Saturday, 24 September 2011
သူမကို
ကိုယ့်ကိုမြင်ရင် အေးစက်နေတတ်တဲ့ သူ့မျက်ဝန်းနက်တွေက
သူမကိုကြည့်ရင် ရွှန်းလဲ့ပြီး တဖြတ်ဖြတ်လက်လို့...
ကိုယ်နဲ့ကျရင် ခပ်တင်းတင်းစေ့ပိတ်ထားတဲ့ သူ့နှုတ်ခမ်းတွေက
သူမနဲ့တွေ့ရင် အပြုံးပန်းတွေနဲ့ လန်းဆန်းလို့...
ကိုယ်ရေးထားတဲ့စာလေးတွေကို ငဲ့လို့တောင် ဖတ်မကြည့်တဲ့သူက
သူမအတွက်တော့ ကဗျာလေးတွေတောင် ကိုယ်တိုင်စပ်လို့...
ကိုယ့်အတွက် ဘယ်တုန်းကမှ မဟုတ်ခဲ့တဲ့ သူ့အချိန်တွေလည်း
သူမအတွက် အကြိမ်ကြိမ်ကုန်ဆုံးလို့...
ကိုယ့်ကို ဥပက္ခာပြုနေကျ သူ့နှလုံးသားလေးကလည်း
သူမအတွက် တသက်တာစာ ရပ်တည်ရှင်သန်လို့...
သြော်... သူရယ်
ခံနိုင်ရည် မရှိတဲ့အဆုံးမှာ
ကိုယ် မချိပြုံးလေးနဲ့ ခပ်တိုးတိုးညည်းမိတယ်
"သူမကို အားကျလိုက်တာဟယ်..."လို့။
စာရေးသူ-ရွှေပြည်သူ
http://www.shwepyithu.blogspot.com/
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
လာရောက်ဖတ်ရှုကြတဲ့ စာဖတ်သူများ အားလုံးကိုကျေးဇူးတင်ပါတယ်....