Friday, 28 October 2011

မပြောင်းလဲမယ့် အမှန်တရား

ချစ်သူ
အမှတ်တရဆိုတဲ့
အရာတွေကိုမြင်မှ
သတိရတာမဟုတ်ပါဘူး
အချိန်တိုင်းမှာနင်က
စိုးမိုးထားတာပါ……
အရင်က179မိုင်အဝေး
လွမ်းလို့ပြေးတွေလို့ရတယ်
ခုတော့မိုင်များစွာဝေး
ငါဘယ်လိုလာတွေ့မလဲချစ်သူ…
သတိရခြင်းနေ့ရက်တွေကို
ဘာတွေနဲ့အစားထိုးရမှာလဲ
ခုတော့လွမ်းဆွေးခြင်းအဖြစ်ပြောင်းလဲ
နာကြင်ကြေကွဲနေရပြီ…
မပြောင်းမလဲတည်ရှိနေမယ်ထင်တဲ့
အရာတွေတောင်
ပြောင်းလဲကုန်ပြီ..
နင့်ရဲချစ်ခြင်းတွေကိုတော့
ကျေးဇူးပြုပြီး
မပြောင်းလဲလိုက်ပါနဲ့နော်
ခဏတာအတွက်ပဲဆိုဆို
တဘ၀စာအတွက်ပဲဆိုဆို
ထာဝရတော့ချစ်နေခွင့်ပေးပါ..!!!!

(အဝေးရောက်ညီမလေးအတွက်)


* တစ်ချိန်တုန်းက ကိုယ့်ရဲ့ခံစားချက်လေးကို အစ်မတစ်ယောက်က အဲလိုရေးပေးခဲ့တယ်

No comments:

Post a Comment

လာရောက်ဖတ်ရှုကြတဲ့ စာဖတ်သူများ အားလုံးကိုကျေးဇူးတင်ပါတယ်....

Template by:
Free Blog Templates