Thursday, 20 October 2011

တန်ဖိုးထားမြတ်နိုးပါ....

လမ်းတစ်နေရာမှာဆုံကြတဲ့ ပုရွက်ဆိတ်လေး နှစ်ကောင်ဟာ ကိုယ့်ခေါင်းပေါ်က အမွေးနဲ့ အချင်းချင်းထိတွေ့ နှုတ်ဆက်ကြပြီး ဆန်ကျင့်ဖက်ကို လမ်းခွဲလျှောက်ခဲ့ကြတယ်။ ဦးတည်ရာဖက်ကို တရွေ့ရွေ့တွားသွားရင်း ကျယ်ပြန့်တဲ့ဟင်းလင်းပြင်ကြီးမှ
ာ ခန္ဓာကိုယ်သေးငယ်တဲ့ ပုရွက်ဆိတ်နှစ်ကောင်ဟာ ဘယ်နေရာမှာ ထပ်ပြန်ဆုံခွင့်ရကြမလဲ? စကြာဝဠာနဲ့ နှိုင်းယဉ်ကြည့်ရင် ကျွန်မတို့လူဆိုတာ မျက်စိနဲ့တောင်မမြင်နိုင်တဲ့ အမှုန်လေးပါ။ ဘယ်နေရာ ဘယ်အချိန်မှာ ပုရွက်ဆိတ်လေးနှစ်ကောင်လို အချင်းချင်း ထိတွေ့ခွင့်ရနိုင်မလဲ..? နှုတ်ဆက်ခွင့်ရနိုင်မလဲ? လူ့ဘဝထဲ တစ်ခါရောက်လာဖို့ လွယ်ကူပါသလား? လူချင်းတစ်ခါလောက် ရင်းရင်းနှီးနှီးနှုတ်ဆက်ဖို့ လွယ်ကူပါသလား? "သူငယ်ချင်း"လို့ အမည်တပ်ဖို့ လွယ်ကူပါသလား? စကားလေး တစ်ခွန်းပါပဲ .... “တန်ဖိုးထား မြတ်နိုးပါ” တဲ့... 
နိုင်းနိုင်းစနေ@facebook မှကူးယူပါသည်။ ။

No comments:

Post a Comment

လာရောက်ဖတ်ရှုကြတဲ့ စာဖတ်သူများ အားလုံးကိုကျေးဇူးတင်ပါတယ်....

Template by:
Free Blog Templates