Thursday, 26 January 2012

သို့...ချစ်သူ

ချစ်သူ ...
တခါတလေ စိတ်ဓါတ်ပျော့ညံ့ပါ
မနေတတ်အောင်လွမ်းတယ်ဆိုတဲ့စကား
မင်းနှုတ်ဖျားက ကြားဖူးချင်လို့ ။

ချစ်သူ ...
တခါတလေ အပိုတွေပြောစမ်းပါ
အရမ်းချစ်တယ်ဆိုတဲ့ စကား
မလိုအပ်လဲ ထပ်ကြားချင်လွန်းလို့ ။

ချစ်သူ ...
တခါတလေ ဟန်ဆောင်နေကြည့်ပေးစမ်းပါ
ငါမရှိရင် မဖြစ်တော့သလိုဘဝမျိုး
ဟုတ်နိုးနိုးနဲ့ တိတ်တခိုး ကျေနပ်နေချင်လို့ ။

Cinderella
04/04/2011

1 comment:

  1. တခါတလေ အပိုတွေပြောစမ်းပါ
    အရမ်းချစ်တယ်ဆိုတဲ့ စကား
    မလိုအပ်လဲ ထပ်ကြားချင်လွန်းလို့
    ------ဟုတ်တာပေါ့ အမြဲကြားနေလဲ
    မရိုးသွားပါဘူးလေ

    ReplyDelete

လာရောက်ဖတ်ရှုကြတဲ့ စာဖတ်သူများ အားလုံးကိုကျေးဇူးတင်ပါတယ်....

Template by:
Free Blog Templates