Friday, 30 December 2011

မင်းတယောက်ပါ....

ဘ၀လမ်းကြမ်းကြမ်းကို
အနမ်းတွေနဲ့ လန်းဆန်းစေခဲ့တဲ့ချစ်သူ....

မတူညီတာတွေဘေးချိတ်
ညီမျှခြင်းတွေနဲ့ ချွေးသိပ်လို့
မေတ္တာရိပ်တွေနဲ့ အေးစေခဲ့တဲ့ချစ်သူ.....

ဘယ်အရာကို ပူဆွေးနေမလဲ
ရင်အေးအေးသာ ထားပါချစ်သူ.........

ငါ့ရင်ထဲတခါတခေါက်
မှောက်မှောက်မှားမှားနဲ့
အလည်ရောက်ခဲ့ရင်တောင်
မင်းမြင်နိုင်မယ်ထင့်.......
ငါ့တောင့်တစိတ်က
မင်းတယောက်ပါချစ်သူ.......

မောင်ပါလ
၃၀.၁၂.၂၀၁၁

No comments:

Post a Comment

လာရောက်ဖတ်ရှုကြတဲ့ စာဖတ်သူများ အားလုံးကိုကျေးဇူးတင်ပါတယ်....

Template by:
Free Blog Templates