Tuesday, 4 October 2011

အလွမ်းတွေနဲ့ဆန္ဒ

နင်က ငါ့ချစ်သူဆိုတဲ့
အတ္တစိတ်တစ်ခုတည်းနဲ့
နင့်ကိုငါ့အတွက်ပဲ ရှင်သန်စေချင်ခဲ့တာ …..

လည်နေတဲ့နာရီလက်တံတွေကိုကြည့်တိုင်း
ငါ့မျက်ဝန်းရဲ့လိုအပ်မှုက
နင်ဖြစ်နေတတ်တာမထူးဆန်းပေမယ့်
ညနေခင်းလေးတစ်ခုတောင်
ကိုယ်ပိုင်ဆန္ဒနဲ့ လက်ဆောင်မပေးနိုင်ခဲ့တဲ့ ချစ်သူကို
ရူးနှမ်းနေတဲ့ခံစားချက်နဲ့
ဘုကန့်လန်တိုက်မိတဲ့အခါ
ငါ့ကိုခွင့်လွှတ်ပါ …..



ချစ်သူအတွက်ပဲ
ရည်ရွယ်ထားတဲ့ နှလုံးသားကို
မျက်ရည်တွေနဲ့တော့မွန်းပြီး မသေစေချင်ဘူး …..

ရင်ဘက်ထဲက
ပြောမပြတတ်တဲ့ နာကျင်မှုနဲ့အတူ
ငါမျက်ရည်ကျတိုင်း
နင့်ကို အရမ်းသတိရတယ်ဟာ ….. ။

                                                                                                                           (spy.aws)

No comments:

Post a Comment

လာရောက်ဖတ်ရှုကြတဲ့ စာဖတ်သူများ အားလုံးကိုကျေးဇူးတင်ပါတယ်....

Template by:
Free Blog Templates