မိုင်တိုင်တွေဘယ်လောက်ဝေးဝေး
နင်ရှိတဲ့မြို့ကလေး
ငါမှန်းလို့လွမ်းနေပါတယ်ချစ်သူ...
ဟိုအရင်အတူရှိခဲ့တဲ့
ဧရာဝတီမြစ်ကမ်းဘေးကညနေလေးနဲ့
နင့်ကိုလွမ်းတယ်ချစ်သူ...
ဟိုအရင်ကမေလရဲ့
မိုးရေစက်လေးတွေနဲ့အတူ
ကော်ဖီဆိုင်ထိုင်ခဲ့တဲ့
ညနေလေးကိုလွမ်းတယ်ချစ်သူ...
ယုံကြည်နေပါချစ်သူ
မဝေးတော့တဲ့အနာဂါတ်မှာ
ပြန်လည်ဆုံးဆည်းကြဖို့
ခုတော့ခဏဝေးနေမယ်ချစ်သူ....
ရေးသူ-လနတ်သမီး..
( အစ်မတစ်ယောက်က ကိုယ့်အတွက် အမှတ်တရလေးရေးပေးထားတာ )
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
လာရောက်ဖတ်ရှုကြတဲ့ စာဖတ်သူများ အားလုံးကိုကျေးဇူးတင်ပါတယ်....