
ငါ့ကို... နင် နားမလည်နိုင်ဘူးလား... အင်ဒရီယာ...
နင့်ကိုလည်း ငါ နားမလည်နိုင်ဘူး...
သို့သော်လည်း...
ငါတို့ဟာ ...
တယောက်ကို တယောက် နားလည်နေကြပါတယ်... အင်ဒရီယာ...
တကယ်တော့... နားလည်မှု-ဆိုတဲ့ စကားလုံးကိုက နားလည်ဖို့ ခက်ခဲနေတဲ့အရာ... ဖြစ်တယ်... အင်ဒရီယာ...
ငါက နင့်ကို ချစ်တယ်...
နင်က ငါ့ကိုချစ်တယ်..
အဲသည့် ချစ်ခြင်းမေတ္တာတရားနောက်မှာ...
နားလည်မှုဆိုတာ ကပ်ပါလာတော့တာပါပဲ...
အလွမ်းလိုပေါ့... အင်ဒရီယာ...
အရိုးသားဆုံးနဲ့
စကားတလုံးပဲ ပြောရရင်...
နားလည်မှုမှာ... ခါးသက်မှုတွေပါတယ်...
နားလည်မှုမှာ... အရှုံးပေးမှုတွေပါတယ်...
နားလည်မှုမှာ... နားမလည်ခြင်းတွေပါတယ်...
နားလည်မှုမှာ... ဟန်ဆောင်မှုတွေပါတယ်...
နားလည်မှုမှာ... ဘာမှ မပါတော့ဘူး...
နင့်ကို တခါ ငါ နားလည်ပေးရတိုင်း...
ငါ့မှာ တခါ ခါးသက်တယ်...
ငါ့မှာ တခါ အရှုံးပေးရတယ်...
ငါ့မှာ တခါ နားမလည်မှုဖြစ်ရတယ်...
ငါ့မှာ တခါ ဟန်ဆောင်ရတယ်...
ငါ့မှာ တခါ ဘာမှ မရှိတော့ဘူး...
နင် ပျော်ရွှင်ပါ အင်ဒရီယာ...
ငါဟာ နင့်ကိုသာ နားလည်ပြီး...
ငါ့ကိုယ်ကို ဘယ်လိုမှကို နားမလည်တော့ဘူး...
ငါ့ကို နားလည်ပါ... အင်ဒရီယာ...
atn
by Augustine Nge on Saturday, August 6, 2011 at 5:44pm















No comments:
Post a Comment
လာရောက်ဖတ်ရှုကြတဲ့ စာဖတ်သူများ အားလုံးကိုကျေးဇူးတင်ပါတယ်....