ပျော်ရွှင်ခြင်းဆိုတာ ခံစားဖို့ဖြစ်တယ်။ နှိုင်းယှဉ်ဖို့ မဟုတ်ဘူး။
ဘဝဆိုတာ လှုပ်ရှားရုန်းကန်ဖို့ဖြစ်တယ်။ အမှတ်စတေးထားဖို့ မဟုတ်ဘူး။
ချစ်ခြင်းမေတ္တာဆိုတာ ပြုစုပျိုးထောင်ဖို့ဖြစ်တယ်။ စမ်းသပ်ဖို့ မဟုတ်ဘူး။
ချစ်သူဆိုတာ ချစ်ခင်ယုယဖို့ဖြစ်တယ်။ နာကျင်ထိခိုက်ဖို့ မဟုတ်ဘူး။
ငွေကြေးဆိုတာ ပေးကမ်းစွန့်ကျဲဖို့ဖြစ်တယ်။ တိုင်းတာဖို့ မဟုတ်ဘူး။
... အလိမ်အညာဆိုတာ ဖျက်ဆီးဖို့ဖြစ်တယ်။ တန်ဆာဆင်ဖို့ မဟုတ်ဘူး။
ယုံကြည်မှုဆိုတာ တည်ဆောက်ဖို့ဖြစ်တယ်။ စိန်ခေါ်ဖို့ မဟုတ်ဘူး။
***************
ကောင်းတာကို ကောင်းတာနဲ့တုန့်ပြန်တယ်။
မကောင်းတာကို မကောင်းတာနဲ့ တုန့်ပြန်တယ်လို့ ကြားဖူးထားတယ်။
ဒါပေမဲ့ အသိဉာဏ်ရှိသူတွေက ကောင်းတာနဲ့ မကောင်းတာကို ဖာထေးတယ်။
အသိဉာဏ်မဲ့သူတွေက မကောင်းတာနဲ့ ကောင်းတာကို ချေဖျက်တယ်။
***************
မကြာခဏမြင်တွေ့နေရတဲ့ မပျော်ရွှင်တဲ့ ချစ်သူရည်းစားတွေ၊ လမ်းခွဲပြတ်စဲသွားကြတဲ့ ချစ်သူရည်းစားတွေဟာ အချင်းချင်း မချစ်ကြလို့မဟုတ်ဘူး။ အချင်းချင်း နားလည်မှု မပေးနိုင်ကြလို့ဖြစ်တယ်။ လူ့လောကထဲမှာ အချင်းချင်းနာကျင်အောင် ညှင်းပန်းနှိပ်စက်နေကြတဲ့ ယောက်ျားမိန်းမ၊ ချစ်သူစုံတွဲတွေဟာ မချစ်ကြလို့မဟုတ်ဘူး။ နားလည်မှု မရှိကြလို့ဖြစ်တယ်။
သင့်ကို နားလည်မှုပေးနိုင်သူတစ်ယောက်က သင်လိုချင်တဲ့ပုံစံနဲ့ သင့်ကိုချစ်တယ်။
သင့်ကို နားလည်မှုမပေးနိုင်သူတစ်ယောက်က သူလိုချင်တဲ့ပုံစံနဲ့ သင့်ကိုချစ်တယ်။
**************
လောကကြီးတစ်ခုလုံးကို ကိုယ်ပိုင်ဆိုင်ထားတယ်ဆိုရင်တော
င် ကိုယ့်အတွက်က တစ်နေ့ထမင်းသုံးနပ်နဲ့ ညအိပ်ရင် ကုတင်တစ်လုံးပါပဲ။ ကုတင်အလုံးတစ်ရာ ပိုင်တယ်ဆိုရင်တောင် ညအိပ်ရင် ကုတင်တစ်လုံးပဲ သင်အိပ်နိုင်မယ်။ ဖိနပ်အရံတစ်ထောင် ပိုင်ထားတယ်ဆိုရင်တောင် တစ်ကြိမ်မှာ ဖိနပ်တစ်ရံပဲ သင်စီးလို့ရမယ်။ ဟင်းအပွဲရာကျော်ကို သင်မှာနိုင်တယ်ဆိုရင်တောင် သင်ဘယ်လောက်စားနိုင်မလဲ? အလွန်ဆုံး အစာအိမ်တစ်ခုပဲ သင်ထည့်နိုင်မှာ မဟုတ်လား? လူအချင်းချင်းကို တတ်နိုင်သလောက် ဖေးမပေးပါ.. မဖေးမနိုင်ရင်လည်း မနိမ်ချပါနဲ့။ ဘယ်လောက်ပဲ high class ပဲဖြစ်နေပါစေ.. လူမျိုးချင်းချင်းကို နိမ်ချတာလောက် စိတ်ဓာတ်အောက်တန်းကျတာမရှိဘူး.. လူမမြင်ရပေမယ့် စိတ်ဓာတ်ကိုတော့ မြင်နေရတယ်.. .
http://www.facebook.com/99sanay/posts/10150340426487358
နိုင်းနိုင်းစနေ@facebook မှကူးယူပါသည်။ ။
No comments:
Post a Comment
လာရောက်ဖတ်ရှုကြတဲ့ စာဖတ်သူများ အားလုံးကိုကျေးဇူးတင်ပါတယ်....