Wednesday, 21 September 2011

ဆု

တစ်ယောက်တည်း...
အလွမ်းတွေ .. ဖန်တီးစရာမလိုပဲ
လျှံလျှံကျလာတဲ့အခါ ...အထီးကျန်မိတယ်...
.အတွေးထဲ...
စိတ်ကူးတွေ ...ဖန်တီးစရာမလိုပဲ
ချစ်သူရောက်လာတဲ့အခါ.....ကြည်နူးမိပြန်တယ်...
.လောကဓံရဲ့ ...လှိုင်းဂယက်ထဲ
ဘ၀တွေ လက်ပစ်ကူးနေရတဲ့အချိန်မှာ
“အချစ်က ချိုမြိန်တယ်“ ဆိုတဲ့ စကားကို
ဟာသလားလို့ မေးချင်မိရဲ့.......
ကံကြမ္မာရယ် ....ငါ ငိုချင်တယ်
လူခြေတိတ်မှ ရွာတဲ့မိုးလို
လူမမြင်သူမမြင်ငိုချင်တယ် ........။

No comments:

Post a Comment

လာရောက်ဖတ်ရှုကြတဲ့ စာဖတ်သူများ အားလုံးကိုကျေးဇူးတင်ပါတယ်....

Template by:
Free Blog Templates