Saturday, 29 October 2011

ဖမ်းဆုပ်မရတော့တဲ့ အတ္တများရဲ့ ရာဇ၀င်


ပေးဆပ်မှုတွေနဲ့သာ

... ရှင်သန်လာရတဲ့ ငါ့ရဲ့ဘ၀မှာ

အတ္တဆိုတာ….

ချိုသလား ခါးသလား

ဝိုးတစ်ဝါးပါပဲလေ ။

ဘ၀ကပေးအပ်ထားတဲ့ အသိတရားနဲ့

အားလုံးအတွက်ပေးဆပ်ထားတဲ့

ငါ့နှလုံးသားက

ဆန္ဒနဲ့ အတ္တတွေကို

ဖိနှိပ်မြိုသိပ်ထားခဲ့တာ

ဆယ်စုနှစ်သုံးလီ ဖြတ်ကျော်လာခဲ့ပါပြီ ။

ရှေ့ဆက်ရမယ့် အနာဂါတ်မှာ

Friday, 28 October 2011

မပြောင်းလဲမယ့် အမှန်တရား

ချစ်သူ
အမှတ်တရဆိုတဲ့
အရာတွေကိုမြင်မှ
သတိရတာမဟုတ်ပါဘူး
အချိန်တိုင်းမှာနင်က
စိုးမိုးထားတာပါ……
အရင်က179မိုင်အဝေး
လွမ်းလို့ပြေးတွေလို့ရတယ်
ခုတော့မိုင်များစွာဝေး
ငါဘယ်လိုလာတွေ့မလဲချစ်သူ…
သတိရခြင်းနေ့ရက်တွေကို
ဘာတွေနဲ့အစားထိုးရမှာလဲ
ခုတော့လွမ်းဆွေးခြင်းအဖြစ်ပြောင်းလဲ
နာကြင်ကြေကွဲနေရပြီ…
မပြောင်းမလဲတည်ရှိနေမယ်ထင်တဲ့
အရာတွေတောင်
ပြောင်းလဲကုန်ပြီ..
နင့်ရဲချစ်ခြင်းတွေကိုတော့
ကျေးဇူးပြုပြီး
မပြောင်းလဲလိုက်ပါနဲ့နော်
ခဏတာအတွက်ပဲဆိုဆို
တဘ၀စာအတွက်ပဲဆိုဆို
ထာဝရတော့ချစ်နေခွင့်ပေးပါ..!!!!

(အဝေးရောက်ညီမလေးအတွက်)


* တစ်ချိန်တုန်းက ကိုယ့်ရဲ့ခံစားချက်လေးကို အစ်မတစ်ယောက်က အဲလိုရေးပေးခဲ့တယ်

အိပ်မက်ဝိုင်



မြူမှုန်ဝေသီ
ရီဝေလွင့်မျော
ဟိုး . . . အဝေး နှင်းတောထဲမှာ
တစ်ခြမ်းပဲ့ လမင်းလေး စီးမျောလို့ .

အလွမ်းတကျိုက်လောက်
ရှိုက်လိုက်မိပြီဆိုမှဖြင့်
ဝမ်းနည်းမှု သိုးရေကိုခြုံ
ကြေကွဲခြင်းလောင်စာတွေ စုပုံရှို့ ပြီး
ရင်နွမ်းပြေ လှုံနေမိမြဲ .

သူငယ်ချင်းရေ . . .
ငါကိုယ်တိုင်က
အမှတ်တရ မီးအိမ်ကို ရိုက်ချိုးပြီး
ကိုယ့်ကိုကိုယ်
ထိုးကျွေးလောင်ကျွမ်းပစ်နေခဲ့တဲ့
ခပ်ဆန်းဆန်း သတ္တ၀ါ .

ငါ လူဆိုးပါ - ချစ်သူရာ .
ခုတော့ . . .

မေတ္တာသားကောင်



ကောင်မလေးရေ...
ညကငါအိပ်မက်မက်တယ်
တစုံတယောက်ကို ပစ်ပေးပါတဲ့.
သေနတ်တလက် နင်ပေးပြီး
ညှို့ချက်ပြင်းပြင်းနဲ့ ငါ့ကိုခိုင်းခဲ့တယ်
မလွန်ဆန်နိုင်ခဲ့ပါဘူး
သေနတ်ခလုတ်ကို ငါဆွဲလိုက်တယ်
ဒိုင်းကနဲ အသံနဲ့အတူ
ရင်ဘက်တခြမ်း ပွင့်သွားတယ်
အဲဒါ ငါ့ရင်ဘက်ဖြစ်နေတယ်
နင်ငါ့ကိုပေးတုန်းက
သေနတ်ပြောင်းက ငါရင်ကိုချိန်ထားတယ်လေ

Thursday, 27 October 2011

“မီးပျက်နေပါသည်”



ဘ၀ကခါးတော့
ရသတွေကရှား
ကာရန်တွေပါးတယ်။

စိတ်အလိုလိုက်မိချိန်
လောကကိုအရွဲ့တိုက်
ခပ်မိုက်မိုက်နေလိုက်တယ်။

ခံစားချက်တွေတိမ်ဖုံး
သံယောဇဉ်တွေသုဉ်းနေတော့
အပြုံးတွေနတ္ထိ
အရက်နဲ့ကာရန်ညှိဖြစ်တယ်။

အဲဒီအချိန်.......
ရင်ထဲမှာဗလာ
အတွေးတွေချာနေတာမို့
ကျနော့်ဘလော့ခ်လေး မီးမလာပါခင်ဗျာ။

မောင်ပါလ

Monday, 24 October 2011

အို လွမ်းသူရယ်

အို လွမ်းသူရယ်
ပြုံးမူပျက်၍ ၊ မျက်ရည်ဝေ့နှင့်
မေ့လျော့သနှင့် ၊ စိတ်လုံးလွင့်သည်
ကြွေရင့်မည်နှယ် ၊ တအားငယ်သည်
ဘယ်သခင့်တွက် ဖြစ်သနည်း ။

ပြတင်းဝဝယ်
ငြိမ်လှလွန်းသည် ၊ ကျောက်ရုပ်တည်သို့
မှုန်ရည်နွမ်းအောင် ၊ စိတ်ယမ်းယောင်နှင့်
ကြောင်၍ရပ်နေပါတကား ။

ရင်မှပွင့်သည်
ကြောက်ချင့်စဖွယ် သက်ပြင်းများ ။

လေဝယ်လွင့်သည်
ညိုရင့်ဆံပင် ရွှေမြှင်လှိုင်း ။

သည်နှစ်ခုသာ
လွမ်းသူ့ပတ်လည် ၊ လှုပ်ရှားသည်တည့် ။

ရာဇ၀င်ထဲမှာ မောင့်ကို ထားရစ်ခဲ့



နင့်အပြုံးကြောင့် ငါ့ကိုယ်ငါ ရှက်သွားတယ်ဆိုရင် နင်အံ့သြမိမလားမသိဘူး။ တကယ်ကို ငါရှက်သွားတယ်။ အမှန်က နှစ်နှစ်တောင် ကြာခဲ့ပြီပဲ။ ဒီလောက်ကြာမှတော့ တစ်ဖက်က ပြောင်းလဲတဲ့ အခြေအနေကို လိုက်ပြီး ငါ့ဘက်ကလဲ ပြောင်းလဲသင့်တာပေါ့။ အနည်းဆုံးဟာ.. နင်ပြုံးပြလိုက်တဲ့ အပြုံးမျိုးလေးကိုတော့ ငါတုံ့ပြန်နိုင်ဖို့ သင့်တာပဲ။ ဒါပေမယ့် နင်ပြုံးသလို ငါမပြုံးတတ်ဘူး။ ဒီအတွက် ငါ့ကိုယ်ငါ ရှက်တယ်။

  နင့်အပြုံးမှာ ငါ.. ဘာအရိပ်အယောင်ကိုမှ မတွေ့လိုက်ဘူး။

သံယောဇဉ် အရိပ်အယောင်ကိုလည်း မမြင်၊ ကြင်နာရိပ်ဆိုတာလည်း မတွေ့၊ တမ်းတတဲ့ အနေအထားမျိုးလည်း မရှိ၊ လွမ်းရိပ်ဆိုတော့ ဝေးရော။

ငါ ချီးကျူးပါတယ်။ ဒါလောက်သန့်စင်တဲ့ အပြုံးမျိုးကို ပြုံးနိုင်လို့ နင့်ကို ငါချီးကျူးပါတယ်။

ငါ နင့်ကို တွေတွေဝေေ၀ ကြည့်ရင်းက ပြန်ပြုံးပြဖို့ ကြိုးစားလိုက်ပါသေးတယ်။ ပြုံးတော့ ပြုံးလိုက်တာပဲ။ ဒါပေမယ့် ငါသိလိုက်ပါတယ်။ ငါ့နှုတ်ခမ်းတွေ လှုပ်သွားကြပေမယ့် အပြုံးတစ်ခု ဖြစ်မသွားဘူးဆိုတာ။ အဲဒီလို သိလိုက်တဲ့ အချိန်မှာပဲ ၀မ်းနည်းမှုနဲ့အတူ ရှက်ကြောက်မှုကိုပါ ငါခံစားလိုက်ရတယ်။ ငါ့ရှေ့မှာ လာရပ်တဲ့ နင့်ကို မကြည့်ရဲသလို ဖြစ်နေတယ်..။

အမှန်ကတော့ နင့်ကို အဝေးကတည်းက မြင်ပြီးသားပါ။

ဟို.. အဝေးကတည်းက နင်မှန်းသိပြီးသားပါ။ ငါ ဘယ်လို မေ့နိုင်မှာလဲ။ ဒီလို လမ်းလျှောက်ဟန်၊ ဒီလိုပုံစံကို ငါ ဘယ်လိုလုပ်ပြီး မေ့နိုင်မှာလဲ။

နင်လမ်းလျှောက်တဲ့ပုံက တစ်မျိုး။ မျက်နှာကို ခပ်ပင့်ပင့် ကြော့ကြော့လေး လျှောက်တာမျိုးမှ မဟုတ်ဘဲ။ နင်က မျက်နှာကို အမြဲတမ်း ငဲ့ထားတာနော်။ ညာဘက်ကို ခေါင်းငဲ့ထားတော့ ဖြန့်ချထားတဲ့ ဆံပင်တွေက ညာဘက်မှာ ပိုရှည်နေသလို ထင်ရတယ်။ ထဘီကို ညာဘက်ခါးမှာ လာညှပ်ထားပြီး ညာလက်ကလည်း ထဘီဘေးအနားကို ခပ်လျော့လျော့ ဖိထားတတ်တယ် မဟုတ်လား။ နင့်ထဘီက အရမ်းရှည်တာပဲ။ ခြေမျက်စိဖုံးတာထက်တောင် ကျော်ချင်သေးတယ်။

ကိုယ်ကို နွဲ့တာလည်း မဟုတ်ဘဲနဲ့ ယိုင်ယိုင်လေး လျှောက်တတ်တဲ့ နင့်ဟန်ကိုလေ.. ငါဘယ်တော့မှ မေ့မှာ မဟုတ်တော့ပါဘူး။

ဒီတော့လဲ.. ဟို.. အဝေးမှာကတည်းက နင်မှန်းသိလိုက်တယ်။ နှစ်နှစ်လောက် မမြင်ရတဲ့ နင့်သဏ္ဍာန်ကို မြင်လိုက်ရတော့ ငါ့ရင်ထဲမှာ ဘယ်လို ဖြစ်သွားမှန်းမသိဘူး။ အမှန်အတိုင်းဆိုရင် နင့်ကို ငါမတွေ့ချင်ဘူး။ မတွေ့ချင်ဘူးဆိုတာမှာလဲ နင့်ကိုတွေ့ရင် ခံစားလိုက်ရမယ့် ဝေဒနာကို ငါကြောက်လို့ပါပဲ။

ဒါပေမယ့် ဘယ့်နှယ်လုပ်မလဲ..။

ငါ ရပ်နေရာကနေ့ ရှေ့ဆက်လျှောက်ရင် နင်နဲ့ပိုနီးမယ်။ နောက်ကိုလည်း လှည့်သွားလို့ မဖြစ်ဘူး။ ဖူးစာကုန်းဆိုတာက လာလမ်း အပြန်လမ်း ဒီတစ်လမ်းပဲရှိတဲ့ မြစ်ကမ်းပါးကြီး မဟုတ်လား။ ငါ နောက်ဆုတ်သွားလို့မှ မဖြစ်ဘဲ။ အပြန်လမ်းကို ဆက်လျှောက်ဖို့ကျတော့ နင်က လျှောက်လာနေပြီ။

ဘာလုပ်ရမှန်း မသိတဲ့အတူတူတော့ ရပ်နေလိုက်တာဟာ အကောင်းဆုံးပဲလေ။

Thursday, 20 October 2011

နားလည်ခြင်း/နားမလည်ခြင်းများကို... ငါ နားမလည်တော့ဘူး.. အင်ဒရီယာ... ငါ့ကို နားလည်ပါ..



ငါ့ကို... နင် နားမလည်နိုင်ဘူးလား... အင်ဒရီယာ...
နင့်ကိုလည်း ငါ နားမလည်နိုင်ဘူး...

သို့သော်လည်း...
ငါတို့ဟာ ...
တယောက်ကို တယောက် နားလည်နေကြပါတယ်... အင်ဒရီယာ...

တကယ်တော့... နားလည်မှု-ဆိုတဲ့ စကားလုံးကိုက နားလည်ဖို့ ခက်ခဲနေတဲ့အရာ... ဖြစ်တယ်... အင်ဒရီယာ...

ငါက နင့်ကို ချစ်တယ်...
နင်က ငါ့ကိုချစ်တယ်..
အဲသည့် ချစ်ခြင်းမေတ္တာတရားနောက်မှာ...
နားလည်မှုဆိုတာ ကပ်ပါလာတော့တာပါပဲ...
အလွမ်းလိုပေါ့... အင်ဒရီယာ...

ချစ်သောဧရာဝတီ (အပိုင်း-၃)

 ဧရာဝတီဟာ
မိုင်ထောင်ချီ ခြေလှမ်းတွေနဲ့
အပြေးအလွှား မမောမပန်း
သမိုင်းအဆက်ဆက် ဖြတ်သန်း
ခေတ်အဆက်ဆက်ရဲ့ မှတ်တမ်း
အဆုံးမရှိတဲ့ ဇာတ်လမ်းတစ်လျှောက်
ပြည်သူတွေရဲ့ ဒုက္ခ
နာကျင်ကြေကွဲမှု မှန်သမျှ
တယုတယ သယ်ဆောင်
သစ္စာတဘောင် သောင်မထွန်းခဲ့တဲ့မြစ်။


သည်တောနဲ့သည်တောင်
လျှိုမြောင်နဲ့လွင်ပြင်
ကြည်လင်တဲ့ မြစ်
အဲ့ဒီ သြကာသ စစ်စစ်ဟာ
သဘာဝကိုမချစ်တဲ့ လူတွေရဲ့
(အမျိုးသား အမွေအနှစ်)
တန်ဖိုးမဲ့ လုပ်ရပ်ကြောင့်
အို့ ကြည့်စမ်းပ
ဧရာဝတီရဲ့ ရုပ်ကလာပ်
တဖြည်းဖြည်း စုတ်ပြတ်လို့ လာခဲ့ပါပကော။

ဟိတ်! ! !
ဘယ်မင်း တက်တက်
ဘယ် အက်ဥပဒေ
ဘယ်သဝေ ထိုးထိုး
ဘယ်အမျိုး ငတ်ငတ်
ဘယ်တပ် ရှိရှိ
ဧရာဝတီကို လာမထိနဲ့။

တန်ဖိုးထားမြတ်နိုးပါ....

လမ်းတစ်နေရာမှာဆုံကြတဲ့ ပုရွက်ဆိတ်လေး နှစ်ကောင်ဟာ ကိုယ့်ခေါင်းပေါ်က အမွေးနဲ့ အချင်းချင်းထိတွေ့ နှုတ်ဆက်ကြပြီး ဆန်ကျင့်ဖက်ကို လမ်းခွဲလျှောက်ခဲ့ကြတယ်။ ဦးတည်ရာဖက်ကို တရွေ့ရွေ့တွားသွားရင်း ကျယ်ပြန့်တဲ့ဟင်းလင်းပြင်ကြီးမှ
ာ ခန္ဓာကိုယ်သေးငယ်တဲ့ ပုရွက်ဆိတ်နှစ်ကောင်ဟာ ဘယ်နေရာမှာ ထပ်ပြန်ဆုံခွင့်ရကြမလဲ? စကြာဝဠာနဲ့ နှိုင်းယဉ်ကြည့်ရင် ကျွန်မတို့လူဆိုတာ မျက်စိနဲ့တောင်မမြင်နိုင်တဲ့ အမှုန်လေးပါ။ ဘယ်နေရာ ဘယ်အချိန်မှာ ပုရွက်ဆိတ်လေးနှစ်ကောင်လို အချင်းချင်း ထိတွေ့ခွင့်ရနိုင်မလဲ..? နှုတ်ဆက်ခွင့်ရနိုင်မလဲ? လူ့ဘဝထဲ တစ်ခါရောက်လာဖို့ လွယ်ကူပါသလား? လူချင်းတစ်ခါလောက် ရင်းရင်းနှီးနှီးနှုတ်ဆက်ဖို့ လွယ်ကူပါသလား? "သူငယ်ချင်း"လို့ အမည်တပ်ဖို့ လွယ်ကူပါသလား? စကားလေး တစ်ခွန်းပါပဲ .... “တန်ဖိုးထား မြတ်နိုးပါ” တဲ့... 
နိုင်းနိုင်းစနေ@facebook မှကူးယူပါသည်။ ။

သို့......... ချစ်သောဧရာဝတီ ( အပိုင်း-၂ )

ရင်ဘတ်ထဲက ကဗျာတွေ
စာရွက်ပေါ်ကို ခုန်ချ
မျက်ဝန်းတွေ ရေကြီးတဲ့ ညမှာ
ငါ...
ဝေဒနာပလီတဲ့ အလွမ်း ဆူးတွေနဲ့
ဧရာဝတီရဲ့ ကမ်းနဖူးကို လွမ်းမိတယ်။

အဲဒီ ဧရာကမ်း နဖူးမှာ
တုတ်ခွန်သွင်း အ၀တည်တဲ့
ဒုတိယမင်းခေါင်ရဲ့
မှော်ယွန်းကြိုး မြို့ရိုး ရှိတယ်။

အဲဒီ ဧရာကမ်း နဖူးမှာပဲ
သပြေတန်း၊ အစေခံ ဆင်ကျူံးဆိုပြီး
မြစ်ကြောင်းအတိုင်း တက်လာမယ့် နယ်ချဲ့ကို
တစ်ကယ် မဖဲ့လိုက်ရတဲ့
ကနောင်လက်နက်တိုက်နဲ့ ခံတပ်တွေရှိတယ်။

ဒဏ်ရာမပေါ်တဲ့ အခါ နာကျင်မှုက ပိုနက်ရှိုင်းတယ်

ထူးခြားဆန်းကျယ်တယ် မဟုတ်သလို ဖြစ်ရိုးဖြစ်စဉ်လည်းမဟုတ်ဘူး
အာရုံထွေပြားမှု တစ်စိတ်တစ်ပိုင်းကိုတော့ ပွင့် လင်းစွာဝန်ခံရမှာပဲ
မရေမရာ အမှတ်မထင်ဆုံစည်းမှုလား
ဆက်စပ်ပတ်သက်လာမဲ့  အရိပ်ပြနွယ်မျှင် လွန့် လူးခြင်းလား
နှလုံးသားကို ဝေ့ ခနဲ သန်းသွားတဲ့  ဆံချည်တစ်မျှင်
လိုရာဆွဲပြီး ဓမ္မစကားငှားရမ်းကြစတမ်းဆိုရင်
" ရေစက် "  တို့  " ပဌန်းဆက် " တို့  ဆိုတာမျိုးလား
ငြိတွယ်နှောင်ငင်တော့  သောကရင်ငွေ့ ဖွဲ့ ပေါ့ 
လက်ဖ၀ါးပေါ်က ဖွဲမီးတစ်ပုံ ဦးနှောက်ကိုပါ အုံခဲစေတယ်
တကယ်တော့ လည်း -ရူးသွပ်ခြင်းသက်သက်ပါ
လေနဲ့ အမျှားခံရတဲ့  ငါးတစ်ကောင် အာခေါင်ပဲ့ တဲ့ ကိန်းပါ
တစ်ဖက်ထဲ ရိုက်ခတ်မိတဲ့ လက်ခုပ်ရဲ့
ရှက်ဖွယ်လိလိ အသံမဲ့ လှုပ်ရမ်းမှုပါ

Monday, 17 October 2011

နောက်ကျခြင်း

ပွင့်မှတော့လည်းသူ့မြကေရှင်း ကေသာရင်းတွင်အဦးပန်ခွင့် အကောင်းသား။

သို့တည်းမဟုတ်နောက်ဆုတ်အတွေးခွင့်မပေးလို့မြုံယောင်နေခဲ့ အကောင်းသား။

အခုတော့လည်းပန်းပွင့်ပြီးမှ တွေ့ရဦးဖျားပန်ပြီးသားမို့ပွင့်ကျိုးမနပ် နိုင်တော့တယ်။

နွမ်ဂျာသိုင်း (၁၉၈၅)



( Monday, October 11, 2010 )

Sunday, 16 October 2011

ဘယ်အငြိုးနဲ့သည်းတာလဲ

လမိုက်ညတစ်ည
လမင်းအလင်းရောင်မပြောနဲ့
ကြယ်တစ်ပြောင်တောင် မတွေ့ရတဲ့ည
မိုးတိမ်တွေကမည်းလို့မှောင်တယ်....
.............................................
....................
ရှားပါးလှတဲ့အချိန်နာရီတွေထဲ
ချစ်ရတဲ့သူနဲ့ဆုံတွေ့ခွင့်ရတဲ့ခဏ
မိုးကသည်းလို့ရွာတယ်....
.......................................
......................

Saturday, 15 October 2011

စနေမှာရွာတဲ့မိုး


တချိန်ကတော့ အဲဒီသီချင်းလေးထဲကလိုပဲ..တကယ်ပဲ ပျော်ခဲ့ကြ..ချစ်ခဲ့ကြတယ်... ခုချိန်ကျတော့...............

" မတိတ်မဲ့မိုး "
အလွမ်းတွေက ဇူလိုင်မိုးလို
တဖွဲဖွဲရွာတယ်..
စနေမှာရွာတဲ့မိုးက
တစ်ပတ်လုံးရွာပြီးမှ တိတ်တယ်တဲ့....
ငါ့ရင်မှာရွာတဲ့မိုးက
မင်းထားခဲ့တဲ့ နေ့တည်းကရွာနေတဲ့
အလွမ်းတွေ...
ဘယ်လိုဂါထာ မန္တန်နဲ့
ရွတ်ဖတ်ပြီးတားတား
မတိတ်မယ့်မိုးတွေ.......
...........
.........
........

ဟိုးတစ်ချိန်တုန်းက ( Saturday , August 22, 2009 )

Friday, 14 October 2011

Hello

Hello!.......ကျေးဇူးပြုပြီး ( ... ) ခန်းကိုဖုန်းလွှဲပေးပါလားရှင်..
သူ့ကိုသူမ သတိရလာသဖြင့် သူနှင့်စကားပြောရန် တဖက် receptionမှအမျိုးသမီးအား ပြောနေခြင်းသာဖြစ်ပါသည်။ ခေါ်ပေးချင်စိတ်ရှိအောင်လည်း ပြောရသေးသည်။ မတော်လို့များ ဖုန်းမအားသေးဘူး ဆိုပြီးမခေါ်ပေးလျှင် မခက်ပေဘူးလား..ပြောလို့သာပြောရတာပါ..သူတို့ဆီက reception မှမမများသည် သဘော ကောင်းကြပါသည်..(နောက်မခေါ်ပေးမှာဆိုးလို့..) ..ခနေ သူတို့ဌာနဘက် ဖုန်းဝင်သွားပြန်တော့ ဖုန်းလာကိုင်သူု မှာ သူမဟုတ်ခဲ့လျှင် သူနှင့်ပြောချင်ကြောင်း ထပ်ပြောရပြန်တယ်...
ဖုန်းလေးတစ်ခါပြောဖို့ အတွက်ကိုတောင် ဒီလောက်ခေါ်ယူရတာကိုပင် သူကတော့ အလကားနေအားနေလို့ ဖုန်းခေါ်ရတာလွယ်နေလို့ သူ့ဆီလှမ်းစကားပြောတယ် များထင်သလားမသိ...
တခါတလေဆို ဘာမပြောညာမပြောနှင့်ဖုန်းတောင် ချသွားတတ်ပါရဲ့..သူမမှာတော့ ဖုန်းခွက်ကိုကိုင်လျက်သားနဲ့ စိတ်တိုဒေါသထွက်ပြီး လျှာရှည်ပြီးဖုန်းခေါ်မိတဲ့ ကိုယ့်ကိုယ်ကိုသာ ကျိန်ဆဲရင်း နောက်ဘယ်တော့မှ သူဆီဖုန်းမခေါ်ဘူးလို့ကြုံးဝါးရင်း...

ဧရာဝတီပုံပြင်

Among the many rivers of Myanmar, the Ayeyarwaddy River (formerly known as Irrawaddy River) is the most important and by far the largest. An about 1,550 km (960 miles) long, with a total drainage area of about 158,700 square miles (411,000 square km), the river also serves as a commercial waterway to the whole nation stretching from the north to the south before meeting the Andaman Sea. People believed that the name "Ayeyarwaddy" meaning "elephant river" came from a Sanskrit word airavati".
               ကလေးများသည် လူကြီးများထက်ပို၍ စိတ်ကူးယဉ် တတ်ကြသည်။ တစ်နည်းအားဖြင့် လူကြီးများထက်ပို၍ စိတ်ကူးဥာဏ်ကွန့်မြူးတတ်ကြသည်ဟု ဆိုရပါလိမ့်မည်။ ထို့ကြောင့်လည်း ကလေးတို့၏ အိပ်မက်သည် လူကြီးတို့၏ အိပ်မက်ထက်ပို၍ လှပဆန်းကြယ်လေ့ရှိသည်။ ထို့ကြောင့်လည်း ကလေးတို့၏ အိပ်မက်ကို လက်မခံနိုင်သော လူကြီးများက ရယ်မောကာ မေ့ပျောက်ပစ်လိုက်ကြခြင်းဖြစ်သည်။ သို့သော် အဖေကတော့ အခြားလူကြီးများလို သား၏ အိပ်မက်ကို မမေ့နိုင်ခဲ့ပေ။

*****
               သားသည် အိပ်မက်ထဲမှာ သူ့လက်နှစ်ဖက်မှာ အတောင်နှစ်ဖက်အဖြစ်ပြောင်းလဲသွား၏။ ထိုတောင်ပံများဖြင့် လေကိုခတ်ယူ၍ ကောင်းကင်သို့ တစ်ရှိန်ထိုး ပျံဝဲမြင့်တက်သွားပြီး တိမ်တွေ၏ အပေါ်မှာ ငှက်တစ်ကောင်လိုပင် တောင်ပံဖြန့်ဝဲရင်း လေဟုန်စီးလျက်ရှိသည်။ သား၏ အောက်ဘက်သို့ ငုံ့ကြည့်လိုက်သောအခါ ပါးလွှာနူးညံ့သော တိမ်ငွေ့တန်းများကို ထွင်းဖောက်ပြီး လှပသော မြစ်ကြီးတစ်စင်းသည် ရှည်လျားစွာ၊ ညင်သာစွာ စီးဆင်းလျက်ရှိသည်။ မြစ်ရေ၏ အရောင်သည် ခါတိုင်းလို ညိုညစ်ညစ်ရွှံ့ရောင်မဟုတ်။ တောင်တန်းတွေ၏ အရောင်လို၊ ကောင်းကင်၏ အရောင်လိုပြာလဲ့လျက်ရှိ၏။ သို့သော် ထိုမြစ်သည် ဧရာဝတီမြစ်ဖြစ်သည်။ နောက်ကျိသောအရောင်မဟုတ်ဘဲ ပြာလဲ့နေစေကာမူ ဒါဟာ ဧရာဝတီမြစ်ဟု သေချာသည်။

          ဖေဖေကပြုံးလျက် "သားက ဘယ်လိုလုပ်ပြီး ဧရာဝတီမှန်း သိသလဲ"ဟု မေး၏။ သားထံမှ အမျိုးမျိုးသော အဖြေတို့ထွက်လာနိုင်ကြောင်း အဖေမျှော်လင့်ထားပြီးဖြစ်သည်။
Image name: Sunrise over the Irrawaddy River. Photographer: Lana Law
          "သိတာပေါ့အဖေရဲ့၊ အောက်မှာ စစ်ကိုင်းတံတားကြီးကိုပါ မြင်ရတာကိုး။ တံတားကြီးက ကောင်းကင်ပေါ်က ကြည့်တော့ မှုန်မှုန်သေးသေးလေး အဖေရဲ့။ ဒါပေမဲ့ အဲဒါ စစ်ကိုင်းတံတားပဲ။ ဒီတော့ ဒါဧရာဝတီပေါ့" ဟူသော အဖြေမျိုး။
          သို့မဟုတ်…
          "ဒုဋ္ဌ၀တီမြစ်စီးဝင်တဲ့ နေရာလေးကို ကျနော် မှတ်မိနေတယ်လေ အဖေရဲ့။ အင်းဝကိုလည်း မြင်ရတယ်။ ဒီတော့ ဒါဧရာဝတီပေါ့" ဟူသော အဖြေမျိုး။
          သို့မဟုတ်…

Thursday, 13 October 2011

သို့......... ချစ်သောဧရာဝတီ (အပိုင်း-၁)

အလွမ်းတသက်တာအတွက်

ပန်းလက်နဲ့ ကဗျာ
ဝေဒနာလက်ဆောင်
ရင်နာအောင် ပေးခဲ့တော့မှာလားဧရာဝတီ။

ဟိုး........ရှေးအခါ
ဒို့များရဲ့ ရွှေမြန်မာမြစ်ဆုံမှာ
အချစ်ပုံပြင်လေးတပုဒ် ရှိခဲ့ဖူးသတဲ့။

အင်ခိုင်ဘွန်ရဲ့ တောင်ခြေရင်းမှာ
မေခနဲ့ မလိခ
ဝေမျှတဲ့ချစ်ခြင်း
ခြွေချတဲ့ မြစ်တစင်းအဖြစ်မွေးဖွား
မြန်မာပြည်ရဲ့ အသွေးအသား
ရာဇ၀င် တေးသွားများမှာ
အမုန်းတရားနဲ့စစ်ခင်း
နှလုံးသားရဲ့ ချစ်ခြင်းကိုသီဖွဲ့
ကြည်တလှဲ့ နောက်တခါ
ပြာတလှဲ့ မှုံတရီနဲ့
ယုံကြည်စွာစီးဆင်း
ဧရာဝတီဟာ နဒီပီသတဲ့မြစ်တစင်းပေါ့။

အထက်မြန်မာပြည်ရဲ့ ကင်းခြေများ
ကမ္ဘာကျော် အင်းဝတံတား
မဟားတယား ခွရပ်တော့
ခေါင်းကလေးငုံ့
ငြိမ့်ငြိမ့်ကလေးစီးဆင်း
ဒုဌ၀တီလက်ဆွဲပြီး
ရှက်ပြုံးလေး တလက်လက်နဲ့
ပင်လယ်ဘက် ခရီးထွက်သွားတဲ့ဧရာ။

ပု ပင်း အင်း တောင်
ညောင်ရမ်း ဘောင်
ဓားရောင် တဖွေးဖွေး..... တဲ့
အသားအရောင် တသွေးတမွေးနဲ့
ပြေးတဲ့အခါပြေး နှေးတဲ့အခါနှေး
ကွေးတဲ့အခါကွေး ဆန့်တဲ့အခါဆန့်
လန့်တဲ့အခါလန့် ငြိမ်တဲ့အခါငြိမ်
သူရဲကောင်းတို့ရဲ့ မဇ္ဖျိမဓားအိမ်
နယ်ချဲ့သွေးတွေ စေးကပ်လာတဲ့အခါ
ဧရာဝတီမှာ ဆေးကြော
သွေးညစ်တွေ စီးမျှောခဲ့ဖူးသတဲ့။

ဟဲ့ ဧရာ...........
ရှိသေးရဲ့လား နင့်ရေလွှာ
ငါ့ဖောင်တိန် မွဲပြာပြာအရောင်ပျက်လို့
ထောင်ထွက်တို့ ဝေဒနာချုပ်ငြိမ်း
စစ်အာဏာရုပ်သိမ်းတဲ့တနေ့
ရောက်တဲ့အရပ်က ဆက်ကနဲပြန်ကွေ့ခဲ့မယ်
ကျန်ခဲ့တဲ့ ကမ်းနဖူးလေးကို မှန်းဆ
ချန်ခဲ့တဲ့ သောင်ခုံလေးကို တမ်းတ
လွမ်းရတဲ့ မြစ်ပြင်လေးကို ငေးမော
ကျွမ်းရတဲ့ တမာပင်လေးကို
တွေးတောရင်း.........

Wednesday, 12 October 2011

Tuesday, 11 October 2011

ဓမ္မ ( ၁ )


ဆင်းရဲရာမှ အခြေအနေကောင်းလာလျှင်
ကုသိုလ်ရေးဘက်သို့ ဦးတည်လာသူဟူသမျှ
ဘယ်သူမဆို ၊ ဘာ...လူမျိုးမဆို
သူတော်ကောင်းစိတ်ဓာတ် ဘဝအဆက်ဆက်မှာ
အထုံပါခဲ့သူများ ဖြစ်ကြ၏ ။

(တောင်တန်းသာသနာပြုဆရာတော်ကြီး အရှင်ဦးဥတ္တမသာရ)





ကနေ့ လူတွေက နတ်နဲ့ စကားပြောတယ်ဆိုတာတော့
ကြားရင်လည်း သူတို့ ခံချင်မှာ မဟုတ်ဘူးနေ...ာ် ။
အလကား ဘာမှမဟုတ်ဘူးနော် ။
စိတ်ကူးနဲ့ ပြောနေတာ ။
မျက်နှာချင်းဆိုင်ပြီးတော့ ဘယ်သူမှ မပြောရဘူး ဟုတ်လား ။

(တိပိဋကဓရ မင်းကွန်းဆရာတော်ကြီး)



@facebook

Monday, 10 October 2011

Memo ( 1 )

ပျော်ရွှင်ခြင်းဆိုတာ ခံစားဖို့ဖြစ်တယ်။ နှိုင်းယှဉ်ဖို့ မဟုတ်ဘူး။
ဘဝဆိုတာ လှုပ်ရှားရုန်းကန်ဖို့ဖြစ်တယ်။ အမှတ်စတေးထားဖို့ မဟုတ်ဘူး။
ချစ်ခြင်းမေတ္တာဆိုတာ ပြုစုပျိုးထောင်ဖို့ဖြစ်တယ်။ စမ်းသပ်ဖို့ မဟုတ်ဘူး။
ချစ်သူဆိုတာ ချစ်ခင်ယုယဖို့ဖြစ်တယ်။ နာကျင်ထိခိုက်ဖို့ မဟုတ်ဘူး။
ငွေကြေးဆိုတာ ပေးကမ်းစွန့်ကျဲဖို့ဖြစ်တယ်။ တိုင်းတာဖို့ မဟုတ်ဘူး။
... အလိမ်အညာဆိုတာ ဖျက်ဆီးဖို့ဖြစ်တယ်။ တန်ဆာဆင်ဖို့ မဟုတ်ဘူး။
ယုံကြည်မှုဆိုတာ တည်ဆောက်ဖို့ဖြစ်တယ်။ စိန်ခေါ်ဖို့ မဟုတ်ဘူး။
***************
ကောင်းတာကို ကောင်းတာနဲ့တုန့်ပြန်တယ်။
မကောင်းတာကို မကောင်းတာနဲ့ တုန့်ပြန်တယ်လို့ ကြားဖူးထားတယ်။
ဒါပေမဲ့ အသိဉာဏ်ရှိသူတွေက ကောင်းတာနဲ့ မကောင်းတာကို ဖာထေးတယ်။
အသိဉာဏ်မဲ့သူတွေက မကောင်းတာနဲ့ ကောင်းတာကို ချေဖျက်တယ်။
***************
မကြာခဏမြင်တွေ့နေရတဲ့ မပျော်ရွှင်တဲ့ ချစ်သူရည်းစားတွေ၊ လမ်းခွဲပြတ်စဲသွားကြတဲ့ ချစ်သူရည်းစားတွေဟာ အချင်းချင်း မချစ်ကြလို့မဟုတ်ဘူး။ အချင်းချင်း နားလည်မှု မပေးနိုင်ကြလို့ဖြစ်တယ်။ လူ့လောကထဲမှာ အချင်းချင်းနာကျင်အောင် ညှင်းပန်းနှိပ်စက်နေကြတဲ့ ယောက်ျားမိန်းမ၊ ချစ်သူစုံတွဲတွေဟာ မချစ်ကြလို့မဟုတ်ဘူး။ နားလည်မှု မရှိကြလို့ဖြစ်တယ်။

သင့်ကို နားလည်မှုပေးနိုင်သူတစ်ယောက်က သင်လိုချင်တဲ့ပုံစံနဲ့ သင့်ကိုချစ်တယ်။
သင့်ကို နားလည်မှုမပေးနိုင်သူတစ်ယောက်က သူလိုချင်တဲ့ပုံစံနဲ့ သင့်ကိုချစ်တယ်။
**************
လောကကြီးတစ်ခုလုံးကို ကိုယ်ပိုင်ဆိုင်ထားတယ်ဆိုရင်တော
င် ကိုယ့်အတွက်က တစ်နေ့ထမင်းသုံးနပ်နဲ့ ညအိပ်ရင် ကုတင်တစ်လုံးပါပဲ။ ကုတင်အလုံးတစ်ရာ ပိုင်တယ်ဆိုရင်တောင် ညအိပ်ရင် ကုတင်တစ်လုံးပဲ သင်အိပ်နိုင်မယ်။ ဖိနပ်အရံတစ်ထောင် ပိုင်ထားတယ်ဆိုရင်တောင် တစ်ကြိမ်မှာ ဖိနပ်တစ်ရံပဲ သင်စီးလို့ရမယ်။ ဟင်းအပွဲရာကျော်ကို သင်မှာနိုင်တယ်ဆိုရင်တောင် သင်ဘယ်လောက်စားနိုင်မလဲ? အလွန်ဆုံး အစာအိမ်တစ်ခုပဲ သင်ထည့်နိုင်မှာ မဟုတ်လား? လူအချင်းချင်းကို တတ်နိုင်သလောက် ဖေးမပေးပါ.. မဖေးမနိုင်ရင်လည်း မနိမ်ချပါနဲ့။ ဘယ်လောက်ပဲ high class ပဲဖြစ်နေပါစေ.. လူမျိုးချင်းချင်းကို နိမ်ချတာလောက် စိတ်ဓာတ်အောက်တန်းကျတာမရှိဘူး.. လူမမြင်ရပေမယ့် စိတ်ဓာတ်ကိုတော့ မြင်နေရတယ်.. .
http://www.facebook.com/99sanay/posts/10150340426487358
နိုင်းနိုင်းစနေ@facebook မှကူးယူပါသည်။ ။

Sunday, 9 October 2011

ချစ်သူ့လက်ဆောင်



 Teddy bear က မနှစ်ကမွေးနေ့တုန်းက ကိုကိုပေးထားတဲ့လက်ဆောင်...
ယုန်လေးကတော့...ချစ်သူ့သက်တမ်းတစ်နှစ်ပြည့်အတွက် ၀ယ်ပေးတာ....

Tuesday, 4 October 2011

အလွမ်းတွေနဲ့ဆန္ဒ

နင်က ငါ့ချစ်သူဆိုတဲ့
အတ္တစိတ်တစ်ခုတည်းနဲ့
နင့်ကိုငါ့အတွက်ပဲ ရှင်သန်စေချင်ခဲ့တာ …..

လည်နေတဲ့နာရီလက်တံတွေကိုကြည့်တိုင်း
ငါ့မျက်ဝန်းရဲ့လိုအပ်မှုက
နင်ဖြစ်နေတတ်တာမထူးဆန်းပေမယ့်
ညနေခင်းလေးတစ်ခုတောင်
ကိုယ်ပိုင်ဆန္ဒနဲ့ လက်ဆောင်မပေးနိုင်ခဲ့တဲ့ ချစ်သူကို
ရူးနှမ်းနေတဲ့ခံစားချက်နဲ့
ဘုကန့်လန်တိုက်မိတဲ့အခါ
ငါ့ကိုခွင့်လွှတ်ပါ …..

Monday, 3 October 2011

ချာတိတ်




ပန်းပွင့်ကိုမြင်
ပန်းမထင် ရင်မှာထိတ်။

လမင်းကိုမြင်
လမထင် ရင်မှာထိတ်။

စမ်းချောင်းငယ်မြင်
စမ်းမထင် ရင်မှာထိတ်။

ပန်း, လငယ်, စမ်းတွေ မေ့စဉ်ပေါ့
စိတ်မှာထင် ၀င်လာစိုးပြီး
ကိုယ့်ရင်မှာ သူလေတိုးတယ်
ဆိုးတဲ့ချာတိတ်။


ရဲထိန်
(၁.၁.၉၁/၁၂း၂၈း၅၅)



 မှ။
 http://www.nguyinpyin.net

Saturday, 1 October 2011

အချစ်

လိုက်ခဲ့မယ်နော်
မျက်လုံးပေါ်မှာ
နှုတ်ခမ်းပေါ်မှာ
အိပ်ပျော်မှာပါ

နွံလွှာနက်နက်
ခြေတစ်ဖက်ကျွံနစ်
ရုန်းထွက်ဖို့မဖြစ်နိုင်တော့ပါ..

Template by:
Free Blog Templates