နင်...ငါ့ကိုမချစ်ပါဘဲ
ရင်ထဲကမပါ
နှုတ်ဖျားကလာတဲ့စကားတွေနဲ့
အရမ်းချစ်ပါတယ်လို့
ညာပြောတယ်...
ကော်ဖီဆိုင်ထိုင်ဖို့
နင်ပဲပြောခဲ့ပြီး မရောက်လာခဲ့တဲ့အဖြစ်တွက်
အလုပ်များနေလို့ပါလို့
ညာပြောတယ်......
ဖုန်းဆက်တဲ့အခါ ဖုန်းကိုင်သူဟာ
နင်ဖြစ်ပါလျှက်နဲ့
နင်မရှိပါဘူးလို့
နင် ...
ညာပြောတယ်........
နင်ညာပြောခဲ့တဲ့
အကြောင်းတွေကိုသာ
ငါဆုံးခန်းတိုင်အောင် စာစီရရင်
ငါ့ညာဘက်လက်လေးညောင်းသွားနိုင်တယ်
တကယ်တော့
နင်ဟာအညာသန်တဲ့
ညာသန်တစ်ယောက်ပါပဲ....
ရင်ထဲကမပါ
နှုတ်ဖျားကလာတဲ့စကားတွေနဲ့
အရမ်းချစ်ပါတယ်လို့
ညာပြောတယ်...
ကော်ဖီဆိုင်ထိုင်ဖို့
နင်ပဲပြောခဲ့ပြီး မရောက်လာခဲ့တဲ့အဖြစ်တွက်
အလုပ်များနေလို့ပါလို့
ညာပြောတယ်......
ဖုန်းဆက်တဲ့အခါ ဖုန်းကိုင်သူဟာ
နင်ဖြစ်ပါလျှက်နဲ့
နင်မရှိပါဘူးလို့
နင် ...
ညာပြောတယ်........
နင်ညာပြောခဲ့တဲ့
အကြောင်းတွေကိုသာ
ငါဆုံးခန်းတိုင်အောင် စာစီရရင်
ငါ့ညာဘက်လက်လေးညောင်းသွားနိုင်တယ်
တကယ်တော့
နင်ဟာအညာသန်တဲ့
ညာသန်တစ်ယောက်ပါပဲ....
ကဗျာဆရာ ချာတိတ်ဆိုတာ ယောကျာင်္းလား မိန်းမလား တိတိကျကျ မသိရပေမယ့်လည်း ညာသန်ဆိုတဲ့ကဗျာလေးကို အရမ်းကြိုက်တယ်ဗျာ .. လေးစားပါတယ် ဘာလို့ လဲဆိုတော့ ဘ၀တူတွေမို့ ပါ ကျွန်တော် လည်း ညာဘက်လက်လေး တော်တော်ညောင်းခဲ့ဖူး(ညောင်းနေပြီ)လို့ ပါ။
ReplyDelete