ထူးခြားဆန်းကျယ်တယ် မဟုတ်သလို ဖြစ်ရိုးဖြစ်စဉ်လည်းမဟုတ်ဘူး
အာရုံထွေပြားမှု တစ်စိတ်တစ်ပိုင်းကိုတော့ ပွင့် လင်းစွာဝန်ခံရမှာပဲ
မရေမရာ အမှတ်မထင်ဆုံစည်းမှုလား
ဆက်စပ်ပတ်သက်လာမဲ့  အရိပ်ပြနွယ်မျှင် လွန့် လူးခြင်းလား
နှလုံးသားကို ဝေ့ ခနဲ သန်းသွားတဲ့  ဆံချည်တစ်မျှင်
လိုရာဆွဲပြီး ဓမ္မစကားငှားရမ်းကြစတမ်းဆိုရင်
" ရေစက် " တို့  " ပဌန်းဆက် " တို့  ဆိုတာမျိုးလား
ငြိတွယ်နှောင်ငင်တော့  သောကရင်ငွေ့ ဖွဲ့ ပေါ့ 
လက်ဖ၀ါးပေါ်က ဖွဲမီးတစ်ပုံ ဦးနှောက်ကိုပါ အုံခဲစေတယ်
တကယ်တော့ လည်း -ရူးသွပ်ခြင်းသက်သက်ပါ
လေနဲ့ အမျှားခံရတဲ့  ငါးတစ်ကောင် အာခေါင်ပဲ့ တဲ့ ကိန်းပါ
တစ်ဖက်ထဲ ရိုက်ခတ်မိတဲ့ လက်ခုပ်ရဲ့ 
ရှက်ဖွယ်လိလိ အသံမဲ့ လှုပ်ရမ်းမှုပါ
အမှတ်တမဲ့ ဖြစ်စေ
ရည်ရွယ်ချက်နဲ့ ဖြစ်စေ
လှည့် ဖျားဖွဲ့ ငင် စင်တင်ပြီးမှ
ဥပေက္ခာ မြေ၀ိုင်းဇာတ် အသုံးတော်ခံရတဲ့ 
သံယောဇဉ် ကို လိမ်လည်မှုထက်
ပိုပြီးကြီးမားတဲ့ ရာဇ၀တ်မှုဆိုတာ
လောကမှာ မရှိဘူး ။ ။
by Ko Hmine on Monday, October 10, 2011

No comments:
Post a Comment
လာရောက်ဖတ်ရှုကြတဲ့ စာဖတ်သူများ အားလုံးကိုကျေးဇူးတင်ပါတယ်....