Friday, 30 December 2011
မင်းတယောက်ပါ....
ဘ၀လမ်းကြမ်းကြမ်းကို
အနမ်းတွေနဲ့ လန်းဆန်းစေခဲ့တဲ့ချစ်သူ....
မတူညီတာတွေဘေးချိတ်
ညီမျှခြင်းတွေနဲ့ ချွေးသိပ်လို့
မေတ္တာရိပ်တွေနဲ့ အေးစေခဲ့တဲ့ချစ်သူ.....
ဘယ်အရာကို ပူဆွေးနေမလဲ
ရင်အေးအေးသာ ထားပါချစ်သူ.........
ငါ့ရင်ထဲတခါတခေါက်
မှောက်မှောက်မှားမှားနဲ့
အလည်ရောက်ခဲ့ရင်တောင်
မင်းမြင်နိုင်မယ်ထင့်.......
ငါ့တောင့်တစိတ်က
မင်းတယောက်ပါချစ်သူ.......
အနမ်းတွေနဲ့ လန်းဆန်းစေခဲ့တဲ့ချစ်သူ....
မတူညီတာတွေဘေးချိတ်
ညီမျှခြင်းတွေနဲ့ ချွေးသိပ်လို့
မေတ္တာရိပ်တွေနဲ့ အေးစေခဲ့တဲ့ချစ်သူ.....
ဘယ်အရာကို ပူဆွေးနေမလဲ
ရင်အေးအေးသာ ထားပါချစ်သူ.........
ငါ့ရင်ထဲတခါတခေါက်
မှောက်မှောက်မှားမှားနဲ့
အလည်ရောက်ခဲ့ရင်တောင်
မင်းမြင်နိုင်မယ်ထင့်.......
ငါ့တောင့်တစိတ်က
မင်းတယောက်ပါချစ်သူ.......
မောင်ပါလ
၃၀.၁၂.၂၀၁၁
( ၂၅ ) နှစ်ပြည့် ဒိုင်ယာရီ
ဒီနေ့ ချာတိတ်ရဲ့ ( ၂၅ ) နှစ်ပြည့် မွေးနေ့...ဘာမှ ထူးထူးခြားခြားလည်း မလုပ်ဖြစ်ပါဘူး.....
မွေးနေ့မတိုင်ခင် တစ်ရက်ကြိုပြီးတော့ ကျေးဇူးရှင်မိဘ အဖေ နှင့် အမေ့ကို ဖုန်းဆက်ပြီး ကန်တော့တယ်..
အမေကတော့ ဒီနေ့ ဘုန်းကြီးကျောင်းကို ဆွမ်းချိုင့်ပို့ပေးမယ်လို့ပြောတယ်.. အဖေကတော့ ဆုတွေ အများကြီးပေးပါတယ်..
အချစ်ရဆုံးချစ်သူ ကိုကိုကလည်း ည ( ၁၂ ) နာရီမှာ ကိုယ့်ကိုဖုန်းခေါ်ပြီး " ယနေ့ကျရောက်သော ချာတိတ်ရဲ့မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် ချစ်သောကိုကိုနှင့် ပျော်ရွှင်စွာနေနိုင်ပါစေ။ " ဆိုပြီး.. Birthday wish လုပ်တယ်...
ခင်မင်ကြတဲ့ သူငယ်ချင်း မိတ်ဆွေ အစ်ကိုအစ်မ များကလည်း ဒီနေရာလေး မှာ Birthday wish တွေ တင်ပေးကြတယ်..အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်...ဒီနေ့ ချာတိတ် အပျော်ဆုံးနေ့တစ်နေ့ပါပဲ.. အွန်လိုင်းပေါ်မှာပဲ တစ်ကယ့်ကို အစ်ကိုအရင်းအစ်မအရင်းတွေကဲ့သို့ ချစ်ခင်ရတဲ့ အစ်ကိုကြီးအစ်မကြီးတို့မိသားစုရဲ့ မွေးနေ့ လက်ဆောင် video လေးအတွက်လေးလည်း ကျေးဇူးတင်ပါတယ်...
အစ်မအရင်းတစ်ယောက်လို ချစ်ရတဲ့ မကြီးရဲ့ မွေးနေ့ ကိတ်

Tuesday, 27 December 2011
ကြိုးညှိစကား
မာယာလို့
ကိုယ်ထင်တဲ့အရာတချို့ အတွက်ရော…
ဒဏ်ရာရခမန်း
အခါခါနာကျင်ရတာတွေ အတွက်ပါ
မင်းကို..
အပြစ်လည်း
မတင်ချင်တော့ပါဘူး…
မင်းလျှောက်တဲ့
လမ်းတလျှောက်မှာ
ကိုယ်က..
မင်းမောမှ
အိမ်
ထူးအိမ်သင်ရဲ့ " အိမ် " ဆိုတဲ့ သီချင်းလေးပါ... အားလုံးပဲ ပျော်ရွှင်ဖွယ်ကောင်းတဲ့ အိမ်လေးတစ်လုံး ပိုင်ဆိုင်နိုင်ပါစေ......
Monday, 26 December 2011
သိသလိုလို မသိသလိုလို
တကယ်ချစ်ခဲ့တာလား
မချစ်ခဲ့ဘူးလား
ဘုရားသခင်သိစရာမလို
... မင်းတယောက်ထဲသိဘို့ လိုတယ် ။။။
သစ္စာတရားဆိုတာကို
တကယ်ယုံကြည်ခဲ့ကြတာလား
မယုံကြည်ခဲ့ ကြဘူးလား
ဘုရားသခင်သိစရာမလို
မင်းတယောက်ထဲသိဘို့ လိုတယ် ။။။
မွေးရာပါ
ဝဠ်နာကံနာတခုလို
ချစ်ခြင်းတရား ငါ့ကို စွဲကပ်
ကျေနပ်တယ်
Monday, 19 December 2011
ယုံကြည်နေပါချစ်သူ
မိုင်တိုင်တွေဘယ်လောက်ဝေးဝေး
နင်ရှိတဲ့မြို့ကလေး
ငါမှန်းလို့လွမ်းနေပါတယ်ချစ်သူ...
ဟိုအရင်အတူရှိခဲ့တဲ့
ဧရာဝတီမြစ်ကမ်းဘေးကညနေလေးနဲ့
နင်ရှိတဲ့မြို့ကလေး
ငါမှန်းလို့လွမ်းနေပါတယ်ချစ်သူ...
ဟိုအရင်အတူရှိခဲ့တဲ့
ဧရာဝတီမြစ်ကမ်းဘေးကညနေလေးနဲ့
ညီမလေး အိအိအတွက်
ဒီနေ့.. အစ်ကိုကြီး ဖိုးခွား (http://phokhorbaketharrlay.blogspot.com) နှင့်အစ်မကြီး မခင်လေးငယ်
တို့ဧ။်... တစ်ဦးတည်းသော ချစ်သမီးလေး အိအိ ရဲ့ ( ၇ ) နှစ်ပြည့်မွေးနေ့အမှတ်တရ
Thursday, 15 December 2011
ဘကြီးအောင်ညာတယ်
“အရှေ့ကျောင်းသား သူတောင်းစား၊ လယ်ပေါ် ကျောင်းသား အကောင်းစား။ ကျောက်မီးသွေးမို့ မည်းသကို၊ တို့ကျောင်းသားမို့ ရဲသကို။
ဟေ့လာမောင်ရို့ဝါး”ဟု အားရပါးရ ဆူညံစွာ
အော်ဟစ် ပြေးလွှားလာကြသော ကလေး တစ်စုသည်ကား လယ်ပေါ် ဘုန်းကြီး
ကျောင်းသားကလေးများ ဖြစ်ကြ၏။ ယင်းတို့ ကျောဘက် တင်းချ လယ်တစ်ကွက်လောက်
အကွာတွင် ချည်လုံချည်ကို ပြာတာကွင်း သိုင်း၍ သင်တိုင်း အင်္ကျီကို
လျော့ရိလျော့ရဲ ၀တ်လျက် ခေါင်းငိုက်စိုက်နှင့် တစ်လှမ်းချင်း လာနေသော
မောင်ချစ်သည် “ဧ၀ံမေသုတံ ဧကံသမယံ”ဟု တတွတ်တွတ် ရွတ်လျက်ရှိ၏။
ဆေးတစ်အိုးကျွမ်းလောက် အကြာတွင် အရှေ့သို့ လှမ်းကြည့်လိုက်ရာ ပန်းပုဆရာကြီး ဦးအောင်ချာ ကနားဖျင်းထဲ၌ ကျောင်းသား သူငယ်ချင်းများ ၀ိုင်းအုံ နေသည်ကို တွေ့ရလေသည်။ မိမိသည်လည်း အကြောင်းကို သိလိုသောကြောင့် ပြေးသွား တိုးဝင်ကြည့်ရှုလေ၏။
ဦးအောင်ချာသည် ဆင်စွယ် မင်းသမီး ရုပ်ကလေး တစ်ခုကို ထုလျက်ရှိ၏။ ထုလုပ်စ ဖြစ်၍ ရုပ်လုံးပေါ်ရုံမျှပင် ရှိသေးသော်လည်း အရုပ်ကလေးမှာ နွဲ့နောင်းဖြူဖွေး ချစ်စရာကလေး ဖြစ်ပေ၏။ အတန်ကြာသော အခါ မောင်ထွေး၊ မောင်ခွေး၊ ဖိုးစံ၊ ဖိုးလှတို့ တစ်စု ထပြန်သွားလေ၏။ မောင်ချစ်ကား မြေကြီးပေါ်တွင် ဒူးထောက်၍

Wednesday, 14 December 2011
စိတ်ဆိုးခြင်း၏ နောက်ကွယ်၌
ဒီလိုအဖြစ်လေးတစ်ခု
ရှိခဲ့ဖူးပါတယ်။ တစ်ခါက လူတစ်ဦးမှာ လိမ္မာပြီး သခင်စကားနားထောင်တဲ့
ခွေးကလေးတစ်ကောင်ရှိတယ်။ တစ်နေ့မှာ ခွေးကလေးကို ဘေးအိမ်ခွေးကြီးက
ကိုက်ပစ်လိုက်တယ်။ ထိခိုက်ဒဏ်ရာရသွားတဲ့ ခွေးကလေးကို သခင်က ဆေးထည့်ပေးဖို့
ပွေ့အချီမှာ မမျှော်လင့်ဘဲ လက်ကို လှမ်းကိုက်ခံလိုက်ရတယ်။ သခင်က
စိတ်မဆိုးတဲ့အပြင် “ကျွန်တော့်ကို လှမ်းကိုက်တာ သူဒဏ်ရာ ရထားလို့ပါ” လို့
ပြောခဲ့တယ်။
ဒါဟာ ဒဏ်ရာရနေတဲ့ ခွေးတစ်ကောင်ရဲ့ ပင်ကိုယ်တုန့်ပြန်မှုဖြစ်တယ်။ သခင်ကို လှမ်းကိုက်တာက မုန်းလို့မဟုတ်ဘဲ ဒဏ်ရာရနေတဲ့ကိုယ့်ကို နောက်ထပ်အနာတရ မဖြစ်အောင် ကာကွယ်လိုက်တာပဲဖြစ်တယ်။ ဒါကို သခင်က နားမလည်ခဲ့ရင် သခင့်ကိုတောင် ကိုက်တဲ့ခွေးဆိုပြီး ခွေးကလေးအပေါ် စိတ်ဆိုးဒေါသထွက်မိလိမ့်မယ်။ စိတ်ဆိုးဒေါသရဲ့နောက်ကွယ်မှာ

Tuesday, 13 December 2011
လမ်းခွဲမေတ္တာ
ကလေးမရယ်
ကျောခိုင်းပြီးမှ
သမင်လည်ပြန် စကားအလှတွေနဲ့
ကိုယ့်စိတ်တွေ ပါးလျပြိုကျအောင်
(ကျေးဇူးပြုပြီး) မကြိုးစားပါနဲ့တော့
ဖျော့တော့တော့ချစ်ခဲ့ချိန်က
ကိုယ့်သစ္စာအနှစ်သာရတွေက
Saturday, 10 December 2011
သင်လူအစစ်ဆိုတာ သေချာလား ?
လူ့ပြည်မှာနေတယ်။ ပခုံးနှစ်ဘက်ကြား ခေါင်းပေါက်တယ်။ လူလို စားပြီး
လူလို ပြောတယ်။ ဒါနဲ့ပဲ လူအစစ်ဆိုတာ သေချာပြီလား။ကျနော်သဘောကျတဲ့
စာအုပ်လေးတစ်အုပ်ရှိပါတယ်။ PAUL TILLICH ရေးတဲ့ THE COURAGE
TO BE တဲ့။ သူက ဘာသာရေးနဲ့
အတွေးအခေါ်ကို ဇောင်းပေးရေးထားတယ်။ ကျနော်စွဲနေမိတာက အဲဒီထဲက
သဘောတရားလေးကိုပါ။ သူ့စာအုပ်နာမည်ကိုက ဘယ်လောက်လန်းသလဲ။ ကျနော်က ... လူလုပ်ရဲတဲ့သတ္တိ လို့
ဘာသာပြန်ချင်မိတယ်။
လူလုပ်ရဲဖို့ သတ္တိလိုတယ် ...
အဲဒီလို့ပြောလိုက်ရင် သင့်စိတ်ထဲ ဘယ်လိုနေမလဲ?
ဒီစကားကို နောက်တစ်ဘက်က စဉ်းစားကြည့်ပါ။
သတ္တိမရှိရင် လူ (အစစ်) မဖြစ်နိုင်တော့ဘူး။ ဒါဆို ဘာတွေဖြစ်ကုန်မလဲ?
ဒီမေးခွန်းကို မဖြေခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ အဆိုအမိန့်လေးတစ်ခုကို ထုတ်နှုတ်ဖော်ပြချင်ပါတယ်။

Wednesday, 7 December 2011
သူငယ်ချင်း
သူလိုငါလို ဖြတ်သွားဖြတ်လာ
အင်တာနက် ကမ္ဘာထဲမှာ
မင်းကို အမှတ်မထင်ဆုံတွေ့ခဲ့တယ်။
ဒါပေမယ့် သူငယ်ချင်း
အမှတ်မထင် ဆုံတွေ့ခဲ့တဲ့မင်းကို
ငါလေးလေးနက်နက် ခင်တယ်။
တစ်ချို့ မေတ္တာတရားတွေက
ထူးဆန်းတယ် သူငယ်ချင်း
မင်းနဲ့ငါ့ကြားမှာ အနေနီးစပ်မူ့ဆိုတာ
Tuesday, 6 December 2011
မာန
မာနဟူသည် တက်ကြွခြင်း၊ ထောင်လွှားခြင်းဟု အဓိပ္ပါယ်ရ၏။ မာနတရား ရှိနေသမျှ ကောင်းကျိုးမဖြစ်ဘဲ ဆိုးကျိုးကိုသာ ဖြစ်နေကြမည့်အပြင် ပူလောင်မှုနှင့် လောင်မြိုက်ခံနေရမည်သာ ဖြစ်သဖြင့် ထိုမာနကို ကိလေသာတရား တစ်ခုအဖြစ်ဆိုကာ မကောင်းသော ဂတိသို့ ပိုဆောင်ပေးသည့် တရားတစ်ခုအဖြစ်လည်း ထုတ်ဖော်ပြသခြင်းဖြစ်၏။ ထို့ကြောင့်လည်း မြတ်စွာဘုရားရှင်က ဣတိဝုတ်ပါဠိတော် မာနသုတ်တွင် မာနနှင့် ပတ်သက်၍ “အကြင်မာနဖြင့် ယစ်သူသတ္တ၀ါတို့သည် မကောင်းသောလားရာ ဂတိသို့ လားရောက်ကြကုန်၏၊ ထိုမာနကို ကောင်းစွာသိ၍ (ခန္ဓာငါးပါးတို့ကို) အနိစ္စစသော အခြင်းအရာတို့ဖြင့် ရှုသူတို့သည် ထိုမာနကို ပယ်စွန့်ကုန်၏၊ ယင်းမာနကို ပယ်စွန့်သောကြောင့် ဤလောကသို့ တစ်ရံတစ်ခါမျှ မလာရောက်ကုန်”ဟု ဟောတော်မူခြင်း ဖြစ်၏။ ဆိုလိုသည်မှာ မာနသည် ရှိခြင်းအားဖြင့် သတ္တ၀ါတို့အား တစ်စုံတစ်ခုမျှသော ကောင်းကျိုးကို
Thursday, 1 December 2011
အပျင်းပြေ ကြည့်ကြရအောင်
ကဲ..မျက်လုံးတစ်လုံးဖက် မှိတ်ပြီးကြည့်ကြရအောင်
တစ်ခုခုကိုမြင်ရတဲ့အထိပေါ့..မမြင်ရဘဲ မူးပြီး ပြန်သွားရရင်တော့ တာဝန်မယူပါ... :P
ဒီပုံလေးတွေအားလုံးကို google မှရှာယူပြီးတင်ထားပါသည်။ ။
"နင့်ကိုငါချစ်တယ်"
ရာစုနှစ်ဝက်တစ်ခုကို အတူတူဖြတ်ကျော်လာခဲ့ကြတဲ့ အဘိုးအဘွားအိုလင်မယားနှစ်ယေ
ညအိပ်ရာမဝင်ခင် သူတို့အချင်းချင်း အမြဲပြောတတ်တဲ့ နောက်ဆုံးစကားတစ်ခွန်းက "နင့်ကိုငါချစ်တယ်"။
ဘာဖြစ်လို့ နှစ်နဲ့ချီပြီး ဒီလိုပြောကျင့်ရှိခဲ့သလဲလို
"ကျွန်တော်တို့ အသက်ကြီးပြီ။ ဒီလိုပြောရတာဟာလည်း တကယ်လို့ တစ်နေ့နေ့မှာ ကျွန်တော်တို့ထဲက
Subscribe to:
Posts (Atom)