ပြောစရာတွေ အများကြီးရှိတယ်ညို.....။
အောင်ပြီလို့အော်နိုင်ခဲ့ပြ
ထိပ်စည်းကိုဖြတ်ကျော်မိတာတေ
ကစားပွဲကမရပ်သေးတော့
ဘေးကိုပဲထွက်ထိုင်ရမလိုလို
စည်းထဲပဲပြန်ဝင်ကစားရမလိုလိ
ငိုင်တိုင်တိုင် ငိုမဲ့မဲ့နဲ့စ
ကလေးဘ၀ကတည်းကပေါ့ညို။
အောင်မြေကိုနင်းခဲ့တာတောင်
အောင်လံထူခွင့်မရတဲ့ စစ်သူကြီးဘဝ
ထမင်းသိုးဟင်းသိုးနဲ့ မခြားလှပါဘူး
ကလူ၏သို့ မြူ၏သို့နဲ့
ကျီစယ်သလိုကံတရားက
နောက်ကျောကိုဓားနဲ့ထိုးပေါင
ရင်ဘတ်ဟောင်းလောင်းနဲ့ပေါ့ည
ပိတောက်ရွက်တွေက ကျိုးတိုးကျဲတဲမို့
ခရေရိပ်ကို နင်ခိုခဲ့တာ
ငါမငြိုငြင်ပါဘူးဟာ
ခရေရိပ်ကိုခိုရင်း
ပိတောက်ကိုလွမ်းလို့နင်ငိုေ
ငါရင်နာရတယ်ညို။
ညိုရေ........ ညိုရေ.......လို့
တမ်းတမ်းတတ ခေါ်သံအဆုံး
မောလျစွာ အိပ်ပျော်သွားမှ
ငါရင်ခွင်ထဲ နင်ရောက်လာပြီး
ပိတောက်ကြွေတွေကောက်သွားခဲ့
အိပ်မက်တခုလိုပါညို
မိုးလင်းရင်အဆုံးသတ်သွားမယ်
အိပ်မက်တွေကိုမုန်းရမလား
အိပ်မက်တွေကိုဖျက်ဆီးမယ့်
မိုးလင်းခြင်းဆိုတာကိုမုန်း
နင်ဖြေခဲ့ပါညို။
(နင်ကတော့ချွင်းချက်
ဘယ်တော့မှမိုးမလင်းမယ့်
ရှင်သန်ခြင်းအိပ်မက်ပါညို)
ပန်းကိုလိုချင် အပင်ကိုပျိုးရသတဲ့....
သည်ပန်းကိုလိုချင်လို့
သည်အပင်ကိုမချိုးရက်ပါဘူး
ရေစက်လို့ပဲသဘောထား
နင်သွားသင့်တဲ့နေရာကိုသွားပ
ကြမ္မာမုန်တိုင်းက ရိုက်ချက်ပြင်းတော့
ရင်ထဲမှာ မိုးတွေသည်းနေလေရဲ့ညို။
နင်လျှောက်တဲ့လမ်း မှန်ပေမယ့်
ငါနဲ့ကျန်ခဲ့တာ အလွမ်းတွေပါ
မှန်းဆပြီး ကြေကွဲရတာလည်း
ခွဲခွာခြင်းနဲ့ အသားကျနေတဲ့ငါ့အတွက်
မရိုးနိုင်မယ့် လွဲချော်မှုတခုပါ
ငါစတေးခဲ့ရတာ ရုပ်ဒြပ်မဲ့စိတ္တဇနာမ်မို့
တန်ရာတန်ကြေးနတ္ထိပေမယ့်
ဘ၀ကောက်ကြောင်းနဲ့ငြိနေတော့
ရင်ထဲမှာ မချိလှဘူးညို။
ထမင်းရည်ပူစည်း ငါမနင်းခဲ့ပါဘူး
ရင်နဲ့ရင်းပြီး ချစ်မိလို့သာ
သ၀န်တိုစိတ် မမြိုသိပ်နိုင်ခဲ့တာ
ခွင့်လွှတ်ပေးပါညို။
သြော်.... ငါစကားတွေကောင်းနေလိုက်တာ
နင်အသိုက်ပြောင်းဖို့
နေတောင်အတော်စောင်းလှပြီညို
Credit to ထမင်းသိုးဟင်းသိုး
(တိုက်ဆိုင်မှုရှိ၍ ပြန်ရှယ်ပါသည်)
No comments:
Post a Comment
လာရောက်ဖတ်ရှုကြတဲ့ စာဖတ်သူများ အားလုံးကိုကျေးဇူးတင်ပါတယ်....