Wednesday, 7 December 2011

သူငယ်ချင်း

သူလိုငါလို        ဖြတ်သွားဖြတ်လာ
အင်တာနက်        ကမ္ဘာထဲမှာ
မင်းကို အမှတ်မထင်ဆုံတွေ့ခဲ့တယ်။
ဒါပေမယ့် သူငယ်ချင်း
အမှတ်မထင် ဆုံတွေ့ခဲ့တဲ့မင်းကို
ငါလေးလေးနက်နက် ခင်တယ်။
တစ်ချို့ မေတ္တာတရားတွေက
ထူးဆန်းတယ်   သူငယ်ချင်း
မင်းနဲ့ငါ့ကြားမှာ အနေနီးစပ်မူ့ဆိုတာ
ခပ်ပါးပါးတောင် မရှိခဲ့ဖူးဘူး။
ဒါပေမယ့် သူငယ်ချင်း
မင်းနဲ့ငါ ရင်ဘတ်ချင်းနီးခဲ့ကြတယ်။
မင်းဝမ်းနည်းတဲ့ခါနာကျင်တဲ့ခါ ငါ့ရင်ဘတ်နဲ့
ပခုံးတစ်ဖက်ဟာ မင်းအတွက်အမြဲရှိမယ်။
ဒီလိုပဲ သူငယ်ချင်း
မင်းပျော်ရွှင်နေတဲ့ခါ ငါလည်းထပ်တူပျော်ရွှင်ခဲ့ပြန်တယ်။
ဒါဟာ ငါတို့နှစ်ယောက်ကြားက မေတ္တာတရားပါပဲ။
လောကဓံရဲ့ အကောင်းအဆိုးတွေကြားမှာ
ငါတို့တွေ အမှားအမှန်ကို ဝေဖန်နိုင်စွမ်းနည်းခဲ့ကြတယ်။
ဒီအခါ စာပေကောင်းတွေ မင်းများများဖတ်ရှူ့ပါ။
ပြီးတော့….အရွယ်ရောက်သမီးပျိုမင်းအတွက်
ငါလေးလေးနက်နက် မှာချင်တယ် သူငယ်ချင်း
ငါတို့တွေ   အချစ်ကိုမြတ်နိုးခွင့်ရှိတယ်
ဒါပေမယ့် ကိုးကွယ်ခွင့်မရှိဘူး သူငယ်ချင်း
အချစ်ဟာ ငါတို့ကို တစ်ခါတစ်ရံ ကလေးဆန်စေတယ်
ဒါပေမယ့်  ငါတို့တွေ အချစ်ကို ဘ၀နဲ့ရင်းပြီး
မိုက်မဲခွင့် မရှိဘူး သူငယ်ချင်း
သူငယ်ချင်းရေ……………
အခြေအနေအရမင်းနဲ့ငါမတွေ့ဆုံနိုင်ကြသေးပေမယ့်
တစ်ချိန်မှာ ကံကြုံလို့မဟုတ်ပဲ ဆုံတွေ့ချင်ပါသေးတယ်။

ချစ်တဲ့
ခိုင်နုငယ်

 ဘုတ်ရေ...ဒီကဗျာလေးအတွက် ကျေးဇူးအများကြီးတင်ပါတယ်....

1 comment:

  1. ဘုတ်ရေ ..... လို့ ခေါ်ထားတော့ ဒီ ကဗျာ ဆရာမ နာမည်က မဘုတ်ရေ ပေါ့နော် .. နာမည်ရေး လှသလို ကဗျာလေးလည်း တော်တော်ကောင်းတယ် ဗျာ ..

    ReplyDelete

လာရောက်ဖတ်ရှုကြတဲ့ စာဖတ်သူများ အားလုံးကိုကျေးဇူးတင်ပါတယ်....

Template by:
Free Blog Templates