Tuesday, 27 September 2011
27.09.11
Anniversary | Forward this Picture
Anniversary | Forward this Picture
Anniversary | Forward this Picture
Anniversary | Forward this Picture
Anniversary | Forward this Picture
Anniversary | Forward this Picture
Anniversary | Forward this Picture
Anniversary | Forward this Picture
ဒီနေ့ ကိုကိုနဲ့ချာတိတ်ရဲ့ ချစ်သူသက်တမ်းတစ်နှစ်ပြည့်တဲ့နေ့............
ကိုကိုက ပြောတယ်.." Happy first anniversary char tate.Our love will go on now and forever." တဲ့....
ချာတိတ်လည်း ကိုကို့လိုပါပဲ...ကိုကို့ ကို အများကြီးချစ်တယ်....
Love | Forward this Picture
Love | Forward this Picture
Love | Forward this Picture
i'll love you forever ko ko...
Love | Forward this Picture
Saturday, 24 September 2011
သူမကို
ကိုယ့်ကိုမြင်ရင် အေးစက်နေတတ်တဲ့ သူ့မျက်ဝန်းနက်တွေက
သူမကိုကြည့်ရင် ရွှန်းလဲ့ပြီး တဖြတ်ဖြတ်လက်လို့...
ကိုယ်နဲ့ကျရင် ခပ်တင်းတင်းစေ့ပိတ်ထားတဲ့ သူ့နှုတ်ခမ်းတွေက
သူမနဲ့တွေ့ရင် အပြုံးပန်းတွေနဲ့ လန်းဆန်းလို့...
ကိုယ်ရေးထားတဲ့စာလေးတွေကို ငဲ့လို့တောင် ဖတ်မကြည့်တဲ့သူက
သူမအတွက်တော့ ကဗျာလေးတွေတောင် ကိုယ်တိုင်စပ်လို့...
ကိုယ့်အတွက် ဘယ်တုန်းကမှ မဟုတ်ခဲ့တဲ့ သူ့အချိန်တွေလည်း
သူမအတွက် အကြိမ်ကြိမ်ကုန်ဆုံးလို့...
Friday, 23 September 2011
Wednesday, 21 September 2011
ဆု
တစ်ယောက်တည်း...
အလွမ်းတွေ .. ဖန်တီးစရာမလိုပဲ
လျှံလျှံကျလာတဲ့အခါ ...အထီးကျန်မိတယ်...
.အတွေးထဲ...
စိတ်ကူးတွေ ...ဖန်တီးစရာမလိုပဲ
ချစ်သူရောက်လာတဲ့အခါ.....ကြည်နူးမိပြန်တယ်...
.လောကဓံရဲ့ ...လှိုင်းဂယက်ထဲ
ဘ၀တွေ လက်ပစ်ကူးနေရတဲ့အချိန်မှာ
“အချစ်က ချိုမြိန်တယ်“ ဆိုတဲ့ စကားကို
ဟာသလားလို့ မေးချင်မိရဲ့.......
ကံကြမ္မာရယ် ....ငါ ငိုချင်တယ်
လူခြေတိတ်မှ ရွာတဲ့မိုးလို
လူမမြင်သူမမြင်ငိုချင်တယ် ........။

Tuesday, 20 September 2011
အချစ်တွေဘယ်လောက်မှ လုံလောက်သလဲ?
တစ်ချိန်က စကားဟတာနဲ့ "xxxxx က အရေးပါတာလား ငါက အရေးပါတာလား?" လို့ ပြောတတ်တဲ့ ကောင်လေးတစ်ယောက်နဲ့ ကျွန်မ ချစ်ကြိုက်ခဲ့ဖူးတယ်။
သူပြောတဲ့ "xxxxx "က ဘယ်အရာမဆို ဖြစ်နိုင်တယ်။ ဥပမာ-- ကျွန်မရဲ့ချစ်သူဟောင်းဖြစ်မယ်၊ ကျွန်မရဲ့ သူငယ်ချင်းတွေဖြစ်မယ်၊ ရုပ်ရှင်ကားပိုင်းရှည်တစ်ကားလည်း ဖြစ်နိုင်တယ်။
ချစ်သူက သင့်ကို "တီဗီက အရေးပါတာလား? ငါကအရေးပါတာလား?" လို့မေးတဲ့အခါ သင့်စိတ်ထဲမှာ "ဒီ နုံအတဲ့ကလေးသူငယ် ငါ့ရှေ့ကပျောက်သွားတာ အကောင်းဆုံးပဲ" လို့ တွေးကောင်းတွေးလိမ့်မယ်။ အဲဒီနောက် နာရီကြည့်ပြီး သူနဲ့ချိန်းတွေ့ဖို့ စိတ်ကူးထားတဲ့ သင့်စိတ်ကူးကိုပြောင်းပြီး တစ်နေကုန် အခွေတွေကို သင်ထိုင်ကြည့်ကောင်း ကြည့်နေလိမ့်မယ်။ အဲဒီမှာ ချစ်သူက "တီဗီကြည့်တာနဲ့" သူ့ကိုယ်သူ နှိုင်းလာတဲ့အခါ သူ့စိတ်ကို သင်ပိုဂလိချင်လာလိမ့်မယ်။ ဒါပေမယ့် သိပ်မကြာပါဘူး... သင့်ကိုယ်သင်လည်း မရင့်ကျက်သူဖြစ်ကြောင်း သင်သတိထားမိပါလိမ့်မယ်။
သူ့ကို သင်ချစ်တယ်။ သူနဲ့လက်ချင်းတွဲပြီး ပျော်ပျော်ပါးပါးလျှောက်လည်ဖို့ကိုလည်း သင်မျှော်လင့်တယ်။ ဒါပေမယ့် အခြေအနေက ဘာဖြစ်လို့ ဒီလိုပုံစံပြောင်းသွားခဲ့ရသလဲ? သင့်စိတ်ထဲမှာ သူစိတ်တိုတာကို ပျော်ရွှင်တာထက် ပိုစေချင်တာလား?

စိတ်ချမ်းသာမှုကိုပွေ့ဖတ်ပါ
လူတွေက စိတ်မကြည်လင်တဲ့အချိန် စိတ်ညစ်စရာတွေကို ကိုယ့်စိတ်ထဲ မသိမသာထည့်ထားမိတတ်တယ်။ တချို့က အခန်းတံခါးပိတ်ပြီး ဘယ်သူနဲ့မှ စကားမပြောတော့ဘူး။ မကျေနပ်တာကို ရင်ထဲထည့်ထားပြီး တစ်ယောက်ထဲ စိတ်တိုဒေါသထွက်တတ်တယ်။ တချို့က မျက်မှောင်ကျုံ့ပြီး တောင်တောင်မြောက်မြောက် လျှောက်တွေးတတ်တယ်။ နောက်ဆုံးတော့ တွေးလေ စိတ်ညစ်လေ၊ ဒေါသထွက်လေ၊ ဝမ်းနည်းလေ ဖြစ်ကြရတယ်။ ဒီလိုအချိန်မျိုးမှာ ကိုယ့်စိတ်ကို ညှင်းပန်းနှိပ်စက်နေတဲ့အရာတွေ အပြင်ထွက်သွားအောင် ကိုယ့်စိတ်ပြတင်းပေါက်ကို ဖွင့်ပေးတတ်ရတယ်။
စိတ်ချမ်းသာမှုတစ်ခုရချင်ရင် ပထမဦးဆုံး စိတ်ညစ်၊ စိတ်ဆင်းရဲစရာတွေထဲကနေ လွတ်မြောက်အောင် ကျွန်တော်တို့ အရင်ကြိုးစားသင့်တယ်။ စိတ်ညစ်စရာနဲ့ ကြုံတဲ့အခါ ခံစားချက် ဝန်ထုပ်ဝန်ပိုးတွေကိုချပြီး အဖြစ်မှန်ကို အရင်သုံးသပ်ကြည့်သင့်တယ်။ ပြီးမှ ဖြေရှင်းသင့်တဲ့အရာကို ဖြေရှင်းပြီး ဖြေရှင်းစရာမလိုတဲ့၊ ကိုယ့်စိတ်ကို ပိုရှုပ်ထွေးအောင်လုပ်တဲ့ အမှိုက်တွေကိုတော့ ဆုံးဖြတ်ချက် ဒုံးဒုံးချပြီး လွှင့်ပစ်တတ်ရတယ်။ ဒီလိုလုပ်ဆောင်နိုင်မှ စိတ်တွေလန်းဆန်းပြီး ဦးနှောက်တွေ ကြည်လင်လာနိုင်တယ်။ စိတ်ညစ်စရာတွေကို ဥပေက္ခာပြုတတ်ဖို့၊ စွန့်လွှတ်တတ်ဖို့ လိုပါတယ်။
ဥပေက္ခာပြုတတ်၊ စွန့်လွှတ်တတ်ဖို့ဆိုတဲ့ထဲမှာ မှတ်သားသင့်တဲ့ ပုံပြင်တစ်ပုဒ်က ဒီလိုဆိုထားပါတယ်။

Monday, 12 September 2011
Saturday, 10 September 2011
ညာသန်
နင်...ငါ့ကိုမချစ်ပါဘဲ
ရင်ထဲကမပါ
နှုတ်ဖျားကလာတဲ့စကားတွေနဲ့
အရမ်းချစ်ပါတယ်လို့
ညာပြောတယ်...
ကော်ဖီဆိုင်ထိုင်ဖို့
နင်ပဲပြောခဲ့ပြီး မရောက်လာခဲ့တဲ့အဖြစ်တွက်
အလုပ်များနေလို့ပါလို့
ညာပြောတယ်......
ဖုန်းဆက်တဲ့အခါ ဖုန်းကိုင်သူဟာ
နင်ဖြစ်ပါလျှက်နဲ့
နင်မရှိပါဘူးလို့
နင် ...

Subscribe to:
Posts (Atom)