ကလေးမရယ်
ကျောခိုင်းပြီးမှ
သမင်လည်ပြန် စကားအလှတွေနဲ့
ကိုယ့်စိတ်တွေ ပါးလျပြိုကျအောင်
(ကျေးဇူးပြုပြီး) မကြိုးစားပါနဲ့တော့
ဖျော့တော့တော့ချစ်ခဲ့ချိန်က
ခပ်မှိန်မှိန်တောင်
မင်း..မြင်ခဲ့လို့လား…
အင်း….ခုမှတော့
(အားလုံး) ထားလိုက်ပါတော့ကွယ်…
ဟားတိုက်ကာလည်း မရယ်ရက်ပါဘူး…
မှားလိုက်တာလို့ရယ်လည်းးအပြစ်မဆိုရက်ပါဘူး…
ရှေ့ဆက်မလား ဆိုပြန်တော့လည်း
တခြားစီမင်းခြမ်းခဲ့တဲ့ ကိုယ့်လမ်းတွေကိုယ်
ဆက်သွားကြဖို့ပဲ ရှိကြတော့တယ် ထင်ပါရဲ့….
လမ်းခွဲအစလေးမှာ
ကျောလေးခပ်ဖွဖွခိုင်းလို့
ခြေတွေချမိချိန်
တကြိမ်တောင် လှည့်မကြည့်မိဘဲ
သူကြားရုံသာ ခပ်ဟဟ ပြောမိတယ်….
ချစ်သူရယ်….
နောက်ဆံလည်း မတင်းပြန်နဲ့
နောင်တလည်း မပြင်းထန်နဲ့
စိတ်ကိုရှင်းရှင်းလေးထားပြီး
အေးအေးသက်သာ သွားပါတော့ကွယ်…
မင်းမြန်းတဲ့ လမ်းလေးတလျှောက်
ရောက်လေရာ အရပ်တိုင်းမှာ
ရှင်းသန့်တဲ့ အဝေးကကိုယ့်မေတ္တာနဲ့…
အေးမြချမ်းသာပါလိမ့်မယ်…
မှ- ရွှေပြည်သူ ( www.shwepyithu.blogspot.com )
No comments:
Post a Comment
လာရောက်ဖတ်ရှုကြတဲ့ စာဖတ်သူများ အားလုံးကိုကျေးဇူးတင်ပါတယ်....