Saturday, 29 October 2011

ဖမ်းဆုပ်မရတော့တဲ့ အတ္တများရဲ့ ရာဇ၀င်


ပေးဆပ်မှုတွေနဲ့သာ

... ရှင်သန်လာရတဲ့ ငါ့ရဲ့ဘ၀မှာ

အတ္တဆိုတာ….

ချိုသလား ခါးသလား

ဝိုးတစ်ဝါးပါပဲလေ ။

ဘ၀ကပေးအပ်ထားတဲ့ အသိတရားနဲ့

အားလုံးအတွက်ပေးဆပ်ထားတဲ့

ငါ့နှလုံးသားက

ဆန္ဒနဲ့ အတ္တတွေကို

ဖိနှိပ်မြိုသိပ်ထားခဲ့တာ

ဆယ်စုနှစ်သုံးလီ ဖြတ်ကျော်လာခဲ့ပါပြီ ။

ရှေ့ဆက်ရမယ့် အနာဂါတ်မှာ

ငါ့စိတ် ငါ့ဆန္ဒ

ငါ့အတွက်ဆိုတဲ့အတွေးတွေနဲ့

အတ္တတွေကို ဖွင့်ချလိုက်တဲ့အခါ

ခေါက်ရိုးကျိုးနေပြီဖြစ်တဲ့ အတ္တတွေက

ငါ့ကို…..

လှောင်ပြုံး ပြုံးနေကြတယ်လေ…….။


မှူး (ဥသျှစ်ပင်)
 
အစ်မတစ်ယောက်ရေးထားတဲ့ကဗျာလေးပါ...သူက ကိုယ့်ကို ကဗျာနဲ့ပုံနဲ့တွဲပြီး လုပ်ခိုင်းထားတာ ကြာပါပြီ။ ကိုယ်ကလည်း လုပ်ပေးမယ်ဆိုပြီး မလုပ်ဖြစ်နဲ့မေ့သွားတယ်
ခုတစ်ခေါက် အစ်မက ညီမလေး လုပ်ပေးပြီးပြီလားလို့  ထပ်ပြောမှပဲ သတိရသွားပြီးးကောင်းမယ်ထင်တဲ့ပုံလေးတွေရှာ..စာရိုက်ထည့်နဲ့လုပ်ဖြစ်ပါတော့တယ်..
ကိုယ်ကလည်း မတတ်တဲ့သူဆိုတော့ မလုပ်တတ်လုပ်တတ်နဲ့ပဲ အဆင်ပြေအောင် သုံးခုများတောင်လုပ်ပေးလိုက်ပါတယ်....အစ်မကြိုက်တဲ့ပုံ ရွေးပေါ့နော်..သိပ်တော့မကွာပါဘူး
နောက်ခံပုံလေးကတော့ တူတူပါပဲ..စာလုံးအရောင်နဲနဲကွဲတာလေးပဲရှိတာပါ...း) ( အရမ်းတော်ပါတယ်..).. အစ်မကလည်းအားပေးရှာပါတယ်...ညီမလေး အပေါ်ဆုံးက ပုံလေးကောင်းတယ်တဲ့..ကိုယ့်ကိုယ်ပဲအားနာလို့ ပြောတာလားတော့ မသိဘူးပေါ့လေး)
ဘာပဲဖြစ်ဖြစ် ကြိုက်တယ်ဆိုလို့ ၀မ်းသာပါတယ် အစ်မရေ..
 














 









 
 

No comments:

Post a Comment

လာရောက်ဖတ်ရှုကြတဲ့ စာဖတ်သူများ အားလုံးကိုကျေးဇူးတင်ပါတယ်....

Template by:
Free Blog Templates