Thursday, 20 October 2011

ချစ်သောဧရာဝတီ (အပိုင်း-၃)

 ဧရာဝတီဟာ
မိုင်ထောင်ချီ ခြေလှမ်းတွေနဲ့
အပြေးအလွှား မမောမပန်း
သမိုင်းအဆက်ဆက် ဖြတ်သန်း
ခေတ်အဆက်ဆက်ရဲ့ မှတ်တမ်း
အဆုံးမရှိတဲ့ ဇာတ်လမ်းတစ်လျှောက်
ပြည်သူတွေရဲ့ ဒုက္ခ
နာကျင်ကြေကွဲမှု မှန်သမျှ
တယုတယ သယ်ဆောင်
သစ္စာတဘောင် သောင်မထွန်းခဲ့တဲ့မြစ်။


သည်တောနဲ့သည်တောင်
လျှိုမြောင်နဲ့လွင်ပြင်
ကြည်လင်တဲ့ မြစ်
အဲ့ဒီ သြကာသ စစ်စစ်ဟာ
သဘာဝကိုမချစ်တဲ့ လူတွေရဲ့
(အမျိုးသား အမွေအနှစ်)
တန်ဖိုးမဲ့ လုပ်ရပ်ကြောင့်
အို့ ကြည့်စမ်းပ
ဧရာဝတီရဲ့ ရုပ်ကလာပ်
တဖြည်းဖြည်း စုတ်ပြတ်လို့ လာခဲ့ပါပကော။

ဟိတ်! ! !
ဘယ်မင်း တက်တက်
ဘယ် အက်ဥပဒေ
ဘယ်သဝေ ထိုးထိုး
ဘယ်အမျိုး ငတ်ငတ်
ဘယ်တပ် ရှိရှိ
ဧရာဝတီကို လာမထိနဲ့။



ကိုယ့်လမ်း ကိုယ်လျှောက်
ကိုယ့်ပန်း ကိုယ်ကောက်
ဘောက်ထော်အပျိုကြီး လာမကပ်နဲ့
ပေါက်ဖော်ဆိုပြီး လာမစပ်နဲ့
ဘွာမခတ်တဲ့ ဘာမထီ
သာကီဆိုတာ မျိုးနဲ့ရိုးနဲ့
ဧရာဝတီဆိုတာ ရှိုးနဲ့ စမိုးနဲ့။    ။




အမောင်
၁၇:၄၅
၂၀၁၁၁၀၀၀၉။ပီနန်။

( ဦးသိန်းစိန်အစိုးရသည် ဧရာဝတီမြစ်စုံ စီမံကိန်းအား နိုင်ငံရေးလှည့်ကွက်ဖြင့် ကာလတစ်ခုအထိ ခေတ္တရပ်ဆိုင်းထားခြင်းမျှသာ ဖြစ်သည်။ ထို့ကြောင့် ဧရာဝတီတော်လှန်ရေး မပြီးဆုံးသေးပါ။ )

No comments:

Post a Comment

လာရောက်ဖတ်ရှုကြတဲ့ စာဖတ်သူများ အားလုံးကိုကျေးဇူးတင်ပါတယ်....

Template by:
Free Blog Templates