``သား...ကျောင်းမသွားချင်ဘူးမေမေ´´
``ဘာဖြစ်လို့လဲသားရဲ့´´
``ကျောင်းရောက်ရင် သားကို ကကြီး ရေးပြပါလို့ ခိုင်းလိမ့်မယ်မေမေရဲ့´´
``ဒါများ....ဘာခက်လို့လဲ သားရယ်၊ ရေးပြလိုက်ပေါ့´´
``မေမေ ဘာသိလို့လဲ၊ ကကြီး ရေးပြီးရင် သူတို့က ခခွေးပါ ဆက်ပြီး ရေးခိုင်းကြဦိးမှာ.....´´
(၁)
အဲဒီဟာသထဲက ကလေးငယ်ရဲ့ စဉ်းစားပုံ စဉ်းစားနည်းဟာ လူကြီးတွေအတွက် ရယ်စရာ ဖြစ်ကောင်းဖြစ်နေမှာပါ။
ဒါပေမယ့်
တစ်ဖက်က ပြန်စဉ်းစားရင် ကလေးငယ်ဟာ(သူ့ကိုယ်သူတော့)အင်မတန်မှ အမြော်အမြင်
ကြီးမားစွာ စဉ်င်္းစားဆုံးဖြတ် လိုက်တယ်လို့ အောက်မေ့မှာ မလွဲပါဘူး။
မှန်ပါတယ်။
သူ့မှာလည်း ကလေး တစ်ယောက်ရဲ့ အတိုင်းအတာနဲ့ မြော်မြင်ဆင်ခြင်ကြည့်တဲ့
စဉ်းစားနည်း (Speculative Thinking) ရှိနေတာပဲ မဟုတ်လား။
အမေ လုပ်တဲ့သူက ``ကကြီး´´ရေးခိုင်းရင် ``ကကြီး´´ရေးလိုက်၊
``ခခွေး´´ ရေးခိုင်းရင် ``ခခွေး´`ရေးလိုက်၊ ``ဂငယ်´´ ရေးခိုင်းတဲ့ အခါကျတော့လည်း ``ဂငယ်´´ရေးလိုက်ပေါ့လို့ စဉ်းစားတယ်။
အဲဒီလို
တစ်ခုချင်းစီ ဖြတ်သန်းရင်းနဲ့ သူ့သားငယ်ဟာ တဖြည်းဖြည်းနဲ့
စာတတ်မြောက်တဲ့သူ တစ်ယောက် ဖြစ်လာမယ် ဆိုတဲ့ စိတ်နဲ့ ``နိဂုံး´`တစ်ခုကို
ဆင်ခြင်ထားတယ်။
ကလေးငယ်ရဲ့ ဆင်ခြင်မှုကလည်း မမှာယွင်းပါဘူး။
``ကကြီး´´ ပြီးရင် ``ခခွေး´´၊ ``ခခွေး´` ပြီးရင် ``ဂငယ်´´ စသည်ဖြင့် မဆုံးတမ်းလာတော့မယ် ဆိုတာ သူလည်း တွေးနေမိတာပဲ။
Friday, 27 January 2012
Thursday, 26 January 2012
သို့...ချစ်သူ
ချစ်သူ ...
တခါတလေ စိတ်ဓါတ်ပျော့ညံ့ပါ
မနေတတ်အောင်လွမ်းတယ်ဆိုတဲ့စကား
မင်းနှုတ်ဖျားက ကြားဖူးချင်လို့ ။
ချစ်သူ ...
တခါတလေ အပိုတွေပြောစမ်းပါ
အရမ်းချစ်တယ်ဆိုတဲ့ စကား
မလိုအပ်လဲ ထပ်ကြားချင်လွန်းလို့ ။
ချစ်သူ ...
တခါတလေ ဟန်ဆောင်နေကြည့်ပေးစမ်းပါ
ငါမရှိရင် မဖြစ်တော့သလိုဘဝမျိုး
ဟုတ်နိုးနိုးနဲ့ တိတ်တခိုး ကျေနပ်နေချင်လို့ ။
Cinderella
04/04/2011

Saturday, 21 January 2012
Hate
I hate you truly. Truly I do.
Everything about me hates everything about you.
The flick of my wrist hates you.
The way I hold my pencil hates you.
The sound made by my tiniest bones were they trapped
in the jaws of a moray eel hates you.
Each corpuscle singing in its capillary hates you.
Look out! Fore! I hate you.
The blue-green jewel of sock lint I’m digging
from under my third toenail, left foot, hates you.
The history of this keychain hates you.
My sigh in the background as you explain relational databases
hates you.
The goldfish of my genius hates you.
My aorta hates you. Also my ancestors.
A closed window is both a closed window and an obvious
symbol of how I hate you.
My voice curt as a hairshirt: hate.
My hesitation when you invite me for a drive: hate.
My pleasant “good morning”: hate.
You know how when I’m sleepy I nuzzle my head
under your arm? Hate.
The whites of my target-eyes articulate hate. My wit
practices it.
My breasts relaxing in their holster from morning
to night hate you.
Layers of hate, a parfait.
Hours after our latest row, brandishing the sharp glee of hate,
I dissect you cell by cell, so that I might hate each one
individually and at leisure.
My lungs, duplicitous twins, expand with the utter validity
of my hate, which can never have enough of you,
Breathlessly, like two idealists in a broken submarine.
(Julie Sheehan)

Thursday, 19 January 2012
အလွမ်းဝတ္ထု
ဒို့ကို အွန်လိုင်းမှာ မတွေ့ရင် မချစ်ဘူးလို့ မထင်နဲ့ဦး။ အဲဒီမှာဒို့မရှိလည်း တို့စိတ်ထဲမှာ မင်းအမြဲရှိတာပဲ......။ သူဒီလိုစကားတိုးတိုးလေး ပြောလျှင် အလွန်ချစ်စရာကောင်းပါသည်။ ဖြစ်နိုင်ရင်ဧရာဝတီဘေးက ကမ်းနား အကြော်ဆိုင်မှာ သင်္ဘောတွေဆီက ဥသြသံ ကျောပေးရင်းနက်စ်ကော်ဖီတစ်ခွက် သူ့အား ဖျော်တိုက်ချင်ပါသည်။ ကျွန်မ၏အခန်းကျဉ်းလေးထဲမှာ ရေဒီယိုမှ လွှင့်နေသော `` မင်းမရှိတဲ့နောက်´´သီချင်းမှလွဲ ၍ အရာရာဟာ ထိတ်လန့်ကြောက်မက်ဖွယ်ရာ တိတ်ဆိတ်နေကြောင်း
ဘယ်သူ့ကိုမှ ပြောပြမနေချင်တော့ပါ။ ဘာပဲဖြစ်ဖြစ် အဲဒီသီချင်းဆုံးလျှင်အလွမ်းများနဲ့ ခဏလောက် ယစ်မူးပါရစေ။ကျွန်မ ဘောလုံး အသင်းတွေအကြောင်းသိပ်မသိပါ။ ကစ္စပနဒီမြစ် တောင် နဲ့မြောက် တလှည့်စီ စီးဆင်းလေ့ရှိကြောင်းတော့ ကြားဖူးပါသည်။သိချင်သည်မှာချစ်ခြင်းမေတ္တာကရော ဒီလိုပဲ တောင်လိုလို မြောက်လိုလို တွေ့ရာအရပ်စီးဆင်းတတ်ပါသလား။ ကျွန်မချစ်သောသူသည် ကျွန်မလို မေရှင်သီချင်း ကြိုက်ရန်လိုမလို လက်ရှိအသက်အရွယ်အရ မဝေခွဲတတ်ပါ။ ခုနက၀င်လာတာ oversea call လေသိတယ်မလား....သူက သိပ်ဂရုစိုက်တတ်တော့ ဒီလိုပဲ မကြာခဏခေါ်နေတော့တာပဲ...ဟဲ ဟဲ..။
သြော်...အင်း။ ဖုန်းထဲမှာ ဘာ ဘာသာစကားနဲ့ ပြောကြသလဲမမေးဖြစ်ပါ။

သင့်ကိုတကယ်ချစ်တဲ့ မိန်းကလေးက
သူလိုချင်တာတွေ သိပ်မများဘူး
သူလိုချင်တာတွေက....
ကရော်ကပျက် အနမ်းမဟုတ်ဘူး
လေးနက်အလေးထားတဲ့ တည်ငြိမ်ခြင်းဖြစ်တယ်။
ဖုန်းတစ်ခါ ပြောရဖို့မဟုတ်ဘူး
သင့်အသံကို သူကြားချင်လို့ဖြစ်တယ်။
ဖြစ်ကတတ်ဆန်းပွေ့ဖက်တာ မဟုတ်ဘူး
စစ်မှန်တဲ့ နွေးထွေးမှုလေးရဖို့ဖြစ်တယ်။
(၁ဝဝ)ကရက် စိန်လက်စွပ်မဟုတ်ဘူး
ရိုးသားစစ်မှန်တဲ့ နှလုံးသားတစ်စုံပဲဖြစ်တယ်။
ခမ်းနားထည်ဝါတဲ့ တိုက်အိမ်ကြီးမဟုတ်ဘူး
သင်နဲ့အတူ ချမ်းမြေ့တဲ့မိသားစုလေး ပိုင်ဆိုင်ရဖို့ဖြစ်တယ်။
ငွေကြေးတွေဖြုန်းတီးပြီး ကမ္ဘာပတ်ဖို့မဟုတ်ဘူး
သင်နဲ့စက္ကန့်တိုင်း နေချင်တဲ့ဆန္ဒပဲဖြစ်တယ်။
လက်ထပ်စာချုပ်တစ်ခုကို ပိုင်ဆိုင်ရဖို့မဟုတ်ဘူး
သူ့ကို တစ်သက် သင်အဖော်ပြုဖို့ဖြစ်တယ်။
ကြီးကျယ်ခမ်းနားတဲ့ လက်ထပ်ပွဲတစ်ခုမဟုတ်ဘူး
သူ့ကိုပဲ သင်ချစ်တဲ့ သက်သေဖြစ်တယ်။
တကယ်တော့ မိန်းကလေးတွေ လိုချင်တာ သိပ်မများပါဘူး
ဒါကို ယောက်ျားလေးတွေ နားလည်ပေးသင့်တယ်။
.

အချစ်ဆိုတဲ့အရာကို
ညီမလေး ယုံပါသလား ။ ဒီနေရာ မှာ ကိုယ့်ယူဆချက်ကတော့ အချစ်နဲ့ မေတ္တာဟာ
လုံးဝကို ကွဲပြားခြားနားတယ်လို့ ယူဆ လက်ခံထားပါတယ် ။ ညီမလေး နားလည်အောင်
အလွယ်ဆုံးပြောပြရရင်တော့ အချစ်ဆိုတာ လိုချင်တပ်မက်တဲ့ စိတ်တစ်ခုတော့
ကိန်းဝပ်နေတတ်တယ် ။ ပူပြင်းစူးရှတောက်လောင်တယ် ။ အဲဒီအချစ်မှာပဲ
ပေးဆပ်တာရှိတယ် ။ ရယူတာရှိတယ် ။ ရက်စက်တာရှိတယ် ။ တိုက်ခိုက်တာရှိတယ် ။
လိမ်ညာတာလည်း ရှိတယ် ညီမလေး ။ တစ်စုံတစ်ယောက်ကို ချစ်မိပြီဆိုရင် အဲဒီလူဆီက ကိုယ်ချစ်သလောက် ပြန်လည်ရယူလိုတာကတော့ လူသားတိုင်းရဲ့ အတ္တတစ်ခုတော့ ညီမ လေး ။
မေတ္တာဆိုတာ ကတော့ အချစ်နဲ့ ဆင်တူတာမှန်ပေမယ့် အနှစ်သာရကတော့ လုံးဝမတူ
ကွဲပြား ပါတယ် ။ မေတ္တာက အေးမြတယ် ..လမင်းရဲ့ အလင်းရောင်လိုပေါ့ ညီမလေး.... ။
မေတ္တာ စစ်စစ်မှာ ရယူလို တာမရှိဘူး ။ ပိုင်ဆိုင်လိုတာမရှိဘူး
တိုက်ခိုက်လိုစိတ်မရှိဘူး ။ မလိမ်ညာတတ်ဘူး ။ ကိုယ်မေတ္တာထားတဲ့ လူတစ်
ယောက်ရဲ့ ကောင်းကျိုးကိုသာ အစဉ်ရှေးရှုပြီး သူ့အတွက်ကို အချိန်တိုင်း
ပေးဆပ်ဖြည့်ဆည်းပေးတာ မေတ္တာ ပေါ့ကွယ် ။
ညီမလေးလည်း ကိုယ်တကယ်
ချစ်တဲ့သူကို တွေ့ပြီဆိုရင် သာမန်ပူလောင်တဲ့ အချစ်နဲ့ မချစ်ပဲနဲ့ အေးမြတဲ့
မေတ္တာ စစ်စစ်သာ ပေးနိုင်အောင်ကြိုးစားပါ ။ ကိုယ်ကြားဖူးတဲ့ ပုံပြင်လေး
တစ်ပုဒ်ပြောပြမယ် ။ တစ်ခါတုန်းက သဲသောင် ပြင်တစ်ခုမှာ မုန်တိုင်း
ဒါဏ်ကြောင့် ကြယ်ငါးတွေလာပြီး သိန်းနဲ့ချီပြီး သောင်တင်နေသတဲ့ ။ အဲဒီ
အချိန်မှာ မိန်းမပျိုလေး တစ်ဦးဟာ သဲသောင်ပြင်တလျောက် ကြယ်ငါးတွေကို
ကောက်ယူလိုက် ပင်လယ် ရေထဲကို လွှင့်ပစ်လိုက် လုပ်နေပါတယ် ။ မကြာခင်
လူတစ်ယောက်ရောက်လာပြီး သူမရဲ့ လုပ်ရပ်ကို ကြည့်ပြီး ခေါင်းခါရင်းပြောပါတယ် ။
" ဒီမယ် မိန်းကလေး ဒီကြယ်ငါးတွေဟာ ဒီသောင်ပြင်ပေါ်မှာ လာတင်နေတာ
သိန်းနဲ့ချီပြီးလာတင်နေတာကွဲ့ မင်းဒီလို တစ်ကောင်နှစ်ကောင်လောက် ရေထဲ
ပစ်ချယုံနဲ့ ဘာထူးမှာလဲကွယ် ဒီအတိုင်းနေလဲ သူတို့တွေ မကြာ ခင်
အကုန်သေကြရတော့မှာပဲ "
အဲဒီအခါ မိန်းမပျိုလေးက အဲဒီလူကို ကြည်လင်စွာ ပြုံးပြရင်း
" ရှင်ပြောတာမှန်ပါတယ် ဒီအတိုင်းပဲ ကြယ်ငါးတွေ အကုန်သေကြရမှာပါ ဒါပေမယ့်
ကျွန်မရေထဲကို လွှတ်လိုက် တဲ့ ကြယ်ငါးတစ်ကောင်ကတော့ အနည်းဆုံး
အသက်ရှင်ခွင့်ရသွားမယ်လေ "
လို့ပြောပြီး သဲသောင်ပြင်တလျောက် ကြယ်ငါးတွေကို ရေထဲပစ်ချရင်း ထွက်ခွာသွားသတဲ့ ။
ဟုတ်ပါတယ် ညီမလေးရေ... ။ တခါတလေ ကိုယ့်ရဲ့ လုပ်ရပ်လေးတစ်ခုဟာ အနည်းဆုံး
တစ်စုံတစ်ခုကို အကျိုး ရှိစေတဲ့ လုပ်ရပ်လေးဖြစ်အောင် ကြိုးစားရလိမ့်မယ် ။
ဒီလောက်ဆို ညီမလေး... ဘ၀မှာ ဘယ်လို အသက် ရှင်နေ ထိုင်ရမယ်ဆိုတဲ့
နည်းလမ်းကို အရိပ်လေးဖြစ်ဖြစ် မြင်လောက်ရောပေါ့ ။ ကောင်းကောင်း...
အိပ်စက်ပါ ညီမလေး ရေ... ။ နေ့သစ်တွေအတွက် ဘ၀မှာ အဓိပ္ပါယ်ရှိရှိ
ရှင်သန်နေထိုင်ဖို့ တို့တွေ ခွန်အားတွေ ပြည့်ဝနေဖို့ လိုတယ် ။
သက်တန့်ချို
Wednesday, 18 January 2012
မှင်စာကလေးရောင်နီ
ရောင်နီသည် မှင်စာကလေးအဖြစ်သို့ လွန်ခဲ့သော ခုနစ်ရက်ကမှ ရောက်ခဲ့သည်။
လူကလေးကနေပြီး မှင်စာကလေးဖြစ်လိုက်သည်မှာ အင်မတန် မြန်လွန်းလှ၍ ဘာမှန်းပင်
မသိလိုက်ပေ။ သူသည် မှင်စာဖြစ်နေမှန်း ကိုယ့်ကိုယ်ကို သိသော်လည်း
ပျော်ရမှာလား၊ ဝမ်းနည်းရမှာလား မစဉ်းစားတတ်။ နဂိုစိတ်အတိုင်းဆိုလျှင်တော့
လူတုန်းကရှိသည့်အတိုင်း ပျော်ရွှင်အပြစ်ကင်းသော ကလေးစိတ်ပင် ရှိသည်ဟု
ဆိုရမည်။
မှင်စာမဖြစ်ခင်ကတော့ မှင်စာဆိုသည်မှာ တစ္ဆေအငယ်စားပေတည်းဟု သာမည သိသည်။ မှင်စာသည် တစ်စုံတစ်ယောက်ကို ခုနစ်ပတ်ပတ်လိုက်လျှင် ထိုလူ ကိစ္စချောပါရော ဟူ၍လည်း ကြားဖူးသည်။ မှင်စာသည် ကြောင်နက်ကလေးများပမာဆောင်၍ လူကို ပတ်တတ်သလိုလိုလည်း ကြားဖူးနားဝ ရှိလေရကား ရောင်နီအင်မတန်ချစ်သည့် ကြောင်ကလေး မိစိန်ကိုပင် ည၌ မှောင်မှောင်များတွင် ခြေကို ခေါင်းနှင့် လာလာဝှေ့သည့်အခါ ကြောက်ကြောက်နှင့် ကန်ပစ်တတ်သည်။
မှင်စာဆိုသည်မှာကား အခုထိမသိ။ ရောင်နီသည် မသေခင်က ရောင်နီကလေးအတိုင်းပင် ရှိ၏။ မိမိခေါင်းပေါ်ကို ပြန်စမ်းကြည့်လျှင် နီကြင်ကြင်ရှိ၍ အထွေးလိုက်ခဲသော သျှောင်ထုံးကလေးကို စမ်းမိသည်။ ဆံရစ်ဝိုင်းကလေး ထိုးထိုးထောင်ထောင်ကိုလည်း စမ်းမိသည်။ သျှောင်ထုံးတင်းတင်းထုံးထားသဖြင့် အဖူးအသီးကလေးများ ထနေသော ချာရစ်ဝိုင်းကိုလည်း စမ်းမိသည်။
ထိုအခါ ရောင်နီသည် 'အလို ... မင်စာကလည်း ဒီလိုပါပဲကလား' ဟု အံ့သြမိလေသည်။ စင်စစ်တော့လည်း ရောင်နီသည် ကလေးသေလျှင် မှင်စာဖြစ်သည်ဟု ဆိုရိုးရှိ၍သာ ကိုယ့်ကိုယ်ကို မှင်စာဟု အမည်တပ်လိုက်ရသည်။ ဘာရယ်လို့တော့ မဟုတ်လှ။
သေခါစကဆိုလျှင် ရောင်နီသည် အလောင်းစင်ဘေးမှ မတ်တတ်ရပ်ကာ အံ့သြခြင်းသာ ကြီးစွာဖြစ်သည်။ မသာခုတင်မှာ ဘုန်းကြီးကျောင်းမှ ဟောင်းအိုစုတ်ချာလှသော ဘယ်သူသေစဉ်ကစ၍ လှူထားမှန်းမသိသည့် ပွတ်လုံးပွတ်တိုင် မြိုင်မြိုင်နှင့် ခုတင်ပေတည်း။ ထိုခုတင်ကို မသာအိမ်များမှ ငှားကာ အလောင်းစဉ်ပြင်သည်ကို ရောင်နီ အသက်ပိုင်းခြား ဆယ့်နှစ်နှစ်သောကာလတွင် မကြာခဏ မြင်ခဲ့လေပြီ။
ခုတင်သည် ဘယ်လောက်ပင် အိုဟောင်းသော်လည်း သေသည်အထိ ဝါးကြမ်းပြင်ပေါ်တွင် ဖျာမခင်းဘဲ အိပ်ခဲ့ရသော ရောင်နီအဖို့ မိမိ၏ မလှုပ်ရှားတော့သော ရုပ်ခန္ဓာကို ခုတင်ပေါ် အစန့်သား မြင်ရသည်မှာ ကျေနပ်စရာပင်တည်း။

Monday, 16 January 2012
တစ္ဆေ
အိပ်လို့မရ
ညကြီးမင်းကြီး၊ ထပြီးထိုင်နေ
မွေ့ရာတွေလဲ၊ ကြေမွတွန့်လိပ်
သိပ်စိတ်ညစ်တယ်၊ သတိပြယ်လွင့်
ခိုတွယ်စရာ၊ အတည်မကျ။
အပြင်ဘက်မှာ
သစ်ရွက်တွေကြား၊ ကြယ်လေးငါးပွင့်
စကားပင်အို၊ ကန်ရေစိုစွတ်
ဟိုမှာလှုပ်လှုပ်၊ ငုတ်တုတ်လက်ကမ်း
စမ်းလျှောက်သွားနေ၊ မြက်ချုံတွေထဲ
တစ္ဆေ ငါကိုယ်တိုင်ပါပဲ။
ခုတင်ခြေရင်း
ဖြည်းနင်းရှပ်ရှပ်၊ မတ်တပ်ထလိုက်
ခန်းဝကိုလာ၊ ဝရန်တာမှာ
သည်မှာတစ်ယောက်၊ တစ္ဆေခြောက်လှန့်
ကြောက်ကြောက်နှင့်ကြည့်၊ မျက်နှာလှည့်စမ်း
တည့်တည့်လှမ်းမြင်၊ အော်ငိုချင်မိ
တဆင်တည်းပဲ သူနှင့်ငါ။
မြစ်နက်ထဲမှာ
ငါ-ရေနစ်မြှုပ်၊ ချမ်းပြီးကုပ်နေ
ကုက္ကိုကိုင်းကြား၊ ငါနေနားလိုက်
ဘုရားရှေ့မှောက်၊ ဒူးထောက်ရောက်ပြန်။
မောပန်းလျနှင့်
တစ်ယောက်သောငါ၊ ငါများစွာမှ
ထလာလွင့်ပါး၊ မောင့်အနားကို
စကားထွေရာ၊ ငိုသံပါနှင့်
ဘာမှမကြား၊ မောင့်အနားမှာ
"ထသွားစို့ဆို၊ မေ့ကိုအိပ်မက်
မမက်ဘူးလား"၊ တစ္ဆေဖြားယောင်း
မှုန်မွှားစိတ်ဝယ်၊ အရိပ်ထင်။ ။
ကြည်အေး

(တာရာမဂ္ဂဇင်း ၊ အတွဲ ၃ ၊ အမှတ် ၂ဝ ၊ ၁၉၄၇)
Monday, 9 January 2012
Saturday, 7 January 2012
နှင်း
နှင်းဖွဲဖွဲအောက်တွင် ရှင်နှင့် ကျွန်မ မြစ်ကူးပေါင်းမိုးတံတားကြီးပေါ်မှာ အတူလမ်းလျှောက်ခဲ့ကြသော ဇန်န၀ါရီနံနက်ခင်းတစ်ခုကို သတိရမိသည်။ အပေါ်ယံမှာ ရေခဲနေသော မြစ်ကို တံတားအုတ်လက်ရန်းဘောင်မှ ငုံ့ ကြည့်ရင်း အဲသည် ရေခဲလွှာပေါ်မှာ လမ်းလျှောက်ချင်စိတ်ဖြင့် အသည်းယားနေသော ကျွန်မကို ရှင် ရယ်မောခဲ့ပါသည်။
" အဲဒီ ရေခဲလွှာက ပါးပါးလေးကွ၊ မင်း ကိုယ်အလေးချိန်ကို မခံနိုင်သေးဘူး၊ အဲဒီအပေါ် မင်း မတ်တတ်ရပ်လိုက်တာနဲ့  ရေခဲလွှာလေး ကွဲအက်ပြီး မင်းတစ်ကိုယ်လုံး ရေခဲရေထဲ နစ်သွားမှာပေါ့ "
" နစ်ချင်မှလည်း နစ်မှာပေါ့ "
ဘာကြောင့်များ ကျွန်မ ရှင်နှင့် အတိုက်အခံလုပ်ခဲ့မိမှန်း မသိပါ။ အဲသည်စကားကို ပြောနေခဲ့တုန်းက ကျွန်မ ပြုံးစစမျက်နှာပေး ရှိနေခဲ့လိမ့်မည်ဆိုတာတော့ သေချာပါသည်။ သို့ သော် ရှင်ကတော့ ကျွန်မ စ, နောက်လိုက်သည်ဟု ခံစားမိပုံ မပေါ်ခဲ့ပါ။
" စမ်းကြည့်ချင်သလား.....ဟုတ်လား "
ရှင်၏ ခပ်တည်တည်မျက်နှာထားက ကျွန်မ၏ မခံချင်စိတ်ကို ဆွပေးလိုက်သလို ရှိသည်။
တကယ်တော့ မြစ်ကမ်းဘေးက ထိုင်ခုံတန်းလျားလေးမှာပဲ ကျွန်မတို့ နှစ်ယောက် အတူထိုင်ခဲ့ကြဖို့  ကောင်းသည်။ ထိုင်ခုံပျဉ်ခင်းပေါ်မှာ နှင်းရေဖြင့် စိုရွှဲနေစေဦးတော့၊ ကျွန်မကသာ ထိုင်ချင်သည်ဆိုလျှင် ရှင်က အပေါ်ဝတ် နှင်းကာအင်္ကျီကိုချွတ်ပြီး ခုံပေါ်မှာ ဖြန့် ခင်းပေးကောင်း ပေးပါလိမ့်မည်။ ပြီးဆုံးသွားခဲ့သော ကာလများ၏ တကယ်မပြုလုပ်ဖြစ်ခဲ့သောအကြောင်းအရာကို “ အကယ်၍ ” ဆိုသော စကားလုံးဖြင့် ပြန်လည်မှန်းဆကြည့်ရတာ ရင်နာစရာကောင်းပါသည်။
မြစ်ကမ်းဘေးက မြက်ခြောက်အစပ်မှာ မတ်တတ်ရပ်ရင်း ကျွန်မ၏ ခြေတစ်ဖက်ကို မြစ်အပေါ်ယံ ရေခဲလွှာပြင်ပေါ်သို့  မရဲတရဲ ချကြည့်လိုက်ချိန်တွင် ရှင်သည် လက်နှစ်ဖက် တင်းတင်းပိုက်ကာ ခပ်လှမ်းလှမ်းမှ စောင့်ကြည့်နေခဲ့သည်။ ရှင့်မျက်နှာထားကို ကျွန်မ မကြိုက်ပါ။ ကလေးဆိုးတစ်ယောက်ကို မှတ်လောက် သားလောက် ဒုက္ခတွေ့ စမ်းပါစေ ... ဟူသော မျက်နှာထားမျိုး ဖြစ်သည်။ အလိုလိုက်သော မောင်တစ်ယောက်၏ ချစ်ခင်မြတ်နိုးစွာ အလျှော့ပေးလိုက်သော၊ ဒုက္ခဖြစ်လျှင်တော့ ကယ်တင်နိုင်ရန် အဆင်သင့်စောင့်နေသော အပြုံးမျိုး ရှင်ဘာကြောင့် မပြုံးနိုင်ခဲ့ရတာလဲ။ ကျွန်မ ရေမကူးတတ်မှန်းလည်း ရှင် ကောင်းကောင်းသိခဲ့သည်။ ဤ မြစ်သည် လူ့ အရပ်သုံးပြန်စာလောက် နက်ရှိုင်းသည်ဟုလည်း မကြာမီကပဲ ရှင် ပြောထားခဲ့သည်။ ကျွန်မ ရေနစ်မသွားနိုင်ပေဘူးလား။ ကျွန်မ ရေနစ်သွားခဲ့လျှင် ရှင် ဆယ်မည် မဆယ်မည် မသေချာသော်လည်း ရှင် မဆယ်နိုင်မီမှာပင် အအေးဒဏ်ကြောင့် ကျွန်မ သေသွားနိုင်ခဲ့ပါသည်။
Friday, 6 January 2012
ကလေးအတွေး ၎
ကလေးနှစ်ယောက် ဆရာဝန်ထံရောက်လာသည်။
ဆရာဝန်က “ဘာဖြစ်လို့လဲ သားတို့”ဟုမေးသောအခါ
ကလေးငယ်တစ်ယောက်က…
“ကျွန်တော် ဆယ်ပြားစေ့ကို မျိုချလိုက်မိတယ် ခင်ဗျ”
ထိုအခါ ဆရာဝန်က ဘေးမှပါလာသော အခြားကလေးငယ်ကို ကြည့်လိုက်သည်။ ထိုကလေးက အော်ဟစ်ငိုရှိုက်နေသည်။
“နေစမ်းပါဦီး၊မင်းကရော …ဘာဖြစ်လို့ငိုနေတာလဲ”
ကျန်ကလေးငယ်က ရှိုက်သံကြားမှ ဖြေသည်။
“သူမျိုချလိုက်တဲ့ ပိုက်ဆံက ကျွန်တော့်ပိုက်ဆံ ခင်ဗျ”
………………..
ကျွန်တော်တို့ လူကြီးတွေရော ဘာထူးလို့လဲဟုကျွန်တော်တွေးမိသည်။
သူတပါး၏ဒုက္ခကို စာနာဖို့ထက်

Thursday, 5 January 2012
“ချည်တိုင်မဲ့ရင်ခွင်”
တကယ်တော့
သံယောဇဉ်ဆိုတဲ့ကြိုးနဲ့
ဘ၀ကိုထုပ်ပိုးချင်ခဲ့တာပါ။
ချစ်ခြင်းရဲ့ပွင့်ဖတ်တွေနဲ့
ဘ၀ပြဇာတ်ကို စင်တင်ခဲ့တာပါ။
ပက်ကြားအက်နှလုံးသားပေါ်မှာတော့
အထီးကျန်မေတ္တာပန်းတွေပဲ
ညှိုးနွမ်းစွာပွင့်လို့ပေါ့။
ငါ့နံရိုးတချောင်းကိုပြန်ရှာတွေ့ဖို့
ခြေဆန့်ခဲ့ရတဲ့နေ့ရက်တွေမှာ
ပွေ့ဖက်စရာကောင်းကင်တွေ
"မှောင်တယ်။ အရမ်းပဲ။ မင်းမရှိတော့ရင်……"
ဒီပတ်ဝန်းကျင်က စွတ်စိုထိုင်းမှိုင်းလို့။
လရောင်ကိုအိပ်မက်ထဲထိ သယ်သွားချင်နေတဲ့အတွေးနဲ့။
စကားလုံးတစ်ချို့တစ်လေ လဲပြိုသွားတဲ့အသံကို ငါကြားတယ်။
အဲ့ဒီ့လက်ဖမိုးလေးကို ဆုပ်ကိုင်ထားရင်းနဲ့ပဲ နေ၀င်။
ယုံကြည်မှုမီးတောင်ဟာ စိတ်ထဲမှာတင်အကြိမ်ကြိမ်ပေါက်ကွဲ။
မကြာခဏမိုက်ရူးရဲဆန်နေမိခဲ့တယ်။
မွန်းကျပ်နေတာပဲ။
အသိဥာဏ်ထဲကအတိတ်ကို လက်ညှိုးထိုးပြီးအန်ချလို့ရရင်ကောင်းမယ်။
တစ်စုံတစ်ယောက်ကိုများတွေ့လိုက်မိသေးလား။

Tuesday, 3 January 2012
ပန်းတိုင်းရယ်……… တ,တိုင်း မွှေးစေတော့…..
Facebook စာမျက်နှာပေါ်မှာ ဗွီဒီယိုဖိုင်တခု ကြည့်လိုက်ရပါတယ်။
မြန်မာယောက်ျားလေးတစုက မြန်မာမိန်းကလေးနှစ်ယောက်ကို မညှာမတာ
ရိုက်နှက်နေတာပါ။ ကြည့်ပြီးတော့ ရင်ထဲမှာ တော်တော်လေးကို မကောင်းဖြစ်မိတယ်။
ဒီလောက်ထိတော့ မလုပ်သင့်ကြပါဘူးလေ ဆိုတဲ့အတွေးက အများနဲ့ထပ်တူထပ်မျှပါ။
အမှန်အတိုင်း ရိုးသားစွာ ၀န်ခံရရင် ဒီထက်ပိုတဲ့မှတ်ချက်အနေနဲ့ ရင်ထဲမှာ
မရှိသလို ဒီမိန်းကလေးနှစ်ယောက်ဘက်က ပြတ်ပြတ်သားသား
ရပ်တည်နိုင်တဲ့အင်အားလည်း ကျနော့်မှာကင်းမဲ့နေခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့
ဒီဗွီဒီယိုဖိုင်ဟာ မလေးရှားမှာဖြစ်ခဲ့တဲ့ အကြောင်းအရာတခုဖြစ်သလို
ကျနော်ကိုယ်တိုင် ဆယ်စုနှစ်တခုစာလောက် မလေးရှားနိုင်ငံမှာ ရှိနေခဲ့လို့ပါ။
ရေးမယ်ရေးမယ်နဲ့ စိတ်ကူးသာရှိခဲ့တဲ့ အကြောင်းအရာတွေလည်း
ဗွီဒီယိုဖိုင်နဲ့အတူ ဟိုတစဒီတစ ပြန်ပေါ်လာခဲ့ပြီး ရင်ထဲမှာလည်း
ခံစားချက်ပေါင်းများစွာနဲ့ ပြည့်သိပ်မွန်းကျပ်နေပါတယ်။ သေချာပါတယ်။ တစုံတခု
(သို့) တစုံတခုပေါင်းများစွာကို ချရေးဖြစ်တော့မယ်လို့………..
Subscribe to:
Posts (Atom)