်းမ နဲ့ ထက်မြက်တဲ့မိန်းမ" နှင့် "တုံးအတဲ့ယောက်ျားနဲ့ ထက်မြက်တဲ့ယောက်ျား"

တုံးအတဲ့မိန်းမက ယောက်ျားနဲ့အတိုက်အခံပြုတယ်။
ထက်မြက်တဲ့မိန်းမက ယောက်ျားကို အားပေးကူညီတယ်။

တုံးအတဲ့မိန်းမက ယောက်ျားရဲ့ချွတ်ယွင်းချက်ကိုပဲ ထိုးဆွပြီး အမြဲစိတ်တိုတယ်။
ထက်မြက်တဲ့မိန်းမက ယောက်ျားရဲ့အားသာချက်ကိုပဲကြည့်ပြီး အမြဲပျော်ရွှင်တယ်။

တုံးအတဲ့မိန်းမက နေရာ၊ အခြေအနေမခွဲဘဲ ယောက်ျားနဲ့ငြင်းခုန်ရန်ဖြစ်တယ်၊ ယောက်ျားကို လူပုံအလယ်မှာ မျက်နှာသာမဲ့စေတယ်။
ထက်မြက်တဲ့မိန်းမက လူတွေကြားမှာ ယောက်ျားကိုမျက်နှာသာပေးတယ်။ ဆုံးမစရာ၊ ပြောစရာရှိရင် နှစ်ကိုယ်ကြားမှာပဲပြောတယ်။

တုံးအတဲ့မိန်းမက ယောက်ျားကို သိမ်ငယ်အောင်လုပ်တယ်။ ယောက်ျားကိုသိမ်ငယ်စေတာဟာ ကိုယ့်ကိုသိမ်ငယ်စေတယ်ဆိုတာကို သူမေ့နေလို့ဖြစ်တယ်။
ထက်မြက်တဲ့မိန်းမက ယောက်ျားကို တန်ဖိုးထားလေးစားတယ်။ ယောက်ျားကို လေးစားတာဟာ ကိုယ့်ကိုပိုပေါ်လွင်စေကြောင်း သူနားလည်လို့ဖြစ်တယ်။

တုံးအတဲ့မိန်းမက အတိတ်ဟောင်းကို ခဏခဏထုတ်ပြီး ယောက်ျားကို တဗျစ်တောက်တောက်ပြောတယ်။
ထက်မြက်တဲ့မိန်းမက ယောက်ျားနဲ့အတူ လှပတဲ့အနာဂတ်ရောက်ဖို့ ဦးတည်တယ်။

တုံးအတဲ့မိန်းမက ယောက်ျားရဲ့အမှားကို မလွတ်တမ်းဆုပ်ကိုင်ပြီး ယောက်ျားအကြောင်းအကုန်သိသူလို့ ကိုယ့်ကိုယ်ကိုထင်တယ်။
ထက်မြက်တဲ့မိန်းမက ယောက်ျားရဲ့အမှားကိုခွင့်လွှတ်ပြီး ယောက်ျားဆိုတာ ဘယ်တော့မှ မကြီးပြင်းတတ်တဲ့ကလေးလို့ဆိုတယ်။

တုံးအတဲ့မိန်းမက "နင် ထွက်သွား!" လို့ အော်ဟစ်တယ်။
ထက်မြက်တဲ့မိန်းမက "ငါ့အနားက မခွာနဲ့"လို့ဆိုတယ်။

တုံးအတဲ့မိန်းမက ယောက်ျားကို မြားတစ်စင်းလို တင်းတင်းဆွဲတယ်။ တင်းတင်းဆွဲလေ ဝေးဝေးကိုရောက်လေပါပဲ။
ထက်မြက်တဲ့မိန်းမက ယောက်ျားကို လေတံခွန်လို လွှတ်တယ်။ လက်ထဲက ကြိုးကို စိတ်အေးလက်အေးကိုင်တယ်။

တုံးအတဲ့မိန်းမက ကိုယ်တော်၊ ကိုယ်တတ်ကြောင်းကို ပိုအရေးစိုက်တယ်။
ထက်မြက်တဲ့မိန်းမက ထောက်ပံ့၊ မှီခိုအားထားဖို့ကို ပိုနားလည်တယ်။

တုံးအတဲ့မိန်းမက ယောက်ျားအနား တဖဝါးမှမခွာ ထိန်းကျောင်းတယ်။
ထက်မြက်တဲ့မိန်းမက ယောက်ျားအနား ခွာလိုက်၊ ကပ်လိုက်လုပ်တယ်။

တုံးအတဲ့မိန်းမက ချက်ပြုတ်လျှော်ဖွပ်တာကို သိပေမယ့် ကိုယ့်ကိုယ်ကို မပြုပြင်၊ မဖီးလိမ်းချင်ဘူး။
ထက်မြက်တဲ့မိန်းမက ချက်ပြုတ်လျှော်ဖွပ်တာကို သိသလို ကိုယ့်ကိုယ်ကိုလဲ ဖီးလိမ်းပြုပြင်ဖို့ မမေ့ဘူး။

တုံးအတဲ့မိန်းမက ယောက်ျားကို ဖိအားနဲ့ စိတ်ဖိစီးမှုတွေပေးတယ်။
ထက်မြက်တဲ့မိန်းမက ယောက်ျားကို စိတ်အားထက်သန်မှုနဲ့ လှုပ်ရှားမှုကိုပေးတယ်။

တုံးအတဲ့မိန်းမက သူ့မျက်ရည်ကြားမှာ ယောက်ျားကိုကျရှုံးစေတယ်။
ထက်မြက်တဲ့မိန်းမက သူ့အရယ်အပြုံးကြားမှာ ယောက်ျားကိုအောင်မြင်စေတယ်။



မူရင်း---http://www.duwenzhang.com/wenzhang/jingdianwenzhang/yuju/20101221/165373.html

နိုင်းနိုင်းစနေ (Monday, February 13, 2012)

 (၁) တုံးအတဲ့ယောက်ျားက မိန်းမကိုဘယ်တော့မှ မချီးကျူးဘူး။ ကောင်းတာတွေလုပ်ရင် ဆိတ်ဆိတ်နေတယ် မကောင်းတာတွေလုပ်ရင် ကဲ့ရဲ့တယ်။

ထက်မြက်တဲ့ယောက်ျားက မိန်းမရဲ့အားသာချက်လေးတွေကို ရှာကြံချီးကျူးပြီ: ရှေ့ဆက်လုပ်ချင်အောင် အားပေးတယ်။

(၂) တုံးအတဲ့ယောက်ျားက ကိုယ့်မိန်းမကလွဲရင် မိန်းမအားလုံး လှတယ်ထင်တယ်။
ထက်မြက်တဲ့ယောက်ျားက ကိုယ့်မိန်းမကို ဘယ်လိုလှအောင်လုပ်ပေးရမလဲ စဉ်းစားတယ်။

(၃) တုံးအတဲ့ယောက်ျားက ကိုယ့်မိန်းမကို အလုပ်တွေ အများကြီးပြီးမြောက်စေချင်တယ်။ (နူးညံ့ပြီး ယောကျာ်းကို နာခံပြုစုတတ်စေချင်တယ်။ တချိန်ထဲမှာပဲ လှပပြီး ထက်မြက် ဝင်ငွေကောင်းစေချင်တယ်။ ဒါတွေ တပြိုင်နက်မဖြစ်နိုင်ဘူးဆိုတာ သူမေ့ထားတယ်)

ထက်မြက်တဲ့ယောက်ျားက Nobody is Perfect ဆိုတာကို ယုံကြည်လက်ခံတယ်။ ကိုယ်ရတဲ့မိန်းမဟာ အကောင်းဆုံးလို့ မှတ်ယူတယ်။

(၄) တုံးအတဲ့ယောက်ျားက အတိတ်ဟောင်းကို ခဏခဏထုတ်ပြီး မနာလိုဖြစ်တယ်။
ထက်မြက်တဲ့ယောက်ျားက လှပတဲ့အနာဂတ်ရောက်ဖို့ ဦးတည်တယ်။

(၅) တုံးအတဲ့ယောက်ျားက မိန်းမကို တဗျစ်တောက်တောက်ပြောတယ်လို့ အပြစ်တင်စိတ်ပျက်တယ်။

ထက်မြက်တဲ့ယောက်ျားက အနမ်းပြင်းပြင်းတစ်ချက်နဲ့ နှုတ်ဆိတ်စေဖို့ သတိရတယ်။

(၆) တုံးအတဲ့ယောက်ျားက "နင်မရှိလဲ လှေကား၃ထစ်ဆင်း လူပျိုပဲ" လို့ အော်ဟစ်တယ်။
ထက်မြက်တဲ့ယောက်ျားက "နင်ဟာ ငါ့ဘဝရဲ့မရှိမဖြစ်သူပါ"လို့ဆိုတယ်။

(၇) တုံးအတဲ့ယောက်ျားက မိန်းမကို တာဝန်အရ အရာရာ ပေးဆပ်စေတယ်။
ထက်မြက်တဲ့ယောက်ျားက မိန်းမကို စိတ်လိုလက်ရ ပြုစုအောင် စွမ်းဆောင်နိုင်တယ်။

(၈) တုံးအတဲ့ယောက်ျားက ကိုယ်တော်၊ ကိုယ်တတ်ကြောင်းကို ပိုအရေးစိုက်တယ်။ ကိုယ့်မာန ကိုယ့်အတ္တထိခိုက်မခံဘူး။

ထက်မြက်တဲ့ယောက်ျားက နှစ်ဦးအတူကြိုးစားမှ ခရီးရောက်တယ်ဆိုတာ လက်ခံတယ်။

(၉) တုံးအတဲ့ယောက်ျားက မိန်းမကို စိတ်အားငယ်မှုနဲ့ ကိုယ့်ကိုယ်ကို မယုံကြည်မှုတွေပေးတယ်။

ထက်မြက်တဲ့ယောက်ျားက မိန်းမကို စိတ်လုံခြုံမှုနဲ့ အေးချမ်းမှုကို ပေးတယ်။

(၁ဝ) တုံးအတဲ့ယောက်ျားက သူ့ဒေါသကြားမှာ မိန်းမကို ဦးတည်ရာပျောက်စေတယ်။
ထက်မြက်တဲ့ယောက်ျားက သူ့တည်ကြည်မှုနဲ့ အိမ်ထောင်ကိုသာယာစေတယ်။

ခရေဖြူ
 
မှတ်ချက်။ ။ ဒီနေရာလေးမှ ပြန်လည်မျှဝေပါသည်။ ။

2 comments:

  1. ချာတိတ်လေးရေ
    ဖတ်ချင်ပေမယ့်လဲ မျက်စိမကောင်းတဲ့မျက်မှန်သမားတွေအတွက် အဆင်မပြေလို့ အပေါ်တစ်ပုဒ်ကို မနိုင်းဆီမှာပဲရှာဖတ်လိုက်မယ်နော်

    ReplyDelete
    Replies
    1. :) တကူးတက လာဖတ်တာ ကျေးဇူးပါနော် မမjasmine... ဖောင့် ကာလာတွေနဲ့မို့ မမြင်ရတာထင်တယ်နော်...အနက်ရောင်ပြန်ပြောင်းထားလိုက်မယ်...

      Delete

လာရောက်ဖတ်ရှုကြတဲ့ စာဖတ်သူများ အားလုံးကိုကျေးဇူးတင်ပါတယ်....

Template by:
Free Blog Templates