Hello!.......ကျေးဇူးပြုပြီး ( ... ) ခန်းကိုဖုန်းလွှဲပေးပါလားရှင်..
သူ့ကိုသူမ
သတိရလာသဖြင့် သူနှင့်စကားပြောရန် တဖက် receptionမှအမျိုးသမီးအား
ပြောနေခြင်းသာဖြစ်ပါသည်။ ခေါ်ပေးချင်စိတ်ရှိအောင်လည်း ပြောရသေးသည်။ မတော်လို့များ
ဖုန်းမအားသေးဘူး ဆိုပြီးမခေါ်ပေးလျှင် မခက်ပေဘူးလား..ပြောလို့သာပြောရတာပါ..သူတို့ဆီက
reception မှမမများသည် သဘော ကောင်းကြပါသည်..(နောက်မခေါ်ပေးမှာဆိုးလို့..) ..ခနေ
သူတို့ဌာနဘက် ဖုန်းဝင်သွားပြန်တော့ ဖုန်းလာကိုင်သူု မှာ သူမဟုတ်ခဲ့လျှင်
သူနှင့်ပြောချင်ကြောင်း ထပ်ပြောရပြန်တယ်...
ဖုန်းလေးတစ်ခါပြောဖို့ အတွက်ကိုတောင်
ဒီလောက်ခေါ်ယူရတာကိုပင် သူကတော့ အလကားနေအားနေလို့ ဖုန်းခေါ်ရတာလွယ်နေလို့
သူ့ဆီလှမ်းစကားပြောတယ် များထင်သလားမသိ...
တခါတလေဆို
ဘာမပြောညာမပြောနှင့်ဖုန်းတောင် ချသွားတတ်ပါရဲ့..သူမမှာတော့
ဖုန်းခွက်ကိုကိုင်လျက်သားနဲ့ စိတ်တိုဒေါသထွက်ပြီး လျှာရှည်ပြီးဖုန်းခေါ်မိတဲ့
ကိုယ့်ကိုယ်ကိုသာ ကျိန်ဆဲရင်း နောက်ဘယ်တော့မှ
သူဆီဖုန်းမခေါ်ဘူးလို့ကြုံးဝါးရင်း...
နောက်ရက်အပြင်မှာ သူနှင့်ဆုံပြန်တော့
အဲဒီနေ့ကဖုန်းချလိုက်တာ အနားမှာသူဌေးရောက်နေလို့ ..ဆူပါဗိုက်ဆာ
ရှိနေလို့ဖုန်းချလိုက်တာပါဆိုပြီး သူပြောလာခဲ့ရင်တောင် သူမမှာသူ့ကိုတစ်ပြန်ကြီး
အားနာသွားရပြန်ပါတယ်...
ဒီလိုနဲ့တစ်ရက်ပြီးတစ်ရက်ကုန်ဆုံးရင်း
နောက်ဖုန်းမဆက်မိအောင် နေမယ်ဆိုတဲ့သူမ တစ်ကယ်တန်းသူ့ကို သတိရလာတဲ့အခါ...
Hello!
...ကျေးဇူးပြုပြီး( ... ) ခန်းကိုဖုန်းလွှဲပေးပါလားရှင်.....
လွန်လေပြီးသော တစ်ချိန်က ( Monday, August 3, 2009 )
Friday, 14 October 2011
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
လာရောက်ဖတ်ရှုကြတဲ့ စာဖတ်သူများ အားလုံးကိုကျေးဇူးတင်ပါတယ်....