Friday, 30 December 2011

သူငယ်ချင်းပေးတဲ့စာ


ချစ်သူငယ်ချင်း ဘုတ် ရဲ့ ကိုယ်ဖတ်ဖို့ပေးလိုက်တဲ့ စာ..

မင်းတယောက်ပါ....

ဘ၀လမ်းကြမ်းကြမ်းကို
အနမ်းတွေနဲ့ လန်းဆန်းစေခဲ့တဲ့ချစ်သူ....

မတူညီတာတွေဘေးချိတ်
ညီမျှခြင်းတွေနဲ့ ချွေးသိပ်လို့
မေတ္တာရိပ်တွေနဲ့ အေးစေခဲ့တဲ့ချစ်သူ.....

ဘယ်အရာကို ပူဆွေးနေမလဲ
ရင်အေးအေးသာ ထားပါချစ်သူ.........

ငါ့ရင်ထဲတခါတခေါက်
မှောက်မှောက်မှားမှားနဲ့
အလည်ရောက်ခဲ့ရင်တောင်
မင်းမြင်နိုင်မယ်ထင့်.......
ငါ့တောင့်တစိတ်က
မင်းတယောက်ပါချစ်သူ.......

မောင်ပါလ
၃၀.၁၂.၂၀၁၁

( ၂၅ ) နှစ်ပြည့် ဒိုင်ယာရီ

ဒီနေ့ ချာတိတ်ရဲ့ ( ၂၅ ) နှစ်ပြည့် မွေးနေ့...ဘာမှ ထူးထူးခြားခြားလည်း မလုပ်ဖြစ်ပါဘူး..... မွေးနေ့မတိုင်ခင် တစ်ရက်ကြိုပြီးတော့ ကျေးဇူးရှင်မိဘ အဖေ နှင့် အမေ့ကို ဖုန်းဆက်ပြီး ကန်တော့တယ်.. အမေကတော့ ဒီနေ့ ဘုန်းကြီးကျောင်းကို ဆွမ်းချိုင့်ပို့ပေးမယ်လို့ပြောတယ်.. အဖေကတော့ ဆုတွေ အများကြီးပေးပါတယ်..
အချစ်ရဆုံးချစ်သူ ကိုကိုကလည်း ည ( ၁၂ ) နာရီမှာ ကိုယ့်ကိုဖုန်းခေါ်ပြီး " ယနေ့ကျရောက်သော ချာတိတ်ရဲ့မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် ချစ်သောကိုကိုနှင့် ပျော်ရွှင်စွာနေနိုင်ပါစေ။ " ဆိုပြီး.. Birthday wish လုပ်တယ်...
ခင်မင်ကြတဲ့ သူငယ်ချင်း မိတ်ဆွေ အစ်ကိုအစ်မ များကလည်း ဒီနေရာလေး မှာ Birthday wish တွေ တင်ပေးကြတယ်..အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်...ဒီနေ့ ချာတိတ် အပျော်ဆုံးနေ့တစ်နေ့ပါပဲ.. အွန်လိုင်းပေါ်မှာပဲ တစ်ကယ့်ကို အစ်ကိုအရင်းအစ်မအရင်းတွေကဲ့သို့ ချစ်ခင်ရတဲ့ အစ်ကိုကြီးအစ်မကြီးတို့မိသားစုရဲ့ မွေးနေ့ လက်ဆောင် video လေးအတွက်လေးလည်း ကျေးဇူးတင်ပါတယ်...



အစ်မအရင်းတစ်ယောက်လို ချစ်ရတဲ့ မကြီးရဲ့ မွေးနေ့ ကိတ်














Tuesday, 27 December 2011

I Love You More Than I Can Say

ကြိုးညှိစကား


မာယာလို့ ကိုယ်ထင်တဲ့အရာတချို့ အတွက်ရော…
ဒဏ်ရာရခမန်း အခါခါနာကျင်ရတာတွေ အတွက်ပါ
မင်းကို..
အပြစ်လည်း မတင်ချင်တော့ပါဘူး…

မင်းလျှောက်တဲ့ လမ်းတလျှောက်မှာ
ကိုယ်က..
မင်းမောမှ

အိမ်

ထူးအိမ်သင်ရဲ့ " အိမ် " ဆိုတဲ့ သီချင်းလေးပါ... အားလုံးပဲ ပျော်ရွှင်ဖွယ်ကောင်းတဲ့ အိမ်လေးတစ်လုံး ပိုင်ဆိုင်နိုင်ပါစေ......

Monday, 26 December 2011

သိသလိုလို မသိသလိုလို

တကယ်ချစ်ခဲ့တာလား
မချစ်ခဲ့ဘူးလား
ဘုရားသခင်သိစရာမလို
... မင်းတယောက်ထဲသိဘို့ လိုတယ် ။။။

သစ္စာတရားဆိုတာကို
တကယ်ယုံကြည်ခဲ့ကြတာလား
မယုံကြည်ခဲ့ ကြဘူးလား
ဘုရားသခင်သိစရာမလို
မင်းတယောက်ထဲသိဘို့ လိုတယ် ။။။

မွေးရာပါ ၀ဠ်နာကံနာတခုလို
ချစ်ခြင်းတရား ငါ့ကို စွဲကပ်
ကျေနပ်တယ်

Monday, 19 December 2011

ယုံကြည်နေပါချစ်သူ

မိုင်တိုင်တွေဘယ်လောက်ဝေးဝေး
နင်ရှိတဲ့မြို့ကလေး
ငါမှန်းလို့လွမ်းနေပါတယ်ချစ်သူ...
ဟိုအရင်အတူရှိခဲ့တဲ့
ဧရာဝတီမြစ်ကမ်းဘေးကညနေလေးနဲ့

ညီမလေး အိအိအတွက်



ဒီနေ့.. အစ်ကိုကြီး ဖိုးခွား (http://phokhorbaketharrlay.blogspot.com) နှင့်အစ်မကြီး မခင်လေးငယ်
တို့ဧ။်... တစ်ဦးတည်းသော ချစ်သမီးလေး အိအိ ရဲ့ ( ၇ ) နှစ်ပြည့်မွေးနေ့အမှတ်တရ

Thursday, 15 December 2011

ဘကြီးအောင်ညာတယ်








“အရှေ့ကျောင်းသား သူတောင်းစား၊ လယ်ပေါ် ကျောင်းသား အကောင်းစား။ ကျောက်မီးသွေးမို့  မည်းသကို၊ တို့ကျောင်းသားမို့ ရဲသကို။
ဟေ့လာမောင်ရို့ဝါး”ဟု အားရပါးရ ဆူညံစွာ အော်ဟစ် ပြေးလွှားလာကြသော ကလေး တစ်စုသည်ကား လယ်ပေါ် ဘုန်းကြီး ကျောင်းသားကလေးများ ဖြစ်ကြ၏။ ယင်းတို့ ကျောဘက် တင်းချ လယ်တစ်ကွက်လောက် အကွာတွင် ချည်လုံချည်ကို ပြာတာကွင်း သိုင်း၍ သင်တိုင်း အင်္ကျီကို လျော့ရိလျော့ရဲ ၀တ်လျက် ခေါင်းငိုက်စိုက်နှင့် တစ်လှမ်းချင်း လာနေသော မောင်ချစ်သည် “ဧ၀ံမေသုတံ ဧကံသမယံ”ဟု တတွတ်တွတ် ရွတ်လျက်ရှိ၏။

ဆေးတစ်အိုးကျွမ်းလောက် အကြာတွင် အရှေ့သို့ လှမ်းကြည့်လိုက်ရာ ပန်းပုဆရာကြီး ဦးအောင်ချာ ကနားဖျင်းထဲ၌ ကျောင်းသား သူငယ်ချင်းများ ၀ိုင်းအုံ နေသည်ကို တွေ့ရလေသည်။ မိမိသည်လည်း အကြောင်းကို သိလိုသောကြောင့် ပြေးသွား တိုးဝင်ကြည့်ရှုလေ၏။

ဦးအောင်ချာသည် ဆင်စွယ် မင်းသမီး ရုပ်ကလေး တစ်ခုကို ထုလျက်ရှိ၏။ ထုလုပ်စ ဖြစ်၍ ရုပ်လုံးပေါ်ရုံမျှပင် ရှိသေးသော်လည်း အရုပ်ကလေးမှာ နွဲ့နောင်းဖြူဖွေး ချစ်စရာကလေး ဖြစ်ပေ၏။ အတန်ကြာသော အခါ မောင်ထွေး၊ မောင်ခွေး၊ ဖိုးစံ၊ ဖိုးလှတို့ တစ်စု ထပြန်သွားလေ၏။ မောင်ချစ်ကား မြေကြီးပေါ်တွင် ဒူးထောက်၍

Wednesday, 14 December 2011

သိပ်ချစ်တယ် အရမ်းမုန်းတယ်




သူငယ်ချင်း ဘုတ်အတွက် မလုပ်တတ်လုပ်တတ်ဖြင့် လုပ်ထားသော..

စိတ်ဆိုးခြင်း၏ နောက်ကွယ်၌

ဒီလိုအဖြစ်လေးတစ်ခု ရှိခဲ့ဖူးပါတယ်။ တစ်ခါက လူတစ်ဦးမှာ လိမ္မာပြီး သခင်စကားနားထောင်တဲ့ ခွေးကလေးတစ်ကောင်ရှိတယ်။ တစ်နေ့မှာ ခွေးကလေးကို ဘေးအိမ်ခွေးကြီးက ကိုက်ပစ်လိုက်တယ်။ ထိခိုက်ဒဏ်ရာရသွားတဲ့ ခွေးကလေးကို သခင်က ဆေးထည့်ပေးဖို့ ပွေ့အချီမှာ မမျှော်လင့်ဘဲ လက်ကို လှမ်းကိုက်ခံလိုက်ရတယ်။ သခင်က စိတ်မဆိုးတဲ့အပြင် “ကျွန်တော့်ကို လှမ်းကိုက်တာ သူဒဏ်ရာ ရထားလို့ပါ” လို့ ပြောခဲ့တယ်။


ဒါဟာ ဒဏ်ရာရနေတဲ့ ခွေးတစ်ကောင်ရဲ့ ပင်ကိုယ်တုန့်ပြန်မှုဖြစ်တယ်။ သခင်ကို လှမ်းကိုက်တာက မုန်းလို့မဟုတ်ဘဲ ဒဏ်ရာရနေတဲ့ကိုယ့်ကို နောက်ထပ်အနာတရ မဖြစ်အောင် ကာကွယ်လိုက်တာပဲဖြစ်တယ်။ ဒါကို သခင်က နားမလည်ခဲ့ရင် သခင့်ကိုတောင် ကိုက်တဲ့ခွေးဆိုပြီး ခွေးကလေးအပေါ် စိတ်ဆိုးဒေါသထွက်မိလိမ့်မယ်။ စိတ်ဆိုးဒေါသရဲ့နောက်ကွယ်မှာ

Tuesday, 13 December 2011

လမ်းခွဲမေတ္တာ


ကလေးမရယ်
ကျောခိုင်းပြီးမှ
သမင်လည်ပြန် စကားအလှတွေနဲ့
ကိုယ့်စိတ်တွေ ပါးလျပြိုကျအောင်
(ကျေးဇူးပြုပြီး) မကြိုးစားပါနဲ့တော့

ဖျော့တော့တော့ချစ်ခဲ့ချိန်က
ကိုယ့်သစ္စာအနှစ်သာရတွေက

Saturday, 10 December 2011

သင်လူအစစ်ဆိုတာ သေချာလား ?

လူ့ပြည်မှာနေတယ်။ ပခုံးနှစ်ဘက်ကြား ခေါင်းပေါက်တယ်။ လူလို စားပြီး လူလို ပြောတယ်။ ဒါနဲ့ပဲ လူအစစ်ဆိုတာ သေချာပြီလား။ကျနော်သဘောကျတဲ့  စာအုပ်လေးတစ်အုပ်ရှိပါတယ်။ PAUL TILLICH ရေးတဲ့ THE COURAGE TO BE  တဲ့။ သူက ဘာသာရေးနဲ့ အတွေးအခေါ်ကို ဇောင်းပေးရေးထားတယ်။ ကျနော်စွဲနေမိတာက အဲဒီထဲက သဘောတရားလေးကိုပါ။ သူ့စာအုပ်နာမည်ကိုက ဘယ်လောက်လန်းသလဲ။ ကျနော်က ... လူလုပ်ရဲတဲ့သတ္တိ လို့ ဘာသာပြန်ချင်မိတယ်။

လူလုပ်ရဲဖို့ သတ္တိလိုတယ် ...
အဲဒီလို့ပြောလိုက်ရင် သင့်စိတ်ထဲ ဘယ်လိုနေမလဲ?
ဒီစကားကို နောက်တစ်ဘက်က စဉ်းစားကြည့်ပါ။
သတ္တိမရှိရင် လူ (အစစ်) မဖြစ်နိုင်တော့ဘူး။ ဒါဆို ဘာတွေဖြစ်ကုန်မလဲ?

ဒီမေးခွန်းကို မဖြေခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ အဆိုအမိန့်လေးတစ်ခုကို ထုတ်နှုတ်ဖော်ပြချင်ပါတယ်။

Wednesday, 7 December 2011

သူငယ်ချင်း

သူလိုငါလို        ဖြတ်သွားဖြတ်လာ
အင်တာနက်        ကမ္ဘာထဲမှာ
မင်းကို အမှတ်မထင်ဆုံတွေ့ခဲ့တယ်။
ဒါပေမယ့် သူငယ်ချင်း
အမှတ်မထင် ဆုံတွေ့ခဲ့တဲ့မင်းကို
ငါလေးလေးနက်နက် ခင်တယ်။
တစ်ချို့ မေတ္တာတရားတွေက
ထူးဆန်းတယ်   သူငယ်ချင်း
မင်းနဲ့ငါ့ကြားမှာ အနေနီးစပ်မူ့ဆိုတာ

Tuesday, 6 December 2011

မာန

မာနဟူသည် တက်ကြွခြင်း၊ ထောင်လွှားခြင်းဟု အဓိပ္ပါယ်ရ၏။ မာနတရား ရှိနေသမျှ ကောင်းကျိုးမဖြစ်ဘဲ ဆိုးကျိုးကိုသာ ဖြစ်နေကြမည့်အပြင် ပူလောင်မှုနှင့် လောင်မြိုက်ခံနေရမည်သာ ဖြစ်သဖြင့် ထိုမာနကို ကိလေသာတရား တစ်ခုအဖြစ်ဆိုကာ မကောင်းသော ဂတိသို့ ပိုဆောင်ပေးသည့် တရားတစ်ခုအဖြစ်လည်း ထုတ်ဖော်ပြသခြင်းဖြစ်၏။ ထို့ကြောင့်လည်း မြတ်စွာဘုရားရှင်က ဣတိဝုတ်ပါဠိတော် မာနသုတ်တွင် မာနနှင့် ပတ်သက်၍ “အကြင်မာနဖြင့် ယစ်သူသတ္တ၀ါတို့သည် မကောင်းသောလားရာ ဂတိသို့ လားရောက်ကြကုန်၏၊ ထိုမာနကို ကောင်းစွာသိ၍ (ခန္ဓာငါးပါးတို့ကို) အနိစ္စစသော အခြင်းအရာတို့ဖြင့် ရှုသူတို့သည် ထိုမာနကို ပယ်စွန့်ကုန်၏၊ ယင်းမာနကို ပယ်စွန့်သောကြောင့် ဤလောကသို့ တစ်ရံတစ်ခါမျှ မလာရောက်ကုန်”ဟု ဟောတော်မူခြင်း ဖြစ်၏။ ဆိုလိုသည်မှာ မာနသည် ရှိခြင်းအားဖြင့် သတ္တ၀ါတို့အား တစ်စုံတစ်ခုမျှသော ကောင်းကျိုးကို

Thursday, 1 December 2011

အပျင်းပြေ ကြည့်ကြရအောင်


ကဲ..မျက်လုံးတစ်လုံးဖက် မှိတ်ပြီးကြည့်ကြရအောင်
တစ်ခုခုကိုမြင်ရတဲ့အထိပေါ့..မမြင်ရဘဲ မူးပြီး ပြန်သွားရရင်တော့ တာဝန်မယူပါ... :P











                                             

                                               

ဒီပုံလေးတွေအားလုံးကို google မှရှာယူပြီးတင်ထားပါသည်။ ။

"နင့်ကိုငါချစ်တယ်"


ရာစုနှစ်ဝက်တစ်ခုကို အတူတူဖြတ်ကျော်လာခဲ့ကြတဲ့ အဘိုးအဘွားအိုလင်မယားနှစ်ယောက်
ညအိပ်ရာမဝင်ခင် သူတို့အချင်းချင်း အမြဲပြောတတ်တဲ့ နောက်ဆုံးစကားတစ်ခွန်းက "နင့်ကိုငါချစ်တယ်"။

ဘာဖြစ်လို့ နှစ်နဲ့ချီပြီး ဒီလိုပြောကျင့်ရှိခဲ့သလဲလို့ တခြားလူကမေးတော့ အဘိုးအိုက ပြောတယ်။

"ကျွန်တော်တို့ အသက်ကြီးပြီ။ ဒီလိုပြောရတာဟာလည်း တကယ်လို့ တစ်နေ့နေ့မှာ ကျွန်တော်တို့ထဲက

Thursday, 24 November 2011

Tuesday, 22 November 2011

အချစ်နဲ့နားလည်မှု

သင့်ကို နားလည်မှုပေးနိုင်သူတစ်ယောက်က အချင်းချင်း စိတ်လက်ချမ်းသာစေတဲ့အချစ်ကို သယ်ဆောင်ပေးလာနိုင်သတဲ့။

သင့်ကို နားလည်မှုမပေးနိုင်သူတစ်ယောက်က နောက်ဆုံးမှာ သင့်ကိုဆင်ခြေတွေးတောစရာ တစ်ခုပေးပါသတဲ့။ အဲဒီတွေးတောစရာက "လူ့ဘဝမှာ "နားလည်မှုရှိတာ"ဟာ "ချစ်တာ"ထက် ပိုအရေးပါတယ်" ဆိုတာပဲဖြစ်တယ်။

"သင့်ကိုနားလည်တဲ့သူ ချစ်ပါစေ"ဆိုတဲ့ သီချင်းဟောင်းတစ်ပုဒ်မှာ သီချင်းစာသားတစ်ခုက..... "ချစ်ကြိုက်တယ်ဆိုတာ တစ်ဘက်သားရဲ့ နေထိုင်မှုထဲဝင်ရုံတင်မဟုတ်ဘူး.. အချင်းချင်းရဲ့ဘဝထဲ ပိုဝင်နိုင်ရမယ်"လို့ ဆိုထားပါတယ်။ "အချစ်"ရဲ့ အမြင့်ဆုံးအဆင့်က "နားလည်မှု"ဖြစ်တယ်။

"နားလည်တာလား! ချစ်တာလား!"ဆိုတာကို လူတွေက ရွေးချယ်မှုပုစ္ဆာအဖြင့် သဘောထားပြီး လူအများက "ချစ်တယ်"ဆိုတာကို ရွေးချယ်တတ်ကြတယ်။ နားလည်တာထက် ချစ်ရတာဟာ လူကို ပိုကြည်နူးစေတယ်လို့ သူတို့ထင်ကြလို့ဖြစ်တယ်။

တကယ်တမ်းတော့ ဒီလိုမဟုတ်ခဲ့ပါဘူး...

Monday, 21 November 2011

ခင်ပွန်းရဲ့ချစ်သူ

ခေါင်းစဉ်ကိုကြည့်တာနဲ့ အိမ်ထောင်ရေးဇာတ်၊ သုံးပွင့်ဆိုင်ဇာတ် ဖြစ်မယ်ဆိုတာ လူတိုင်းသိပါတယ်။ ဒီလိုပါပဲ... ဘယ်အရာမှ မတည်မြဲတဲ့ လောကကြီးမှာ စိတ်များ၊ သံယောဇဉ်တွေပွါးပြီး တစ်ဦးထက် ပိုချစ်မိ၊ ပိုတွယ်တာမိတတ်သူတွေ ရှိတတ်ကြတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ ဒီလို ကြုံတွေ့နေတာတွေ တွေ့ဖူး၊ မြင်ဖူး၊ ကြားဖူးကြသလို ကိုယ်တိုင် ခံစားနေရသူတွေလည်း ရှိကြမှာပါ။ လှည့်စားတတ်တဲ့ ကံကြမ္မာကြောင့် ဒီလိုအဖြစ်မျိုး ကိုယ်တိုင် မကြုံနိုင်ဘူးလို့လည်း တစ်ထစ်ချ ပြောလို့မရပါဘူး။ အချစ်မှာ နောက်တစ်ယောက်ပိုလာရင် ခံစားရသူတွေက နှစ်ယောက်ထက် မကပါဘူး။

ဖတ်မိတဲ့ “ခင်ပွန်းရဲ့ချစ်သူ” ကို ဘာသာပြန် မျှဝေလိုက်ပါတယ်။ ဖတ်ရလွယ်အောင် နာမည်တွေကို ပြောင်းလဲရေးသားထားတဲ့အတွက် တိုက်ဆိုင်မှုရှိရင် ခွင့်လွတ်ကြပါလို့....


“ခင်ပွန်းရဲ့ချစ်သူ”

လှည့်စားတတ်တဲ့ ကံကြမ္မာက သူ့ကို ကစားနည်းတစ်မျိုးနဲ့ ကျီစားခဲ့တယ်။ အခုအချိန်မှာ ခင်ပွန်းရဲ့ချစ်သူက သူ့ရှေ့ ခွဲစိပ်ကုတင်ပေါ် ရောက်နေခဲ့ပါပြီ။ ဒီမိန်းမကြောင့် ခင်ပွန်းက သူ့ကို ခွဲသွားခဲ့တယ်။ အခုမျက်စိရှေ့က ဒီမိန်းမကို သူအရမ်း မုန်းခဲ့မိတယ်......


စစစစစစစစစစစစစစစစစ စစစစစစစစစစစစစစစစစစစစစ

ဝတ်စုံဖြူဝတ် နတ်သမီးတွေမှာလည်း လူ့ဒုက္ခတွေ ခံစားရတဲ့ အချိန်ရှိပါတယ်။

၂ဝဝ၂ ခုနှစ် နိုဝင်ဘာလရဲ့ ဆောင်းညတစ်ည... မြောက်အရပ်မှာ ဒီဆောင်းရဲ့ ပထမဆုံးအကြိမ် နှင်းတွေ ကျနေခဲ့တယ်။ အသက် ၃ဝကျော် သားဖွားမီးယပ်ဆရာဝန် ယွန်းက ဒီညမှာ နိုက်ဂျူတီကျတယ်။ ရုတ်တရက် အရေးပေါ် လူနာတစ်ဦးကို ၁၁ဝ က ပို့လာတဲ့သတင်း သူရလိုက်တယ်။

လူနာက လှေကားပေါ်က ပြုတ်ကျပြီး ထိခိုက်ဒဏ်ရာရခဲ့တဲ့ ကိုယ်ဝန်သည်တစ်ဦးဖြစ်တယ်။ ဒဏ်ရာပြင်းထန်ပြီး ဗိုက်ထဲက ကလေးကိုပါ ထိခိုက်ခဲ့တယ်။ မိခင်ရော ကလေးပါ အသက်အန္တရာယ် စိုးရိမ်ရလို့ ချက်ချင်း ခွဲစိတ်မှုတွေ ပြုလုပ်ခဲ့တယ်။ ခွဲစိပ်ဖို့အတွက် အလျှင်အမြန် ပြင်ဆင်ပြီး အရေးပေါ်ခန်းထဲ ဒေါက်တာယွန်း ဝင်လိုက်တယ်။ အခန်းထဲအရောက် လူနာအမျိုးသမီးရဲ့ မျက်နှာကို မြင်လိုက်တာနဲ့ သူ့ရဲ့သွေးခုန်နှုန်းဟာ ငယ်ထိပ်အထိ ထိုးတက်ခဲ့တယ်။ မျက်စိရှေ့က အရာအားလုံးကို အိပ်မက်တွေလားလို့ ထင်မိတယ်။ ဒါပေမယ့် ဒါတွေဟာ အိပ်မက်မဟုတ်ဘူး....

Friday, 18 November 2011

 

ကျွန်မဖတ်ဖို့ (၁ဝ)


၁)

ချစ်ခြင်းမေတ္တာရှိမှ ဒီကမ္ဘာကြီး ပိုလုံးဝန်းမယ်။
ချစ်ခြင်းမေတ္တာရှိမှ ထူးဆန်းအံ့သြမှုတွေကို ဖန်တီးနိုင်မယ်။
တခြားလူရဲ့ ကောင်းကွက်ကိုမြင်မှ ကိုယ့်ရဲ့ကောင်းကွက်ကို မြှင့်တင်နိုင်မယ်။
တခြားလူကို အကောင်းပြောမှ သူနဲ့ကိုယ့်ကြားက ဆက်ဆံရေးတွေ ပိုကောင်းနိုင်မယ်။
ချစ်ခြင်းမေတ္တာက အရာအားလုံးရဲ့ မောင်းနှင်အားဖြစ်တယ်။

၂)

ဘာဖြစ်လို့ စိတ်တို ဒေါသထွက်ရသလဲ? ကားကြပ်လို့? တန်းစီလက်မှတ် ဝယ်ရလို့? သူငယ်ချင်းတွေနဲ့ ငြင်းခုန်လို့? အရောင်းစာရေးမ အချိုးမပြေလို့?

စိတ်တိုဒေါသ မထွက်ခင် ဘယ်အရာတွေကမှ တကယ့်စိတ်တိုဒေါသ ထွက်သင့်တဲ့ အရာလဲဆိုတာ စဉ်းစားကြည့်ပါ။ ဥပမာ- လူမမယ်ကလေးတွေ ညှင်းပမ်းနိုက်စက်ခံရတာ၊ ပြည်သူလူထု ဆင်းရဲငတ်ပြတ်တာ၊ စစ်ပွဲနဲ့ မငြိမ်းချမ်းမှု.... စတာတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် အထက်က အရာတွေနဲ့ ကိုယ်ဒေါသထွက်ဖို့ မသင့်ပါဘူး။ ဒေါသထွက်သင့်တဲ့အရာပေါ် ကိုယ့်ဒေါသစိတ်တွေ မကျရောက်ခင် ဒီလိုအခြေအနေအတွက် ကိုယ်ဘာများ လုပ်ပေးနိုင်မလဲလို့ အရင်စဉ်းစားပါ။

၃)

နေ့စဉ်လူ့ဘဝကို သနားကြင်နာခြင်းတွေနဲ့ လှည့်ပတ်နေသင့်တယ်။
လူ့ဘဝ တစ်ခါပဲ ရနိုင်ပါတယ်။ တစ်ထောက်နားတာ ပိုရှည်တဲ့ ဘဝခရီးကို လျှောက်လှမ်းဖို့ပါ။
ကိုယ့်ဘဝ အနားယူချိန် မရှိဘူးလို့ မငြီးငြူပါနဲ့။
တစ်လမှာ တစ်ရက်လောက် စိတ်ရောကိုယ်ပါ အနားယူဖို့ ကိုယ့်ကိုအားလပ်ချိန်ပေးပါ။

၎)

တစ်ချို့က အလုပ်လုပ်ဖို့အတွက် အသက်ရှင်တယ်။
တစ်ချို့က စိတ်ကူးအိပ်မက်ကြောင့် အသက်ရှင်တယ်။
တစ်ချို့က ငါဘာလို့ အသက်ရှင်နေရလဲဆိုတဲ့ အဖြေကိုရှာရင်း အသက်ရှင်တယ်။
တစ်ချို့က သတ္တိနဲ့ အသိဥာဏ်ကိုမှီပြီး အသက်ရှင်တယ်။

၅)

လူ့ဘဝရဲ့ အကြီးမားဆုံး ဖိအားက စိတ်ဖိအားပဲဖြစ်တယ်။
ကိစ္စတစ်ခုကို ကိုယ်လုပ်နိုင်တယ်၊ လုပ်သင့်တယ်လို့ ကိုယ့်ကို ယုံကြည်တဲ့အချိန် တောင်တောင်မြောက်မြောက် စဉ်းစားမနေပါနဲ့။ ကိုယ့်စိတ်ကို ဖိအားမပေးဘဲ လုပ်လိုက်ရင် ဒါဟာ ကောင်းသောအစပျိုးခြင်း ဖြစ်လိမ့်မယ်။ နောက်ဆုံးမှာ ကိစ္စတွေက ကိုယ်ထင်သလောက် မခက်ခဲဘူးဆိုတာ သိရလိမ့်မယ်။

Thursday, 17 November 2011

ကျွန်မဖတ်ဖို့ (၈)



၁) ငါတို့ကြားမှာ ခြေလှမ်း ၁ဝဝဝ ကွာဝေးခဲ့ရင်
ငါ့ဖက်ကို နင်ခြေတစ်လှမ်း စလှမ်းပါ
ကျန်တဲ့ ၉၉၉လှမ်းနဲ့ နင့်ဖက်ကို ငါလှမ်းခဲ့ပါ့မယ်။


၂) မေတ္တာစစ်ကို ပေးမှ မေတ္တာစစ်ကို ပြန်ရမယ်။ ဒါပေမယ့် နာကျင်မှုတော့ ရှိမှာပဲ။
တစ်ယောက်နဲ့တစ်ယောက်ကြားမှာ အကွာအဝေးတစ်ခု ချန်ထားရင်
ကိုယ့်ကိုယ်ကို ကာကွယ်ရာရောက်ပေမယ့် အထီးကျန်မှုကိုတော့ ခံစားရမှာပဲ။


၃) တစ်ခါတလေမှာ တစ်ဖက်လူက ကိုယ့်ကိုယ် ဂရုမစိုက်၊ အလေးမထားတာ မဟုတ်ပါဘူး။
ကိုယ်ဖက်က လိုချင်တာတွေ များသွားလို့ပါ။


၎) Believe ဆိုတဲ့ စကားလုံးကြားမှာတောင် lie ဆိုတဲ့ စာလုံးကို ဝှက်ထားသေးတယ်။


၅) ၁ဝဝ% ပြည့်တဲ့ ကြင်ဖော်ဆိုတာ မရှိပါဘူး။
၅ဝ% ရှိတဲ့ လူနှစ်ဦးပေါင်းစပ်ထားတဲ့ ဘဝပဲ ရှိပါတယ်။၆) ကိုယ်နဲ့အတူ ငြင်းခုန်ရန်ဖြစ်ဖို့ ကျန်ရစ်ခဲ့သူသာလျှင် ကိုယ့်ကိုအမှန်တကယ် ချစ်တဲ့သူဖြစ်တယ်။


၇) ကိုယ်စိတ်ညစ်လို့ သူပျော်ရင် အဲဒါ ရန်သူတဲ့။
ကိုယ်ပျော်လို့ သူပျော်ရင် အဲဒါ သူငယ်ချင်းတဲ့။
ကိုယ်စိတ်ညစ်လို့ သူစိတ်ညစ်ရင် အဲဒီလူတွေကို ကိုယ့်ရင်ဘတ်ထဲမှာ ထာဝရ သိမ်းထားလိုက်ပါ။


၈) အေးစက်တယ်၊ ဥပေက္ခာပြုတယ်ဆိုတာ တစ်ခါတလေမှာတော့ ရက်စက်တယ်လို့ ထင်မထားရဘူး။ နှစ်ဦးနှစ်ဖက် မထိခိုက်ဖို့ ကာကွယ်တဲ့ပစ္စည်းလို့ မှတ်ယူထားရမယ်။


၉) တကယ့်သူငယ်ချင်းဆိုတာ အတူရှိနေပြီး ပြောမကုန်တဲ့ စကားတွေနဲ့ ဖောင်ဖွဲ့နေသူကို ဆိုလိုတာမဟုတ်ဘူး။ တကယ့်သူငယ်ချင်းဆိုတာ အတူရှိနေပြီး စကားတွေမပြောလည်း တစ်ယောက်ကို တစ်ယောက် နားလည်နေသူကို ဆိုလိုပါတယ်။


၁ဝ) တကယ့်သူငယ်ချင်းဆိုတာ ကိုယ့်အကြောင်း၊ ကိုယ့်အခြေအနေကို သိနားလည် ပြီးသည့်တိုင် ကိုယ့်ကို ဆက်လက်နှစ်သက် နေသူဖြစ်တယ်။

အင်တာနက်ပေါ်မှာ ရှာဖွေပြီး ကျွန်မဖတ်ဖို့ကို နိုင်းနိုင်းစနေ ဖတ်သည်။

 

ကျွန်မဖတ်ဖို့ (၇)



၁) သာမန်လူတွေက မကျေနပ်ကြောင်း မညည်းညူတတ်သလို မနာလိုစိတ်လဲ မရှိဘူး။

၂) တွေးပဲတွေးပြီး မလုပ်တာက လူညံ့၊ လုပ်ပဲလုပ်ပြီး မတွေးတာက မျက်ကန်း၊ တွေးပြီးမှ လုပ်တာက လူတော်

၃) ကိုယ့်မှာရှိရင် သူ့မှာ မရှိတာကို သတိရပါ။ ကိုယ့်မှာမရှိရင် သူ့မှာ ရှိရင်ရပြီလို့ တွေးပါ။

၎) အရာရာကို ရင်ဆိုင်ပါ။ ကြာလာရင် ရင်ဆိုင်ရမှာကို မကြောက်တော့ဘူး။ အရာရာကို လက်ခံကြည့်ပါ။ ကြာလာရင် ကျင့်သားရသွားပါလိမ့်မယ်။

၅) ကိုယ်ရှင်သန်နေတာ တစ်ပါးသူကို အောင်နိုင်ဖို့၊ သာလွန်ဖို့ မဟုတ်ဘူး။ လူတွေအတွက် အကျိုးရှိဖို့ဖြစ်တယ်။

၆) လူတွေ ကိုယ့်ကို မှားကြောင်းပြောရင် မဖြေရှင်းပါနဲ့။ ကိုယ်ဘယ်နားမှားလဲ? ဘယ်လို ပြုပြင်ရမလဲ?ဆိုတာကို မေးပါ။

၇) သိတိုင်း နားမလည်နိုင်ဘူး။ နားလည်တိုင်း မလုပ်နိုင်ဘူး။ လက်တွေ့လုပ်နိုင်မှ အမှန်တကယ်ဖြစ်တယ်။

၈) စိတ်ဓာတ်ကို မာမာထားပါ။ အပြင်ပန်း သဏ္ဍာန်ကို ပျော့ပျော့ပျောင်းပျောင်းထားပါ။

၉) ပြဿနာတိုင်း ဖြေရှင်းလို့ရတယ်။ အခက်အခဲတိုင်း ကျော်လွှားလို့ရတယ်။

၁ဝ) သင်ယူခြင်းက တစ်ခဏအတွက် မဟုတ်ဘူး။ တစ်ဘဝအတွက်ဖြစ်တယ်။ ဒါကြောင့် သင်ယူခြင်းမှာ မငြီးငွေ့ပါနဲ့။
"ကျွန်မဖတ်ဖို့" မရေးတာကြာသွားပါပြီ။ "ကျွန်မဖတ်ဖို့"လေး ရေးပါအုန်းလို့ ပြောလာတဲ့အတွက် အင်တာနက်ပေါ် ဖတ်ဖူးတာလေးတွေ စုစည်းပြီး ရေးလိုက်ပါတယ်။ သိပြီးသား၊ ဖတ်ဖူးပြီးသားတွေ ဖြစ်မှာပါ။ ဒါပေမယ့်လည်း ကျွန်မဖတ်ဖို့ ရေးလိုက်ပါတယ်။

နိုင်းနိုင်းစနေ
မှ-www.99sanay.com

Wednesday, 16 November 2011

ကျွန်မဖတ်ဖို့(၆)



၁) စိတ်တိုဒေါသထွက်တဲ့အခါ မျက်စိကို မှိတ်ထားလိုက်ပါ။ အဆုတ် အနက်ရှိုင်းဆုံးထိ အသက် ခပ်ပြင်းပြင်းတစ်ချက် ရှုသွင်းပါ။


၂) ပြဿနာ သို့မဟုတ် စိတ်ညစ်စရာတွေနဲ့ ကြုံရတာဟာ ဘဝအတွက် အတွေ့အကြုံ ပိုရှိစေတယ်လို့ မှတ်ယူပါ။


၃) ပြဿနာ ကြီးကြီးနဲ့ ကြုံတဲ့အခါ စိတ်ကို ပိုလျော့ချပေးပါ။


၎) အသက်မှာလည်း ဒိတ်လွန်နေ့စွဲ ရှိပါတယ်။ ဒိတ်မလွန်ခင် လုပ်ချင်တာကို လုပ်လိုက်ပါ။


၅) အချစ်မှာ လွတ်လပ်ခွင့် ကိုယ်စီရှိရတယ်။


၆) အချစ်ရဲ့ သတ္တိက ဘာလဲ?
ကိုယ့်ရင်ခွင် ပြတင်းကို ကိုယ်ဆွဲဖွင့်လိုက်တာပဲ ဖြစ်တယ်။


၇) အချစ်ခံချင်ရင် အချစ်ခံထိုက်တဲ့လူ တစ်ယောက်ဖြစ်အောင် အရင်လုပ်ပါ။
လူတွေကို ချစ်ချင်ရင် ချစ်တတ်တဲ့ အရည်အချင်းရှိအောင် အရင်လုပ်ပါ။


၈) အချစ်က တန်ဖိုးကြီးရှားပါးတဲ့ ချောကလက်နဲ့တူတယ်။
လတ်ဆတ်ချိန် မပုပ်မသိုးခင်မှာ ချိုမြိန်တဲ့ အရသာကို ခံစားပါ။


၉) အဆက်အသွယ် ပြတ်နေတာ ကြာပြီဖြစ်တဲ့ သူငယ်ချင်းကို ရုတ်တစ်ရက် သတိရလိုက်မိရင် ချက်ချင်း ဖုန်းဆက်လိုက်ပါ။ သူလည်း ကိုယ့်ကို သတိရနေတဲ့အချိန် ဖြစ်နေလိမ့်မယ်။

နိုင်းနိုင်းစနေ

 

 

 

ကျွန်မဖတ်ဖို့ (၅)



၁) တစ်ပါးသူဟာ ဘယ်လောက်ပဲဆိုးနေပါစေ၊ ကိုယ့်ကိုယ် နာကျင်အောင်လုပ်ခဲ့ပါစေ သူ့ကို ခွင့်လွတ်တတ်ရမယ်။ လက်လွတ်တတ်ရမယ်။ ဒါမှ တကယ့်ပျော်ရွှင်မှုကို ကိုယ်ကရနိုင်မှာဖြစ်တယ်။

၂) ပျော်ရွှင်ချိန်မှာ ဒီပျော်ရွှင်မှုဟာ ထာဝရမဟုတ်ဘူးဆိုတာ နားလည်ထားရသလို စိတ်ပျက် အားငယ်ချိန်မှာလည်း ဒီအားငယ်မှုတွေဟာ အမြဲတမ်းမဟုတ်ဘူးလို့ နားလည်ရမယ်။

၃) ဒီနေ့ရဲ့ တစ်ဇွတ်ထိုးက မနက်ဖြန်အတွက် နောင်တကို ဖြစ်စေတယ်။

၎) စကားတစ်ခွန်းတည်းနဲ့ လူတစ်ယောက်ရဲ့ဘဝကိုပျက်စီးစေနိုင်တယ်။ စကားအခွန်းတစ်ထောင်သုံးမှ လူတစ်ယောက်ကို ပြုစုပျိုးထောင်နိုင်တယ်။ ဒါကြောင့် သင့်ပါးစပ်ဖျားမှာ ကိုယ်ချင်းစာတရားကို ချိတ်ဆွဲထားပါ။

၅) ကိုယ့်ရဲ့ အသိဥာဏ်ပညာကြားမှာ စိတ်ကြီးဝင်တဲ့ ပေါင်းမြက်တွေ စိုက်ပျိုးမထားပါနဲ့။ ကိုယ့်ရဲ့ မဝင့်ဝါတဲ့စိတ်ကြောင့် အသိဥာဏ်တွေ မယုတ်လျော့သွားစေနဲ့။

၆) သူ့ကို မနာလိုဖြစ်တိုင်း ကိုယ့်အတွက် ဘာကောင်းကျိုးမှ မဖြစ်စေဘူး။ သူ့ကို မနာလိုဖြစ်တိုင်း သူ့အောင်မြင်မှုတွေ လျှော့သွားမှာ မဟုတ်ဘူး။

၇) အခွင့်အရေးကို ဖန်တီးသူဟာ ထက်မြက်သူ
အခွင့်အရေးကို စောင့်မျှော်သူဟာ တုံးအသူ

၈) သူတစ်ပါးရဲ့ အထင်အမြင်ကို အရင်နားထောင်ပါ။
ကိုယ့်အယူအဆကို ထုတ်ပြောဖို့ မလောပါနဲ့။

၉) ပုလင်းချင်းအတူတူ ဘာကြောင့် ကိုယ့်ပုလင်းထဲ အဆိပ်တွေထည့်ရမှာလဲ?
ခံစားတတ်တဲ့ စိတ်ချင်းအတူတူ ဘာကြောင့် ကိုယ့်စိတ်ထဲ မပျော်ရွှင်တာတွေ ထည့်ရမှာလဲ?

၁ဝ) ကိုယ့်ကိုယ်ကို ရိုးသားမှုရှိလာတဲ့အခါ လောကမှာ ဘယ်သူ့မှ ကိုယ့်ကိုလိမ်ညာလို့ မရနိုင်တော့ဘူး။

၁၁) သူတစ်ပါးကို ထိခိုက်နာကျင်မှုမျိုးနဲ့ ကိုယ့်အပြစ်၊ ကိုယ့်ဆိုးကျိုးကို ဖုံးကွယ်တတ်တဲ့လူလောက် ရှက်ဖို့ကောင်းတာ မရှိဘူး။

၁၂) လောကမှာ ဘယ်တော့မှ သွားပုပ်လေလွှင့် အပြောမခံရတဲ့လူ မရှိသလို အမြဲတမ်း အချီးကျူးခံနေရသူလည်း မရှိဘူး။ ကိုယ်စကားများရင် အပြစ်ပြောမယ်၊ ကိုယ်စကားနည်းရင်လည်း အပြစ်ပြောမယ်၊ ကိုယ်စကားလုံးဝ မပြောဘဲ ဆိတ်ဆိတ်နေရင်လည်း အပြစ်ပြောမယ်။ ဒါကြောင့် ဒီလောကမှာ မပြောမခံရတဲ့လူဆိုတာ မရှိဘူး။

၁၃) ဆိတ်ဆိတ်နေခြင်းဟာ မဟုတ်မမှန် သွားပုပ်လေလွှင့် သတင်းတွေအတွက် အကောင်းဆုံး အဖြေဖြစ်တယ်။

၁၄) လူတွေက ကိုယ့်ကိုကြောက်တယ် ဒါ ဂုဏ်ယူစရာမဟုတ်ဘူး။
လူတွေက ကိုယ့်ကိုနှိမ်တယ် ဒါ ရှက်စရာမဟုတ်ဘူး။

၁၅) တစ်ခြားသူက ကိုယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စေတာ မဟုတ်ဘူး။ ကိုယ့်က တစ်ခြားသူရဲ့ စကားကိုယူပြီး ကိုယ့်ကိုယ်ကို စိတ်အနှောင့်အယှက်ပေးနေတာ။နိုင်းနိုင်းစနေ
မှ-www.99sanay.com

Tuesday, 15 November 2011

ကျွန်မဖတ်ဖို့ (၄)

 



ဖြစ်ချင်တာတွေ ဖြစ်မလာတဲ့အခါ၊ လုပ်ချင်တာတွေ လုပ်ခွင့်မရတဲ့အခါ၊ လုပ်နေသမျှ အရာမရောက်တဲ့အခါ စိတ်ပန်း လူပန်းဖြစ်ပြီး စိတ်ဓာတ်တွေကျလာရင် ဒီလိုဟာမျိုးလေးတွေကို ကျွန်မ ဖတ်ပြီး စိတ်ဓာတ်စစ်ဆင်ရေး လုပ်ဖြစ်တယ်။ ကျွန်မလို တစ်ခုခု ခံစားနေရသူများအတွက် မျှဝေလိုက်ပါတယ်။

(၁) လူအများက လောကကြီးကို ပြောင်းလဲချင်ကြတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကို ပြောင်းလဲဖို့တော့ မေ့နေကြတယ်။

(၂) ပျော်ပျော်နေတတ်သူက ကျဆုံးခြင်းမှာ အခွင့်အရေးကို မြင်တယ်။ ပျော်ပျော်မနေတတ်သူက အခွင့်အရေးတိုင်းကို ကျဆုံးခြင်းလို့ မြင်တယ်။

(၃) ကျရှုံးမှုအတွက် ဆင်ခြင်မရှာလေနဲ့။ အောင်မြင်မှုအတွက် ကျိုးသင့် ကြောင်းသင့်ကိုရှာပါ။

(၄) အောင်မြင်သူတွေ အောင်မြင်ရခြင်းက ယုံကြည်မှုကို လက်ကိုင်ထားလို့ပဲ။

(၅) မျှော်လင့်ချက်မဲ့တဲ့ လောကဆိုတာ မရှိဘူး။ မျှော်လင့်ချက်မဲ့နေတဲ့ လူပဲရှိတယ်။

(၆) အကန့်အသတ် (လစ်မစ်) ဆိုတာ ကိုယ့်စိတ်ထဲက စတင်တာပဲဖြစ်တယ်။

Monday, 14 November 2011

ကျွန်မ ဖတ်ဖို့ ( ၃ )


(၇) “တောင်းပန်ပါတယ်” လို့ ဘယ်အချိန်မှာပဲပြောပြော တစ်ဖက်လူရဲ့ မျက်လုံးကို ကြည့်ပြီးမှ ပြောပါ။


(၈) ဘယ်အချိန်မှာပဲဖြစ်ဖြစ် ဖုန်းဆက်ရင် ဖုန်းပြောတဲ့အခါ ပြုံးရီပါ။ တစ်ဖက်လူ ခံစားမိနိုင် ပါတယ်။


(၉) ဘယ်အချိန်မှာပဲဖြစ်ဖြစ် ကိုယ့်အမှားကို သတိထားမိတဲ့အခါ ချက်ချင်းပြင်ပါ။ မြန်မြန် ဆန်ဆန် ပြုလုပ်ပါ။


(၁၀) စိတ်ရော ကိုယ်ပါနစ်ပြီး ချစ်ပါ။ နာကျင်တာကို ခံရင် ခံရလိုက်မယ်။ ဒါပေမယ့် ဒီအချစ်ဟာ ဘ၀ကို ပြည့်စုံစေတဲ့ နည်းတစ်ခုပဲ။

Sunday, 13 November 2011

ကျွန်မဖတ်ဖို့ (၂)

 



(၁) လမ်းစကိုတွေ့ပြီဆိုရင် ဘယ်လောက်ဝေးတဲ့ ခရီးပဲဖြစ်ဖြစ် လျှောက်ရမှာ မကြောက်တော့ ဘူး။

(၂) သစ်ပင်၏ ဦးတည်ရာကို လေက အဆုံးအဖြတ်ပေး၏။
လူ၏ ဦးတည်ရာကို ကိုယ့်ကိုယ်တိုင်က အဆုံးအဖြတ်ပေး၏။

(၃) ၀င်လေထွက်လေ ရှိနေသမျှ မျှော်လင့်ချက် ရှိနေဦးမည်။

(၄) အောင်မြင်ဖို့ရာ မလွယ်ကူပါ။ ထိုအောင်မြင်မှုကို ထိန်းသိမ်းရာ ပိုမလွယ်ကူပါ။

(၅) အသီးအပွင့်များဖြင့် ဝေဆာနေသော သစ်ပင်ကို လူတွေက ခဲနှင့်ပစ်ချချင်ကြသည်။

(၆) ဘ၀မြင့်ခြင်း၏ နောက်တွင် ကျဆုံးခြင်းရှိသည်။ စိတ်ကူးယဉ်သက်သက်၏ နောက်တွင် ဆုတ်ယုတ်ခြင်း ရှိသည်။ ခေါင်းငုံ့တတ်မှသာ ခေါင်းကို မတိုက်မိနိုင်။

(၇) ကိုယ့်ကိုဝေဖန်ခြင်းဖြင့် အခြားလူ၏ ယုံကြည်မှုကို ရရှိနိုင်သည်။ ကိုယ့်ဂုဏ်ကိုယ် ဖော်ခြင်းက မရနိုင်။

(၈) ကိုယ့်ကို မချစ်မနှစ်သက်တဲ့ လူကို လေးစားပါ။

(၉) သူ့နောက်ကွယ်မှာ သူ့ကောင်းကြောင်းကိုပဲ ပြောပါ။ အဲဒီစကား သူ့ နားဆီ မရောက်ဘူး ဆိုတာ လုံးဝ စိတ်ချပါ။

(၁၀) တစ်စုံတစ်ယောက်က ကိုယ့်ကို တစ်ခြားလူ မကောင်းကြောင်း လာပြောတဲ့အခါ ပြုံးပဲနေပါ။

(၁၁) တကယ်လို့ ရုပ်ဆိုးနေတယ်ဆိုရင် ကိုယ့်ကိုတော်အောင် လုပ်ပါ။ မတော်ခဲ့ဘူးဆိုရင် အမြဲပြုံးနေပါ။ ရုပ်ကြောင့် လူကို မမုန်းနိုင်ပါဘူး။

(၁၂) စင်ပေါ်တက် သီချင်းဆိုသူတိုင်းကို လက်ခုပ်တီးပေးပါ။

(၁၃) အချို့ကိစ္စမှာ သိရက်နှင့် မေးသင့်သည်။ ဥပမာ.... လက်စွပ်လေးက သိပ်တန်ဖိုးရှိမှာပဲနော်။ အချို့ကိစ္စမှာ မေးချင်သော်လည်း မမေးသင့်ပေ။ ဥပမာ.. အသက်ဘယ်လောက်ရှိပြီလဲ။

(၁၄) စကားများတော့ အမှားများသည်။ လူများသောနေရာတွင် စကားကို နည်းနည်းပဲ ပြောပါ။

(၁၅) “မ”သိဘူး၊ “မ”လုပ်ဘူး၊ “မ”ရဘူး၊ “မ”တတ်ဘူး ဆိုတဲ့ “မ”နေရာမှာ “ကြိုးစားကြည့်မယ်” “သိပ်မသေချာဘူး” “အချိန်အနည်းငယ်ပေးပါ” “ဆုံးဖြတ်ပြီးမှ အကြောင်းပြန်လိုက်မယ်” လို့ ပြောင်းသုံးကြည့်ပါ။

ဟိုတစ ဒီတစ ကြိုက်နှစ်သက်သည်များကို ကောက်စု ဘာသာပြန် ခံစားသည်။
နိုင်းနိုင်းစနေ
မှ-www.99sanay.com

Saturday, 12 November 2011

ကျွန်မ ဖတ်ဖို့ (၁)

 

.
(၁၆) အရာရာကို အောင်နိုင်တယ်ဆိုတာ ကိုယ့်ကိုယ်ကို အောင်နိုင်တာနဲ့ နိုင်းရင် မဖြစ်စလောက်လေးပါ။

(၁၇) အရာရာကို ဆုံးရှုံးတယ်ဆိုတာ ကိုယ့်ကိုယ်ကို ဆုံးရှုံးတဲ့ အရှုံးနဲ့ နိုင်းရင် မဖြစ်စလောက်လေးပါ။

(၁၈) ဦးတည်ရာ မပျောက်ခဲ့ရင် ကိုယ့်ကိုယ်ကို မဆုံးရှုံးတော့ဘူး။

(၁၉) နေ့သစ်ကိုကြိုတဲ့ သီချင်းတွေ ဆိုခဲ့ဖူးရင် အမှောင်ကိုလဲ ပွေ့ဖက်ရဲရမယ်။

(၂၀) ပျံသန်းနိုင်တဲ့ အချိန်မှာ ပျံသန်းခြင်းကို လက်မလွှတ်ပါနဲ့။
အိပ်မက် မက်နိုင်တဲ့ အချိန်မှာ အိပ်မက်ကို လက်မလွှတ်ပါနဲ့။
အချစ်ကို ခံစားမိတဲ့ အချိန်မှာ အချစ်ကို လက်မလွှတ်ပါနဲ့။
ဘ၀ဆိုတာ တိုတောင်းလွန်းပါတယ်။ ဒီနေ့ လက်လွှတ်လိုက်ရင် မနက်ဖြန် ပြန်ရမယ်လို့ မပြောနိုင်ပါဘူး။

(၂၁) လောကမှာ အပင်ပန်းဆုံးအရာဟာ မရေမရာနဲ့ ဘ၀ကို ဖြတ်သန်းနေခြင်းပါပဲ။

(၂၂) လူ့ဘ၀ရဲ့ အကြီးမားဆုံး အမှားဟာ “အမှားကိုများ လုပ်လိုက်မိပြီလား” လို့ အမြဲ စိုးရိမ်ပူပန်နေတဲ့ စိတ်ပါပဲ။

(၂၃) လုပ်မယ်၊ မလုပ်ဘူးဆိုတဲ့ ရွေးခြယ်မှု နှစ်ခုမှာ မလုပ်ဘူးဆိုတာကို ရွေးချယ်လိုက်ရင် သင့်အတွက် အခွင့်အရေးဆိုတာ ဘယ်တော့မှ ရှိလာမှာ မဟုတ်ဘူး။

(၂၄) လုံးဝ ပြီးပြည့်စုံတဲ့ သူငယ်ချင်းမျိုးကို သင်လိုချင်ရင် ဒီတသက် သင် သူငယ်ချင်းရှိတော့မှာ မဟုတ်ဘူး။

(၂၅) အမုန်းနောင်တ နည်းနည်းနဲ့ အတိတ်ကို ထားခဲ့ပါ။
ဖြုန်းတီးမှု နည်းနည်းနဲ့ ပစ္စုပ္ပန်မှာ နေထိုင်ပါ။
အိပ်မက် များများနဲ့ အနာဂတ်ကို ကြိုဆိုပါ။

(၂၆) ကိုယ့်ကို လူတုံး၊ လူအလို့ သဘောထားပြီး မသိတာရှိရင် မေးပါ။ ဒါမှ သင်များများတတ်မယ်။ (ပညာရှာပမာ သူဖုန်းစား)

(၂၇) နေရောင်ရှိတဲ့ ဘက်ကိုပဲ မျက်နှာမှုရင် အရိပ်ဆိုတာ ရှိတော့မှာ မဟုတ်ဘူး။

(၂၈) အရှုံးနဲ့ ရင်ဆိုင်ရမှာကို ကြောက်ပြီး မလုပ်ခဲ့ရင် အောင်မြင်မှုဆိုတာ ဘယ်တော့မှ ရှိတော့မှာ မဟုတ်ဘူး။

(၂၉) သတ္တိရှိတယ်ဆိုတိုင်း ကြောက်ရွံ့ခြင်း မရှိတာ မဟုတ်ပါဘူး။ ကြောက်ရွံ့ခြင်းကို ရင်ဆိုင်ရဲမှ၊ ဖြေရှင်းရဲမှ သတ္တိရှိတာပါ။

(၃၀) လူတွေ မသိမိုက်မဲတာကို ဘုရားသခင်က ဘယ်တော့မှ အပြစ်မယူခဲ့ဘူး။လူတွေကသာ ဘုရားသခင်ကို မသင့်မြတ်ဘူးလို့ ပြောကြတာပါ။

(၃၁) အရာဝတ္ထု တခုတိုင်းကို ရှုထောင့်ပေါင်းစုံ ဘက်ပေါင်းစုံကနေ ခံစားပါ။

နိုင်းနိုင်းစနေ
မှ-www.99sanay.com

Friday, 11 November 2011

ကျွန်မ ဖတ်ဖို့

 

.
(၁) “ငါ မဆိုးဘူး” လို့ ကိုယ့်ကို တနေ့တခါ ပြောပေးပါ။

(၂) ဒေါသထွက်တယ် ဆိုတာ တခြားလူရဲ့ အမှားကို ယူပြီး ကိုယ့်ကို အပြစ်ပေးနေတာပဲ။

(၃) ဘ၀မှာ သူငယ်ချင်းဆိုတာ မရှိရင် ဘ၀မှာ နေရောင်ခြည်ဆိုတာ မရှိဘူး။

(၄) မနက်ဖြန်အတွက် မျှော်လင့်ချက်ဟာ ဒီနေ့ရဲ့ နာကျင် ၀မ်းနည်းမှုကို မေ့စေတယ်။

(၅) အိပ်မက်၊ စိတ်ကူးနဲ့ အတွေးတွေ မရှိတဲ့ ဘ၀ဟာ အကိုင်း၊ အခက်၊ အရွက်မရှိတဲ့ သစ်ခြောက်ပင်နဲ့ တူတယ်။

(၆) နေကပဲ အလင်းဖြာနိုင်တာ မဟုတ်ပါဘူး။ ငါတို့လဲ အလင်း ဖြာနိုင်ပါတယ်။

(၇) ချစ်ခြင်းမေတ္တာနဲ့ တကမ္ဘာလုံးကို ပိုင်ဆိုင် စေနိုင်သလို အမုန်းရန်ငြိုးနဲ့ တစ်ကမ္ဘာလုံးကို ဆုံးရှုံးစေနိုင်တယ်။

(၈) လူ့တန်ဖိုး ဆိုတာ ဖြားယောင်း မြူဆွယ်ခံရတဲ့ တခဏမှာ အဆုံးအဖြတ်ပေးလိမ့်မယ်။

(၉) ကြင်နာမှု မရှိတဲ့ စကားလုံးတိုင်းဟာ အရသာ ကင်းမဲ့လှတယ်။

(၁၀) တခါခါ အချစ်ရဲ့ အင်အားဟာ အရာရာကို မေ့စေနိုင်အောင် ကြီးမားတယ်။ တခါခါ မနာလို ၀န်တိုမှုဆိုတဲ့ သဲလေး တပွင့်တောင် ၀င်မဆန့်နိုင်အောင် သေးငယ်တယ်။

(၁၁) ဘယ်အချိန်မှာ စတင်ခဲ့တာပဲ ဖြစ်ဖြစ် အရေးကြီးတာက စတင်ပြီးနောက် မရပ်နားဖို့ပါပဲ။ ဘယ်အချိန်မှာ အဆုံးသတ်တာပဲဖြစ်ဖြစ် အရေးကြီးတာက အဆုံးသတ်ပြီးနောက် နောင်တ မရဖို့ပါပဲ။

(၁၂) ပျင်းရိခြင်းသည် လူရဲ့ အသိဥာဏ်ကို သံချေး တက်စေပါတယ်။

(၁၃) ပျော်ရွှင်ခြင်း ဆိုတာကို မျှဝေတတ်ရမယ်။ ဒါမှ ပျော်ရွှင်ခြင်းတွေ ဆင့်ပွားလိမ့်မယ်။

(၁၄) လိမ်လည်မှုတွေထဲမှာ ကိုယ့်ကိုယ်ကို လိမ်တာဟာ အဆိုးဆုံးပဲ။

(၁၅) လူတွေဟာ လက်ရှိပိုင်ဆိုင်တဲ့ အရာကို မေ့ပြီး မရသေးတဲ့ အရာကိုမှပိုတန်ဖိုး ထားတတ်တယ်။

ဦးနှောက် သံချေးမတက်အောင် ဟိုတစ ဒီတစ ဖတ်ဖူးတာတွေကို ဘာသာပြန် စုစည်းထားတာပါ။ ကျွန်မနဲ့ အတူ ဖတ်ချင်တယ်ဆိုရင် ထပ်တင်ပါ့မယ်။

နိုင်းနိုင်းစနေ

Wednesday, 2 November 2011

တော်လှန်ရေး စာဆိုကြီး













ဆင်းရဲတော့ ကရုဏာ
ချမ်းသာတော့ ပီတိ။
အဖိုးအို မသေသေးခင်က
ကိုယ့်သွေးတွေ ကောင်းစေသောဟု
ဟောခဲ့ပေ၏။

ညီညွတ်တော့ စိတ်ကြည်
မညီတော့ စိတ်မော။
အဖိုးအို မသေသေးခင်က
တောင်ဝှေးကို အဖော်ပြုပါလို့
သွေးစည်းမှုဟော။


လိမ်မာတော့ အားမာန်
မိုက်ပြန်တော့ သနား။
အဖိုးအို မသေသေးခင်က

Saturday, 29 October 2011

ဖမ်းဆုပ်မရတော့တဲ့ အတ္တများရဲ့ ရာဇ၀င်


ပေးဆပ်မှုတွေနဲ့သာ

... ရှင်သန်လာရတဲ့ ငါ့ရဲ့ဘ၀မှာ

အတ္တဆိုတာ….

ချိုသလား ခါးသလား

ဝိုးတစ်ဝါးပါပဲလေ ။

ဘ၀ကပေးအပ်ထားတဲ့ အသိတရားနဲ့

အားလုံးအတွက်ပေးဆပ်ထားတဲ့

ငါ့နှလုံးသားက

ဆန္ဒနဲ့ အတ္တတွေကို

ဖိနှိပ်မြိုသိပ်ထားခဲ့တာ

ဆယ်စုနှစ်သုံးလီ ဖြတ်ကျော်လာခဲ့ပါပြီ ။

ရှေ့ဆက်ရမယ့် အနာဂါတ်မှာ

Friday, 28 October 2011

မပြောင်းလဲမယ့် အမှန်တရား

ချစ်သူ
အမှတ်တရဆိုတဲ့
အရာတွေကိုမြင်မှ
သတိရတာမဟုတ်ပါဘူး
အချိန်တိုင်းမှာနင်က
စိုးမိုးထားတာပါ……
အရင်က179မိုင်အဝေး
လွမ်းလို့ပြေးတွေလို့ရတယ်
ခုတော့မိုင်များစွာဝေး
ငါဘယ်လိုလာတွေ့မလဲချစ်သူ…
သတိရခြင်းနေ့ရက်တွေကို
ဘာတွေနဲ့အစားထိုးရမှာလဲ
ခုတော့လွမ်းဆွေးခြင်းအဖြစ်ပြောင်းလဲ
နာကြင်ကြေကွဲနေရပြီ…
မပြောင်းမလဲတည်ရှိနေမယ်ထင်တဲ့
အရာတွေတောင်
ပြောင်းလဲကုန်ပြီ..
နင့်ရဲချစ်ခြင်းတွေကိုတော့
ကျေးဇူးပြုပြီး
မပြောင်းလဲလိုက်ပါနဲ့နော်
ခဏတာအတွက်ပဲဆိုဆို
တဘ၀စာအတွက်ပဲဆိုဆို
ထာဝရတော့ချစ်နေခွင့်ပေးပါ..!!!!

(အဝေးရောက်ညီမလေးအတွက်)


* တစ်ချိန်တုန်းက ကိုယ့်ရဲ့ခံစားချက်လေးကို အစ်မတစ်ယောက်က အဲလိုရေးပေးခဲ့တယ်

အိပ်မက်ဝိုင်



မြူမှုန်ဝေသီ
ရီဝေလွင့်မျော
ဟိုး . . . အဝေး နှင်းတောထဲမှာ
တစ်ခြမ်းပဲ့ လမင်းလေး စီးမျောလို့ .

အလွမ်းတကျိုက်လောက်
ရှိုက်လိုက်မိပြီဆိုမှဖြင့်
ဝမ်းနည်းမှု သိုးရေကိုခြုံ
ကြေကွဲခြင်းလောင်စာတွေ စုပုံရှို့ ပြီး
ရင်နွမ်းပြေ လှုံနေမိမြဲ .

သူငယ်ချင်းရေ . . .
ငါကိုယ်တိုင်က
အမှတ်တရ မီးအိမ်ကို ရိုက်ချိုးပြီး
ကိုယ့်ကိုကိုယ်
ထိုးကျွေးလောင်ကျွမ်းပစ်နေခဲ့တဲ့
ခပ်ဆန်းဆန်း သတ္တ၀ါ .

ငါ လူဆိုးပါ - ချစ်သူရာ .
ခုတော့ . . .

မေတ္တာသားကောင်



ကောင်မလေးရေ...
ညကငါအိပ်မက်မက်တယ်
တစုံတယောက်ကို ပစ်ပေးပါတဲ့.
သေနတ်တလက် နင်ပေးပြီး
ညှို့ချက်ပြင်းပြင်းနဲ့ ငါ့ကိုခိုင်းခဲ့တယ်
မလွန်ဆန်နိုင်ခဲ့ပါဘူး
သေနတ်ခလုတ်ကို ငါဆွဲလိုက်တယ်
ဒိုင်းကနဲ အသံနဲ့အတူ
ရင်ဘက်တခြမ်း ပွင့်သွားတယ်
အဲဒါ ငါ့ရင်ဘက်ဖြစ်နေတယ်
နင်ငါ့ကိုပေးတုန်းက
သေနတ်ပြောင်းက ငါရင်ကိုချိန်ထားတယ်လေ

Thursday, 27 October 2011

“မီးပျက်နေပါသည်”



ဘ၀ကခါးတော့
ရသတွေကရှား
ကာရန်တွေပါးတယ်။

စိတ်အလိုလိုက်မိချိန်
လောကကိုအရွဲ့တိုက်
ခပ်မိုက်မိုက်နေလိုက်တယ်။

ခံစားချက်တွေတိမ်ဖုံး
သံယောဇဉ်တွေသုဉ်းနေတော့
အပြုံးတွေနတ္ထိ
အရက်နဲ့ကာရန်ညှိဖြစ်တယ်။

အဲဒီအချိန်.......
ရင်ထဲမှာဗလာ
အတွေးတွေချာနေတာမို့
ကျနော့်ဘလော့ခ်လေး မီးမလာပါခင်ဗျာ။

မောင်ပါလ

Monday, 24 October 2011

အို လွမ်းသူရယ်

အို လွမ်းသူရယ်
ပြုံးမူပျက်၍ ၊ မျက်ရည်ဝေ့နှင့်
မေ့လျော့သနှင့် ၊ စိတ်လုံးလွင့်သည်
ကြွေရင့်မည်နှယ် ၊ တအားငယ်သည်
ဘယ်သခင့်တွက် ဖြစ်သနည်း ။

ပြတင်းဝဝယ်
ငြိမ်လှလွန်းသည် ၊ ကျောက်ရုပ်တည်သို့
မှုန်ရည်နွမ်းအောင် ၊ စိတ်ယမ်းယောင်နှင့်
ကြောင်၍ရပ်နေပါတကား ။

ရင်မှပွင့်သည်
ကြောက်ချင့်စဖွယ် သက်ပြင်းများ ။

လေဝယ်လွင့်သည်
ညိုရင့်ဆံပင် ရွှေမြှင်လှိုင်း ။

သည်နှစ်ခုသာ
လွမ်းသူ့ပတ်လည် ၊ လှုပ်ရှားသည်တည့် ။

ရာဇ၀င်ထဲမှာ မောင့်ကို ထားရစ်ခဲ့



နင့်အပြုံးကြောင့် ငါ့ကိုယ်ငါ ရှက်သွားတယ်ဆိုရင် နင်အံ့သြမိမလားမသိဘူး။ တကယ်ကို ငါရှက်သွားတယ်။ အမှန်က နှစ်နှစ်တောင် ကြာခဲ့ပြီပဲ။ ဒီလောက်ကြာမှတော့ တစ်ဖက်က ပြောင်းလဲတဲ့ အခြေအနေကို လိုက်ပြီး ငါ့ဘက်ကလဲ ပြောင်းလဲသင့်တာပေါ့။ အနည်းဆုံးဟာ.. နင်ပြုံးပြလိုက်တဲ့ အပြုံးမျိုးလေးကိုတော့ ငါတုံ့ပြန်နိုင်ဖို့ သင့်တာပဲ။ ဒါပေမယ့် နင်ပြုံးသလို ငါမပြုံးတတ်ဘူး။ ဒီအတွက် ငါ့ကိုယ်ငါ ရှက်တယ်။

  နင့်အပြုံးမှာ ငါ.. ဘာအရိပ်အယောင်ကိုမှ မတွေ့လိုက်ဘူး။

သံယောဇဉ် အရိပ်အယောင်ကိုလည်း မမြင်၊ ကြင်နာရိပ်ဆိုတာလည်း မတွေ့၊ တမ်းတတဲ့ အနေအထားမျိုးလည်း မရှိ၊ လွမ်းရိပ်ဆိုတော့ ဝေးရော။

ငါ ချီးကျူးပါတယ်။ ဒါလောက်သန့်စင်တဲ့ အပြုံးမျိုးကို ပြုံးနိုင်လို့ နင့်ကို ငါချီးကျူးပါတယ်။

ငါ နင့်ကို တွေတွေဝေေ၀ ကြည့်ရင်းက ပြန်ပြုံးပြဖို့ ကြိုးစားလိုက်ပါသေးတယ်။ ပြုံးတော့ ပြုံးလိုက်တာပဲ။ ဒါပေမယ့် ငါသိလိုက်ပါတယ်။ ငါ့နှုတ်ခမ်းတွေ လှုပ်သွားကြပေမယ့် အပြုံးတစ်ခု ဖြစ်မသွားဘူးဆိုတာ။ အဲဒီလို သိလိုက်တဲ့ အချိန်မှာပဲ ၀မ်းနည်းမှုနဲ့အတူ ရှက်ကြောက်မှုကိုပါ ငါခံစားလိုက်ရတယ်။ ငါ့ရှေ့မှာ လာရပ်တဲ့ နင့်ကို မကြည့်ရဲသလို ဖြစ်နေတယ်..။

အမှန်ကတော့ နင့်ကို အဝေးကတည်းက မြင်ပြီးသားပါ။

ဟို.. အဝေးကတည်းက နင်မှန်းသိပြီးသားပါ။ ငါ ဘယ်လို မေ့နိုင်မှာလဲ။ ဒီလို လမ်းလျှောက်ဟန်၊ ဒီလိုပုံစံကို ငါ ဘယ်လိုလုပ်ပြီး မေ့နိုင်မှာလဲ။

နင်လမ်းလျှောက်တဲ့ပုံက တစ်မျိုး။ မျက်နှာကို ခပ်ပင့်ပင့် ကြော့ကြော့လေး လျှောက်တာမျိုးမှ မဟုတ်ဘဲ။ နင်က မျက်နှာကို အမြဲတမ်း ငဲ့ထားတာနော်။ ညာဘက်ကို ခေါင်းငဲ့ထားတော့ ဖြန့်ချထားတဲ့ ဆံပင်တွေက ညာဘက်မှာ ပိုရှည်နေသလို ထင်ရတယ်။ ထဘီကို ညာဘက်ခါးမှာ လာညှပ်ထားပြီး ညာလက်ကလည်း ထဘီဘေးအနားကို ခပ်လျော့လျော့ ဖိထားတတ်တယ် မဟုတ်လား။ နင့်ထဘီက အရမ်းရှည်တာပဲ။ ခြေမျက်စိဖုံးတာထက်တောင် ကျော်ချင်သေးတယ်။

ကိုယ်ကို နွဲ့တာလည်း မဟုတ်ဘဲနဲ့ ယိုင်ယိုင်လေး လျှောက်တတ်တဲ့ နင့်ဟန်ကိုလေ.. ငါဘယ်တော့မှ မေ့မှာ မဟုတ်တော့ပါဘူး။

ဒီတော့လဲ.. ဟို.. အဝေးမှာကတည်းက နင်မှန်းသိလိုက်တယ်။ နှစ်နှစ်လောက် မမြင်ရတဲ့ နင့်သဏ္ဍာန်ကို မြင်လိုက်ရတော့ ငါ့ရင်ထဲမှာ ဘယ်လို ဖြစ်သွားမှန်းမသိဘူး။ အမှန်အတိုင်းဆိုရင် နင့်ကို ငါမတွေ့ချင်ဘူး။ မတွေ့ချင်ဘူးဆိုတာမှာလဲ နင့်ကိုတွေ့ရင် ခံစားလိုက်ရမယ့် ဝေဒနာကို ငါကြောက်လို့ပါပဲ။

ဒါပေမယ့် ဘယ့်နှယ်လုပ်မလဲ..။

ငါ ရပ်နေရာကနေ့ ရှေ့ဆက်လျှောက်ရင် နင်နဲ့ပိုနီးမယ်။ နောက်ကိုလည်း လှည့်သွားလို့ မဖြစ်ဘူး။ ဖူးစာကုန်းဆိုတာက လာလမ်း အပြန်လမ်း ဒီတစ်လမ်းပဲရှိတဲ့ မြစ်ကမ်းပါးကြီး မဟုတ်လား။ ငါ နောက်ဆုတ်သွားလို့မှ မဖြစ်ဘဲ။ အပြန်လမ်းကို ဆက်လျှောက်ဖို့ကျတော့ နင်က လျှောက်လာနေပြီ။

ဘာလုပ်ရမှန်း မသိတဲ့အတူတူတော့ ရပ်နေလိုက်တာဟာ အကောင်းဆုံးပဲလေ။

Thursday, 20 October 2011

နားလည်ခြင်း/နားမလည်ခြင်းများကို... ငါ နားမလည်တော့ဘူး.. အင်ဒရီယာ... ငါ့ကို နားလည်ပါ..



ငါ့ကို... နင် နားမလည်နိုင်ဘူးလား... အင်ဒရီယာ...
နင့်ကိုလည်း ငါ နားမလည်နိုင်ဘူး...

သို့သော်လည်း...
ငါတို့ဟာ ...
တယောက်ကို တယောက် နားလည်နေကြပါတယ်... အင်ဒရီယာ...

တကယ်တော့... နားလည်မှု-ဆိုတဲ့ စကားလုံးကိုက နားလည်ဖို့ ခက်ခဲနေတဲ့အရာ... ဖြစ်တယ်... အင်ဒရီယာ...

ငါက နင့်ကို ချစ်တယ်...
နင်က ငါ့ကိုချစ်တယ်..
အဲသည့် ချစ်ခြင်းမေတ္တာတရားနောက်မှာ...
နားလည်မှုဆိုတာ ကပ်ပါလာတော့တာပါပဲ...
အလွမ်းလိုပေါ့... အင်ဒရီယာ...

ချစ်သောဧရာဝတီ (အပိုင်း-၃)

 ဧရာဝတီဟာ
မိုင်ထောင်ချီ ခြေလှမ်းတွေနဲ့
အပြေးအလွှား မမောမပန်း
သမိုင်းအဆက်ဆက် ဖြတ်သန်း
ခေတ်အဆက်ဆက်ရဲ့ မှတ်တမ်း
အဆုံးမရှိတဲ့ ဇာတ်လမ်းတစ်လျှောက်
ပြည်သူတွေရဲ့ ဒုက္ခ
နာကျင်ကြေကွဲမှု မှန်သမျှ
တယုတယ သယ်ဆောင်
သစ္စာတဘောင် သောင်မထွန်းခဲ့တဲ့မြစ်။


သည်တောနဲ့သည်တောင်
လျှိုမြောင်နဲ့လွင်ပြင်
ကြည်လင်တဲ့ မြစ်
အဲ့ဒီ သြကာသ စစ်စစ်ဟာ
သဘာဝကိုမချစ်တဲ့ လူတွေရဲ့
(အမျိုးသား အမွေအနှစ်)
တန်ဖိုးမဲ့ လုပ်ရပ်ကြောင့်
အို့ ကြည့်စမ်းပ
ဧရာဝတီရဲ့ ရုပ်ကလာပ်
တဖြည်းဖြည်း စုတ်ပြတ်လို့ လာခဲ့ပါပကော။

ဟိတ်! ! !
ဘယ်မင်း တက်တက်
ဘယ် အက်ဥပဒေ
ဘယ်သဝေ ထိုးထိုး
ဘယ်အမျိုး ငတ်ငတ်
ဘယ်တပ် ရှိရှိ
ဧရာဝတီကို လာမထိနဲ့။

တန်ဖိုးထားမြတ်နိုးပါ....

လမ်းတစ်နေရာမှာဆုံကြတဲ့ ပုရွက်ဆိတ်လေး နှစ်ကောင်ဟာ ကိုယ့်ခေါင်းပေါ်က အမွေးနဲ့ အချင်းချင်းထိတွေ့ နှုတ်ဆက်ကြပြီး ဆန်ကျင့်ဖက်ကို လမ်းခွဲလျှောက်ခဲ့ကြတယ်။ ဦးတည်ရာဖက်ကို တရွေ့ရွေ့တွားသွားရင်း ကျယ်ပြန့်တဲ့ဟင်းလင်းပြင်ကြီးမှ
ာ ခန္ဓာကိုယ်သေးငယ်တဲ့ ပုရွက်ဆိတ်နှစ်ကောင်ဟာ ဘယ်နေရာမှာ ထပ်ပြန်ဆုံခွင့်ရကြမလဲ? စကြာဝဠာနဲ့ နှိုင်းယဉ်ကြည့်ရင် ကျွန်မတို့လူဆိုတာ မျက်စိနဲ့တောင်မမြင်နိုင်တဲ့ အမှုန်လေးပါ။ ဘယ်နေရာ ဘယ်အချိန်မှာ ပုရွက်ဆိတ်လေးနှစ်ကောင်လို အချင်းချင်း ထိတွေ့ခွင့်ရနိုင်မလဲ..? နှုတ်ဆက်ခွင့်ရနိုင်မလဲ? လူ့ဘဝထဲ တစ်ခါရောက်လာဖို့ လွယ်ကူပါသလား? လူချင်းတစ်ခါလောက် ရင်းရင်းနှီးနှီးနှုတ်ဆက်ဖို့ လွယ်ကူပါသလား? "သူငယ်ချင်း"လို့ အမည်တပ်ဖို့ လွယ်ကူပါသလား? စကားလေး တစ်ခွန်းပါပဲ .... “တန်ဖိုးထား မြတ်နိုးပါ” တဲ့... 
နိုင်းနိုင်းစနေ@facebook မှကူးယူပါသည်။ ။

သို့......... ချစ်သောဧရာဝတီ ( အပိုင်း-၂ )

ရင်ဘတ်ထဲက ကဗျာတွေ
စာရွက်ပေါ်ကို ခုန်ချ
မျက်ဝန်းတွေ ရေကြီးတဲ့ ညမှာ
ငါ...
ဝေဒနာပလီတဲ့ အလွမ်း ဆူးတွေနဲ့
ဧရာဝတီရဲ့ ကမ်းနဖူးကို လွမ်းမိတယ်။

အဲဒီ ဧရာကမ်း နဖူးမှာ
တုတ်ခွန်သွင်း အ၀တည်တဲ့
ဒုတိယမင်းခေါင်ရဲ့
မှော်ယွန်းကြိုး မြို့ရိုး ရှိတယ်။

အဲဒီ ဧရာကမ်း နဖူးမှာပဲ
သပြေတန်း၊ အစေခံ ဆင်ကျူံးဆိုပြီး
မြစ်ကြောင်းအတိုင်း တက်လာမယ့် နယ်ချဲ့ကို
တစ်ကယ် မဖဲ့လိုက်ရတဲ့
ကနောင်လက်နက်တိုက်နဲ့ ခံတပ်တွေရှိတယ်။

ဒဏ်ရာမပေါ်တဲ့ အခါ နာကျင်မှုက ပိုနက်ရှိုင်းတယ်

ထူးခြားဆန်းကျယ်တယ် မဟုတ်သလို ဖြစ်ရိုးဖြစ်စဉ်လည်းမဟုတ်ဘူး
အာရုံထွေပြားမှု တစ်စိတ်တစ်ပိုင်းကိုတော့ ပွင့် လင်းစွာဝန်ခံရမှာပဲ
မရေမရာ အမှတ်မထင်ဆုံစည်းမှုလား
ဆက်စပ်ပတ်သက်လာမဲ့  အရိပ်ပြနွယ်မျှင် လွန့် လူးခြင်းလား
နှလုံးသားကို ဝေ့ ခနဲ သန်းသွားတဲ့  ဆံချည်တစ်မျှင်
လိုရာဆွဲပြီး ဓမ္မစကားငှားရမ်းကြစတမ်းဆိုရင်
" ရေစက် "  တို့  " ပဌန်းဆက် " တို့  ဆိုတာမျိုးလား
ငြိတွယ်နှောင်ငင်တော့  သောကရင်ငွေ့ ဖွဲ့ ပေါ့ 
လက်ဖ၀ါးပေါ်က ဖွဲမီးတစ်ပုံ ဦးနှောက်ကိုပါ အုံခဲစေတယ်
တကယ်တော့ လည်း -ရူးသွပ်ခြင်းသက်သက်ပါ
လေနဲ့ အမျှားခံရတဲ့  ငါးတစ်ကောင် အာခေါင်ပဲ့ တဲ့ ကိန်းပါ
တစ်ဖက်ထဲ ရိုက်ခတ်မိတဲ့ လက်ခုပ်ရဲ့
ရှက်ဖွယ်လိလိ အသံမဲ့ လှုပ်ရမ်းမှုပါ

Monday, 17 October 2011

နောက်ကျခြင်း

ပွင့်မှတော့လည်းသူ့မြကေရှင်း ကေသာရင်းတွင်အဦးပန်ခွင့် အကောင်းသား။

သို့တည်းမဟုတ်နောက်ဆုတ်အတွေးခွင့်မပေးလို့မြုံယောင်နေခဲ့ အကောင်းသား။

အခုတော့လည်းပန်းပွင့်ပြီးမှ တွေ့ရဦးဖျားပန်ပြီးသားမို့ပွင့်ကျိုးမနပ် နိုင်တော့တယ်။

နွမ်ဂျာသိုင်း (၁၉၈၅)



( Monday, October 11, 2010 )

Sunday, 16 October 2011

ဘယ်အငြိုးနဲ့သည်းတာလဲ

လမိုက်ညတစ်ည
လမင်းအလင်းရောင်မပြောနဲ့
ကြယ်တစ်ပြောင်တောင် မတွေ့ရတဲ့ည
မိုးတိမ်တွေကမည်းလို့မှောင်တယ်....
.............................................
....................
ရှားပါးလှတဲ့အချိန်နာရီတွေထဲ
ချစ်ရတဲ့သူနဲ့ဆုံတွေ့ခွင့်ရတဲ့ခဏ
မိုးကသည်းလို့ရွာတယ်....
.......................................
......................

Saturday, 15 October 2011

စနေမှာရွာတဲ့မိုး


တချိန်ကတော့ အဲဒီသီချင်းလေးထဲကလိုပဲ..တကယ်ပဲ ပျော်ခဲ့ကြ..ချစ်ခဲ့ကြတယ်... ခုချိန်ကျတော့...............

" မတိတ်မဲ့မိုး "
အလွမ်းတွေက ဇူလိုင်မိုးလို
တဖွဲဖွဲရွာတယ်..
စနေမှာရွာတဲ့မိုးက
တစ်ပတ်လုံးရွာပြီးမှ တိတ်တယ်တဲ့....
ငါ့ရင်မှာရွာတဲ့မိုးက
မင်းထားခဲ့တဲ့ နေ့တည်းကရွာနေတဲ့
အလွမ်းတွေ...
ဘယ်လိုဂါထာ မန္တန်နဲ့
ရွတ်ဖတ်ပြီးတားတား
မတိတ်မယ့်မိုးတွေ.......
...........
.........
........

ဟိုးတစ်ချိန်တုန်းက ( Saturday , August 22, 2009 )

Friday, 14 October 2011

Hello

Hello!.......ကျေးဇူးပြုပြီး ( ... ) ခန်းကိုဖုန်းလွှဲပေးပါလားရှင်..
သူ့ကိုသူမ သတိရလာသဖြင့် သူနှင့်စကားပြောရန် တဖက် receptionမှအမျိုးသမီးအား ပြောနေခြင်းသာဖြစ်ပါသည်။ ခေါ်ပေးချင်စိတ်ရှိအောင်လည်း ပြောရသေးသည်။ မတော်လို့များ ဖုန်းမအားသေးဘူး ဆိုပြီးမခေါ်ပေးလျှင် မခက်ပေဘူးလား..ပြောလို့သာပြောရတာပါ..သူတို့ဆီက reception မှမမများသည် သဘော ကောင်းကြပါသည်..(နောက်မခေါ်ပေးမှာဆိုးလို့..) ..ခနေ သူတို့ဌာနဘက် ဖုန်းဝင်သွားပြန်တော့ ဖုန်းလာကိုင်သူု မှာ သူမဟုတ်ခဲ့လျှင် သူနှင့်ပြောချင်ကြောင်း ထပ်ပြောရပြန်တယ်...
ဖုန်းလေးတစ်ခါပြောဖို့ အတွက်ကိုတောင် ဒီလောက်ခေါ်ယူရတာကိုပင် သူကတော့ အလကားနေအားနေလို့ ဖုန်းခေါ်ရတာလွယ်နေလို့ သူ့ဆီလှမ်းစကားပြောတယ် များထင်သလားမသိ...
တခါတလေဆို ဘာမပြောညာမပြောနှင့်ဖုန်းတောင် ချသွားတတ်ပါရဲ့..သူမမှာတော့ ဖုန်းခွက်ကိုကိုင်လျက်သားနဲ့ စိတ်တိုဒေါသထွက်ပြီး လျှာရှည်ပြီးဖုန်းခေါ်မိတဲ့ ကိုယ့်ကိုယ်ကိုသာ ကျိန်ဆဲရင်း နောက်ဘယ်တော့မှ သူဆီဖုန်းမခေါ်ဘူးလို့ကြုံးဝါးရင်း...

ဧရာဝတီပုံပြင်

Among the many rivers of Myanmar, the Ayeyarwaddy River (formerly known as Irrawaddy River) is the most important and by far the largest. An about 1,550 km (960 miles) long, with a total drainage area of about 158,700 square miles (411,000 square km), the river also serves as a commercial waterway to the whole nation stretching from the north to the south before meeting the Andaman Sea. People believed that the name "Ayeyarwaddy" meaning "elephant river" came from a Sanskrit word airavati".
               ကလေးများသည် လူကြီးများထက်ပို၍ စိတ်ကူးယဉ် တတ်ကြသည်။ တစ်နည်းအားဖြင့် လူကြီးများထက်ပို၍ စိတ်ကူးဥာဏ်ကွန့်မြူးတတ်ကြသည်ဟု ဆိုရပါလိမ့်မည်။ ထို့ကြောင့်လည်း ကလေးတို့၏ အိပ်မက်သည် လူကြီးတို့၏ အိပ်မက်ထက်ပို၍ လှပဆန်းကြယ်လေ့ရှိသည်။ ထို့ကြောင့်လည်း ကလေးတို့၏ အိပ်မက်ကို လက်မခံနိုင်သော လူကြီးများက ရယ်မောကာ မေ့ပျောက်ပစ်လိုက်ကြခြင်းဖြစ်သည်။ သို့သော် အဖေကတော့ အခြားလူကြီးများလို သား၏ အိပ်မက်ကို မမေ့နိုင်ခဲ့ပေ။

*****
               သားသည် အိပ်မက်ထဲမှာ သူ့လက်နှစ်ဖက်မှာ အတောင်နှစ်ဖက်အဖြစ်ပြောင်းလဲသွား၏။ ထိုတောင်ပံများဖြင့် လေကိုခတ်ယူ၍ ကောင်းကင်သို့ တစ်ရှိန်ထိုး ပျံဝဲမြင့်တက်သွားပြီး တိမ်တွေ၏ အပေါ်မှာ ငှက်တစ်ကောင်လိုပင် တောင်ပံဖြန့်ဝဲရင်း လေဟုန်စီးလျက်ရှိသည်။ သား၏ အောက်ဘက်သို့ ငုံ့ကြည့်လိုက်သောအခါ ပါးလွှာနူးညံ့သော တိမ်ငွေ့တန်းများကို ထွင်းဖောက်ပြီး လှပသော မြစ်ကြီးတစ်စင်းသည် ရှည်လျားစွာ၊ ညင်သာစွာ စီးဆင်းလျက်ရှိသည်။ မြစ်ရေ၏ အရောင်သည် ခါတိုင်းလို ညိုညစ်ညစ်ရွှံ့ရောင်မဟုတ်။ တောင်တန်းတွေ၏ အရောင်လို၊ ကောင်းကင်၏ အရောင်လိုပြာလဲ့လျက်ရှိ၏။ သို့သော် ထိုမြစ်သည် ဧရာဝတီမြစ်ဖြစ်သည်။ နောက်ကျိသောအရောင်မဟုတ်ဘဲ ပြာလဲ့နေစေကာမူ ဒါဟာ ဧရာဝတီမြစ်ဟု သေချာသည်။

          ဖေဖေကပြုံးလျက် "သားက ဘယ်လိုလုပ်ပြီး ဧရာဝတီမှန်း သိသလဲ"ဟု မေး၏။ သားထံမှ အမျိုးမျိုးသော အဖြေတို့ထွက်လာနိုင်ကြောင်း အဖေမျှော်လင့်ထားပြီးဖြစ်သည်။
Image name: Sunrise over the Irrawaddy River. Photographer: Lana Law
          "သိတာပေါ့အဖေရဲ့၊ အောက်မှာ စစ်ကိုင်းတံတားကြီးကိုပါ မြင်ရတာကိုး။ တံတားကြီးက ကောင်းကင်ပေါ်က ကြည့်တော့ မှုန်မှုန်သေးသေးလေး အဖေရဲ့။ ဒါပေမဲ့ အဲဒါ စစ်ကိုင်းတံတားပဲ။ ဒီတော့ ဒါဧရာဝတီပေါ့" ဟူသော အဖြေမျိုး။
          သို့မဟုတ်…
          "ဒုဋ္ဌ၀တီမြစ်စီးဝင်တဲ့ နေရာလေးကို ကျနော် မှတ်မိနေတယ်လေ အဖေရဲ့။ အင်းဝကိုလည်း မြင်ရတယ်။ ဒီတော့ ဒါဧရာဝတီပေါ့" ဟူသော အဖြေမျိုး။
          သို့မဟုတ်…

Thursday, 13 October 2011

သို့......... ချစ်သောဧရာဝတီ (အပိုင်း-၁)

အလွမ်းတသက်တာအတွက်

ပန်းလက်နဲ့ ကဗျာ
ဝေဒနာလက်ဆောင်
ရင်နာအောင် ပေးခဲ့တော့မှာလားဧရာဝတီ။

ဟိုး........ရှေးအခါ
ဒို့များရဲ့ ရွှေမြန်မာမြစ်ဆုံမှာ
အချစ်ပုံပြင်လေးတပုဒ် ရှိခဲ့ဖူးသတဲ့။

အင်ခိုင်ဘွန်ရဲ့ တောင်ခြေရင်းမှာ
မေခနဲ့ မလိခ
ဝေမျှတဲ့ချစ်ခြင်း
ခြွေချတဲ့ မြစ်တစင်းအဖြစ်မွေးဖွား
မြန်မာပြည်ရဲ့ အသွေးအသား
ရာဇ၀င် တေးသွားများမှာ
အမုန်းတရားနဲ့စစ်ခင်း
နှလုံးသားရဲ့ ချစ်ခြင်းကိုသီဖွဲ့
ကြည်တလှဲ့ နောက်တခါ
ပြာတလှဲ့ မှုံတရီနဲ့
ယုံကြည်စွာစီးဆင်း
ဧရာဝတီဟာ နဒီပီသတဲ့မြစ်တစင်းပေါ့။

အထက်မြန်မာပြည်ရဲ့ ကင်းခြေများ
ကမ္ဘာကျော် အင်းဝတံတား
မဟားတယား ခွရပ်တော့
ခေါင်းကလေးငုံ့
ငြိမ့်ငြိမ့်ကလေးစီးဆင်း
ဒုဌ၀တီလက်ဆွဲပြီး
ရှက်ပြုံးလေး တလက်လက်နဲ့
ပင်လယ်ဘက် ခရီးထွက်သွားတဲ့ဧရာ။

ပု ပင်း အင်း တောင်
ညောင်ရမ်း ဘောင်
ဓားရောင် တဖွေးဖွေး..... တဲ့
အသားအရောင် တသွေးတမွေးနဲ့
ပြေးတဲ့အခါပြေး နှေးတဲ့အခါနှေး
ကွေးတဲ့အခါကွေး ဆန့်တဲ့အခါဆန့်
လန့်တဲ့အခါလန့် ငြိမ်တဲ့အခါငြိမ်
သူရဲကောင်းတို့ရဲ့ မဇ္ဖျိမဓားအိမ်
နယ်ချဲ့သွေးတွေ စေးကပ်လာတဲ့အခါ
ဧရာဝတီမှာ ဆေးကြော
သွေးညစ်တွေ စီးမျှောခဲ့ဖူးသတဲ့။

ဟဲ့ ဧရာ...........
ရှိသေးရဲ့လား နင့်ရေလွှာ
ငါ့ဖောင်တိန် မွဲပြာပြာအရောင်ပျက်လို့
ထောင်ထွက်တို့ ဝေဒနာချုပ်ငြိမ်း
စစ်အာဏာရုပ်သိမ်းတဲ့တနေ့
ရောက်တဲ့အရပ်က ဆက်ကနဲပြန်ကွေ့ခဲ့မယ်
ကျန်ခဲ့တဲ့ ကမ်းနဖူးလေးကို မှန်းဆ
ချန်ခဲ့တဲ့ သောင်ခုံလေးကို တမ်းတ
လွမ်းရတဲ့ မြစ်ပြင်လေးကို ငေးမော
ကျွမ်းရတဲ့ တမာပင်လေးကို
တွေးတောရင်း.........

Wednesday, 12 October 2011

Tuesday, 11 October 2011

ဓမ္မ ( ၁ )


ဆင်းရဲရာမှ အခြေအနေကောင်းလာလျှင်
ကုသိုလ်ရေးဘက်သို့ ဦးတည်လာသူဟူသမျှ
ဘယ်သူမဆို ၊ ဘာ...လူမျိုးမဆို
သူတော်ကောင်းစိတ်ဓာတ် ဘဝအဆက်ဆက်မှာ
အထုံပါခဲ့သူများ ဖြစ်ကြ၏ ။

(တောင်တန်းသာသနာပြုဆရာတော်ကြီး အရှင်ဦးဥတ္တမသာရ)





ကနေ့ လူတွေက နတ်နဲ့ စကားပြောတယ်ဆိုတာတော့
ကြားရင်လည်း သူတို့ ခံချင်မှာ မဟုတ်ဘူးနေ...ာ် ။
အလကား ဘာမှမဟုတ်ဘူးနော် ။
စိတ်ကူးနဲ့ ပြောနေတာ ။
မျက်နှာချင်းဆိုင်ပြီးတော့ ဘယ်သူမှ မပြောရဘူး ဟုတ်လား ။

(တိပိဋကဓရ မင်းကွန်းဆရာတော်ကြီး)



@facebook

Monday, 10 October 2011

Memo ( 1 )

ပျော်ရွှင်ခြင်းဆိုတာ ခံစားဖို့ဖြစ်တယ်။ နှိုင်းယှဉ်ဖို့ မဟုတ်ဘူး။
ဘဝဆိုတာ လှုပ်ရှားရုန်းကန်ဖို့ဖြစ်တယ်။ အမှတ်စတေးထားဖို့ မဟုတ်ဘူး။
ချစ်ခြင်းမေတ္တာဆိုတာ ပြုစုပျိုးထောင်ဖို့ဖြစ်တယ်။ စမ်းသပ်ဖို့ မဟုတ်ဘူး။
ချစ်သူဆိုတာ ချစ်ခင်ယုယဖို့ဖြစ်တယ်။ နာကျင်ထိခိုက်ဖို့ မဟုတ်ဘူး။
ငွေကြေးဆိုတာ ပေးကမ်းစွန့်ကျဲဖို့ဖြစ်တယ်။ တိုင်းတာဖို့ မဟုတ်ဘူး။
... အလိမ်အညာဆိုတာ ဖျက်ဆီးဖို့ဖြစ်တယ်။ တန်ဆာဆင်ဖို့ မဟုတ်ဘူး။
ယုံကြည်မှုဆိုတာ တည်ဆောက်ဖို့ဖြစ်တယ်။ စိန်ခေါ်ဖို့ မဟုတ်ဘူး။
***************
ကောင်းတာကို ကောင်းတာနဲ့တုန့်ပြန်တယ်။
မကောင်းတာကို မကောင်းတာနဲ့ တုန့်ပြန်တယ်လို့ ကြားဖူးထားတယ်။
ဒါပေမဲ့ အသိဉာဏ်ရှိသူတွေက ကောင်းတာနဲ့ မကောင်းတာကို ဖာထေးတယ်။
အသိဉာဏ်မဲ့သူတွေက မကောင်းတာနဲ့ ကောင်းတာကို ချေဖျက်တယ်။
***************
မကြာခဏမြင်တွေ့နေရတဲ့ မပျော်ရွှင်တဲ့ ချစ်သူရည်းစားတွေ၊ လမ်းခွဲပြတ်စဲသွားကြတဲ့ ချစ်သူရည်းစားတွေဟာ အချင်းချင်း မချစ်ကြလို့မဟုတ်ဘူး။ အချင်းချင်း နားလည်မှု မပေးနိုင်ကြလို့ဖြစ်တယ်။ လူ့လောကထဲမှာ အချင်းချင်းနာကျင်အောင် ညှင်းပန်းနှိပ်စက်နေကြတဲ့ ယောက်ျားမိန်းမ၊ ချစ်သူစုံတွဲတွေဟာ မချစ်ကြလို့မဟုတ်ဘူး။ နားလည်မှု မရှိကြလို့ဖြစ်တယ်။

သင့်ကို နားလည်မှုပေးနိုင်သူတစ်ယောက်က သင်လိုချင်တဲ့ပုံစံနဲ့ သင့်ကိုချစ်တယ်။
သင့်ကို နားလည်မှုမပေးနိုင်သူတစ်ယောက်က သူလိုချင်တဲ့ပုံစံနဲ့ သင့်ကိုချစ်တယ်။
**************
လောကကြီးတစ်ခုလုံးကို ကိုယ်ပိုင်ဆိုင်ထားတယ်ဆိုရင်တော
င် ကိုယ့်အတွက်က တစ်နေ့ထမင်းသုံးနပ်နဲ့ ညအိပ်ရင် ကုတင်တစ်လုံးပါပဲ။ ကုတင်အလုံးတစ်ရာ ပိုင်တယ်ဆိုရင်တောင် ညအိပ်ရင် ကုတင်တစ်လုံးပဲ သင်အိပ်နိုင်မယ်။ ဖိနပ်အရံတစ်ထောင် ပိုင်ထားတယ်ဆိုရင်တောင် တစ်ကြိမ်မှာ ဖိနပ်တစ်ရံပဲ သင်စီးလို့ရမယ်။ ဟင်းအပွဲရာကျော်ကို သင်မှာနိုင်တယ်ဆိုရင်တောင် သင်ဘယ်လောက်စားနိုင်မလဲ? အလွန်ဆုံး အစာအိမ်တစ်ခုပဲ သင်ထည့်နိုင်မှာ မဟုတ်လား? လူအချင်းချင်းကို တတ်နိုင်သလောက် ဖေးမပေးပါ.. မဖေးမနိုင်ရင်လည်း မနိမ်ချပါနဲ့။ ဘယ်လောက်ပဲ high class ပဲဖြစ်နေပါစေ.. လူမျိုးချင်းချင်းကို နိမ်ချတာလောက် စိတ်ဓာတ်အောက်တန်းကျတာမရှိဘူး.. လူမမြင်ရပေမယ့် စိတ်ဓာတ်ကိုတော့ မြင်နေရတယ်.. .
http://www.facebook.com/99sanay/posts/10150340426487358
နိုင်းနိုင်းစနေ@facebook မှကူးယူပါသည်။ ။

Sunday, 9 October 2011

ချစ်သူ့လက်ဆောင်



 Teddy bear က မနှစ်ကမွေးနေ့တုန်းက ကိုကိုပေးထားတဲ့လက်ဆောင်...
ယုန်လေးကတော့...ချစ်သူ့သက်တမ်းတစ်နှစ်ပြည့်အတွက် ၀ယ်ပေးတာ....

Template by:
Free Blog Templates