Friday, 30 December 2011

( ၂၅ ) နှစ်ပြည့် ဒိုင်ယာရီ

ဒီနေ့ ချာတိတ်ရဲ့ ( ၂၅ ) နှစ်ပြည့် မွေးနေ့...ဘာမှ ထူးထူးခြားခြားလည်း မလုပ်ဖြစ်ပါဘူး..... မွေးနေ့မတိုင်ခင် တစ်ရက်ကြိုပြီးတော့ ကျေးဇူးရှင်မိဘ အဖေ နှင့် အမေ့ကို ဖုန်းဆက်ပြီး ကန်တော့တယ်.. အမေကတော့ ဒီနေ့ ဘုန်းကြီးကျောင်းကို ဆွမ်းချိုင့်ပို့ပေးမယ်လို့ပြောတယ်.. အဖေကတော့ ဆုတွေ အများကြီးပေးပါတယ်..
အချစ်ရဆုံးချစ်သူ ကိုကိုကလည်း ည ( ၁၂ ) နာရီမှာ ကိုယ့်ကိုဖုန်းခေါ်ပြီး " ယနေ့ကျရောက်သော ချာတိတ်ရဲ့မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် ချစ်သောကိုကိုနှင့် ပျော်ရွှင်စွာနေနိုင်ပါစေ။ " ဆိုပြီး.. Birthday wish လုပ်တယ်...
ခင်မင်ကြတဲ့ သူငယ်ချင်း မိတ်ဆွေ အစ်ကိုအစ်မ များကလည်း ဒီနေရာလေး မှာ Birthday wish တွေ တင်ပေးကြတယ်..အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်...ဒီနေ့ ချာတိတ် အပျော်ဆုံးနေ့တစ်နေ့ပါပဲ.. အွန်လိုင်းပေါ်မှာပဲ တစ်ကယ့်ကို အစ်ကိုအရင်းအစ်မအရင်းတွေကဲ့သို့ ချစ်ခင်ရတဲ့ အစ်ကိုကြီးအစ်မကြီးတို့မိသားစုရဲ့ မွေးနေ့ လက်ဆောင် video လေးအတွက်လေးလည်း ကျေးဇူးတင်ပါတယ်...



အစ်မအရင်းတစ်ယောက်လို ချစ်ရတဲ့ မကြီးရဲ့ မွေးနေ့ ကိတ်

















အွန်လိုင်းပေါ်မှာ ခင်တာကြာပေမယ့် အပြင်မှာ တစ်ခါမှ မတွေ့ဆုံးဖူးတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ တိုက်တိုက်ဆိုင်ဆိုင် ကိုယ့်မွေးနေ့မှာ တွေ့ဖြစ်တယ်.. ရေတတန် ကုန်းတတန်လာရတဲ့ သူငယ်ချင်းလေး ကို ကျေးဇူးအများကြီးတင်ပါတယ်..ကိုယ့်အတွက် မွေးနေ့လက်ဆောင်ဆိုပြီး ၀ယ်လာပေးတဲ့ အရုပ်ကြီးအတွက်ကောပေါ့ :)













ညဘက်ကျတော့ သူဌေးမိသားစုက ကိုယ့်အတွက် မွေးနေ့လေးလုပ်ပေးတယ်..ဆုတောင်းပေးကြတယ်..အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်













အားလုံးပဲ ပျော်ရွှင်ကြပါစေ...နှစ်သစ်မှာ စိတ်ဧ။်ချမ်းသာခြင်း ကိုယ်ဧ။်ကျန်းမာခြင်းတို့နှင့်ပြည့်ဝကြပါစေ..

No comments:

Post a Comment

လာရောက်ဖတ်ရှုကြတဲ့ စာဖတ်သူများ အားလုံးကိုကျေးဇူးတင်ပါတယ်....

Template by:
Free Blog Templates