ရာစုနှစ်ဝက်တစ်ခုကို အတူတူဖြတ်ကျော်လာခဲ့ကြတဲ့ အဘိုးအဘွားအိုလင်မယားနှစ်ယေ
ညအိပ်ရာမဝင်ခင် သူတို့အချင်းချင်း အမြဲပြောတတ်တဲ့ နောက်ဆုံးစကားတစ်ခွန်းက "နင့်ကိုငါချစ်တယ်"။
ဘာဖြစ်လို့ နှစ်နဲ့ချီပြီး ဒီလိုပြောကျင့်ရှိခဲ့သလဲလို
"ကျွန်တော်တို့ အသက်ကြီးပြီ။ ဒီလိုပြောရတာဟာလည်း တကယ်လို့ တစ်နေ့နေ့မှာ ကျွန်တော်တို့ထဲက
တစ်ယောက်ယောက်က နောက်တစ်နေ့မနက်မှာ လုံးဝ နိုးမလာခဲ့တော့ဘူးဆိုရင် ကျွန်တော်တို့ကြားမှာ အချင်းချင်းကျန်ခဲ့မယ့်
နောက်ဆုံးစကားက အဲဒီစကားဖြစ်နေမှာပဲ"
တကယ်တော့ အသက်အိုမင်းမှ မဟုတ်ပါဘူး.. လူဆိုတာ အချိန်မရွေးသေဆုံးနိုင်ပါတယ
အိမ်ပြင်မထွက်ခင် ဂရုစိုက်တဲ့စကား
အိပ်ရာမဝင်ခင် ကြင်နာတဲ့စကား
မခွဲခွာခင် ချစ်ခင်နှစ်လိုတဲ့စကား
ဘယ်စကားတစ်ခွန်းက နောက်ဆုံးစကားဖြစ်မယ်မှန်း ဘယ်သူမှမသိခဲ့ကြသလို
ဘယ်သူကမှလည်း နောက်ဆုံးစကားတစ်ခွန်းကို နားဝင်မချိုတဲ့ဒေါသစကား ဖြစ်စေချင်ခဲ့ကြမှာ မဟုတ်ပါဘူး။
နိုင်းနိုင်းစနေ
No comments:
Post a Comment
လာရောက်ဖတ်ရှုကြတဲ့ စာဖတ်သူများ အားလုံးကိုကျေးဇူးတင်ပါတယ်....